NEWS

ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်တဲ့ အေဂျင်စီ ၁၅၇ ခုထိရှိလာ

CoverLogo
1.4K Views

ပြည်တွင်းကနေ ထိုင်းနိုင်ငံကို လုပ်သား စေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီ ၁၅၇ ခုထိရှိလာ တယ်လို့ သိရပါတယ်။ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီတွေရဲ့ အမည်စာရင်းတွေကို safe migration page က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုထုတ်ပြန်ရာမှာတော့ အေဂျင်စီနာမည်တွေနဲ့ မန်နေဂျင်းဒါရိုက်တာရဲ့ အမည်တွေ၊ လိုင်စင်စတင်ထုတ်ပေးတဲ့နေ့နဲ့ ပိတ်သိမ်းမယ့်နေ့စွဲ၊ အေဂျင်စီရုံးတည်ရှိရာ လိပ်စာတွေကို ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ရ ထိုင်းနိုင်ငံကို  လုပ်သားစေလွှတ်ခွင့်ရထားတဲ့အေဂျင်စီ  (၁၅၇) ခု ရှိနေပြီး အေဂျင်စီ (၆)ခုကို တော့ ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

(၂၀၁၉)ခုနှစ်လောက်က ပြည်ပနိုင်ငံတွေကို လုပ်သားစေလွှတ်ခွင့်ရရှိထားတဲ့ အေဂျင်စီအရေအတွက်ဟာ (၂၀၀)ကျော်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အေဂျင်စီအရေအတွက်ဟာ (၄၃၅)ခုအထိ တိုးလာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းတာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်လိုသူတွေ များပြားနေပါတယ်။

ပြည်တွင်းကနေ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား အစရှိတဲ့နိုင်ငံတွေကို လုပ်သားစေလွှတ်ခွင့်ပြုထားပြီး နိုင်ငံအလိုက် ပေးဆောင်ရမယ့် ဝန်ဆောင်ခတွေကိုလည်း သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ပကိုသွားရောက်လိုသူ များပြားနေတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး လိုင်စင်ရအေဂျင်စီအမည်ခံကာ ပွဲစားတွေက ငွေကြေးလိမ်လည်တာတွေလည်း ရှိနေတယ်လို့ ပြည်ပ အေဂျင်စီ အသိုင်းအဝိုင်းက သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှား တွင် အော်ပရာစီ ဖမ်းဆီးမှု ပိုဆိုးလာသဖြင့် မြန်မာလုပ်သားများ အထူးဂရုစိုက်နေထိုင်ကျရန် လူမှုအဖွဲ့စည်း များသတိပေး
Jan 31, 2026
Cover
ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိလည်းကျောင်းတတ်ခွင့်ပေးမည်ဟုဆို
Jan 31, 2026
Cover
စက်ချို့ယွင်းမှုကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်ခြင်းမရှိသေးဟု တိုကျိုရှိ မြန်မာသံရုံး ကြေညာ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
ပွဲစားခ ဘတ် ၃သောင်း ခန့်ပေးပြီး နယ်စပ်ဖြတ်ကျော် လာရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ကျော် အဖမ်းခံရ
Jan 29, 2026
Cover
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများ ၁၄ရက်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် အနေထိုင်ဆင်ခြင်သည့် လှုပ်ရှားမှု ပြုလုပ်
Jan 28, 2026
Cover
ယခုလ အတွင်း ကမ္ဘောဒီးယား ကျားဖြန့် မှ မြန်မာနိုင်ငံသား ၅၆၀ ကျော် ပြန်ပို့
Jan 27, 2026
Cover
မလေးရှားမှ ပြစ်ဒဏ်ကျခံ ပြီးသည့် မြန်မာနိုင်ငံသား ၆၀ကျော် ပြန်ပို့ခံရ
Jan 27, 2026