ယမန်နေ့ကထိုင်းနိုင်ငံမဲဆောက်ခရိုင်ဖက်ကို အလုပ်လုပ်ဖို့ အတွက် တရားမဝင် ဝင်ရောက်လာတဲ့ရခိုင်လူငယ်တဦးအပါအဝင်မြန်မာအမျိုးသား ၄ ဦးကိုထိုင်းစစ်တပ်ကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတဦးကပြောပါတယ်။
အဆိုပါဖမ်းဆီးခံရတဲ့မြန်မာလူမျိုး ၄ဦးကို
တရားမဝင်းနိုင်ငံဖြတ်ကျော်မှုနဲ့သာတရားစွဲမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများပြောကြားတယ်လို့အဆိုပါဖမ်းဆီးခံမြန်မာလူမျိုးများကိုသွားရောက်တွေ့ဆုံခဲ့တဲ့ထိုင်းရောက်မြန်မာလုပ်သားရေးကူညီဆောင်ရွက်ပေးနေတဲ့ကိုသားကြီး(ချင်းမိုင်)ကဆိုပါတယ်။
လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မြန်မာလူမျိုး ၄ ဦးမှာမင်းထက် (၁၉)နှစ်၊ ကျော်ဆန်းဝင်း (၂၁)နှစ်
မောင်ဇော်နိုင် (၃၀)နှစ်၊ နေအောင် (၁၈)နှစ်တို့ဖြစ်ပြီးတော့ ကယ်ရီပွဲစားခတယောက်ကိုဘတ်ငွေ၂၅၀၀၀ ပေးပြီးရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်းစစ်တပ်အာဏာသိမ်းပြီးနောက်အလုပ်အကိုင်ရှားပါးမှု့နဲ့စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှု့တွေကြောင့် ပြည်ပထွက်ခွာလိုတဲ့လူငယ်တွေဟာအိမ်နီးချင်းနိုင်ငံတွေကိုနည်းမျိုးစုံနဲ့ဝင်ရောက်ပြီးအလုပ်လုပ်ကိုင်ဖို့ကြိုးစားနေတာပါ။
Photo-KTG