NEWS

ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ

CoverLogo
160 Views
 
ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံ မှာ အလုပ် လုပ်ဖို့ အတွက် ထိုင်းနိုင်ငံ သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ လုပ်သား ၆၀ကျော် ကို မတ်လ၈ ရက်မှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ဆောင်ခလာခရိုင် ရတ်တဖူမ်မြို့နယ် မှာ မလေးရှား နိုင်ငံကို သွားရောက်ဖို့ ရည်ရွယ်ထားတဲ့ မြန်မာနိုင်ငံသား ၂၁ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ဦး တို့ကို အဖြူရောင် အလုံပိတ်ကုန်တင်ကား အတွင်း ထည့်သွင်း ခေါ်ဆောင်လာ တာ ကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
ထပ်မံပြီး မတ်လ၈ရက် ညပိုင်းမှာ တော့ ကန်ချနဘူရီ ခရိုင် စန်ခလပူရီမြို့နယ် နောင်လူးကျေးရွာ ရှိ တောအုပ် အတွင်း နေရာ နှစ်နေရာ ခွဲ ပြီး နေထိုင်နေကျတဲ့ မြန်မာနိုင်ငံသား ၄၂ဦး ကို စစ်ဆေးတွေ့ရှိခဲ့ တယ်လို့ သတင်းမှာ ဖေါ်ပြထားတယ်။
 
၎င်းတို့ဟာ ထိုင်းနိုင်ငံအတွင်း က ပြည်နယ်တစ်ခုခုမှာ အလုပ်လုပ်ကိုင်ဖို့ အတွက် နယ်စပ်ဖြတ်ကျော် လာကျတာ ဖြစ်ပြီး နေရာ အကွာဝေး အလိုက် ဘတ် ၁၅၀၀၀မှ ဘတ်၃၀၀၀၀ အထိ ပွဲစား ခ ပေးဆောင် ပြီး လာခဲ့ကျကြောင်းနဲ့ လာခေါ်မယ့် သူ့ကို တောအုပ်အတွင်း စောင့် ဆိုင်းစဉ်မှာ အခုလို အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဖမ်းခံရသူတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် မှု ဖြင့် အရေးယူရန် အတွက် သက်ဆိုင်ရာ မြို့နယ် ရဲစခန်း များသို့ လွှဲပို့ပေးခဲ့တယ်လို့ သိရပါတယ်။
 
Ref-CH7,Kanchanaburi News

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026