NEWS

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာအလုပ်သမား ၁၆၉ ဦး ထပ်မံဖမ်းဆီးခံရ

CoverLogo
529 Views
 
ထိုင်းနိုင်ငံ အတွင်း သို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၆၉ ဦး ထပ်မံ အဖမ်းခံရတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
ဇန်နဝါရီ ၃၁ ရက် နံနက် ၆နာရီခန့်မှာ တရားမဝင်မြန်မာအလုပ်သမား ၁၆၉ ဦးတင်လာတဲ့ နောက်တွဲယာဉ်ပါ ကုန်တင်ကားကြီးတစ်စီး ကို ကန်ကျနဘူရီခရိုင် ဘောလွယ်မြို့နယ်ရှိ စစ်ဆေးဂိတ်ကို ဖြတ်မောင်းလာချိန်မှာ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။
ကုန်တင်ကားပေါ်မှ မြန်မာအလုပ်သမား အမျိုးသား၊အမျိုးသမီး ၁၆၉ဦး အပြင် ယာဉ်မောင်း ဖြစ်သူ ထိုင်းနိုင်ငံသား၂ဦးကိုပါ အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
""စစ်ဆေးရေးတွေ ဒီလောက် တင်းကြပ်နေတဲ့ အချိန် အောက်လမ်းကနေ မလာသင့်သေးဘူး အခုရက်ပိုင်း မြန်မာတွေ အတော်များများကို အဖမ်းခံနေရတာ ၊မြန်မာတွေပဲ ရွေးဖမ်းနေသလားတောင်ထင်ရတယ် ကိုယ့်နိုင်ငံ အတွင်းမှာလဲ စစ်မှုထမ်းကိစ္စတွေ မြေပြင် မအေးချမ်းတာတွေ နဲ့ နေမရ တာ သိပေမယ့် တရားမဝင် လာမယ်ဆိုလည်း သတင်းအချက်လက်တွေ သေချာ နားထောင်ပြီးမှ လာသင့်တယ် ပွဲစားတွေလည်း ကိုယ်ပိုက်ဆံရ ပြီးရောဆိုပြီး မပို့သင့်ဘူးခက်ခက်ခဲခဲ လာခဲ့ရပြီး ပိုက်ဆံလည်းကုန် လူလည်း အဖမ်းခံရ ရင် ဒုက္ခပေါ်ဒုက္ခ ဆင့်နေသလို ဖြစ်မှာ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် မှာလဲ ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာအလုပ်သမား ၂၀၀ နီးပါး ကို နေရာသုံးခုမှာ ဖမ်းဆီးခဲ့ပါသေးတယ်။
ဖမ်းဆီးခံရသူတွေကို ထိုင်းလဝကဥပဒေအရ အရေးယူဆောင်ရွက်ပြီးပါက နေရပ်ကို ပြန်ပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ် နှစ်စပိုင်းမှစပြီး ကျားဖြန်နှိမ်နှင်းရေး အတွက် ဆိုကာ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ထိုင်းနိုင်ငံဘက်မှ စစ်ဆေးမှု တွေ အထူးတင်းကြပ်လျက်ရှိ ပြီး စစ်ဆေးမှု ပြုလုပ်စဉ် အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား အဖမ်းခံရမှု ပိုများလာတယ်လို့ သိရပါတယ်။
ထိုင်းကို ဝင်ရောက်ရန်ကြိုးပမ်းတဲ့ မြန်မာတွေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်တရက်တည်းမှာတင်ဖမ်းဆီးခံရတဲ့ သူ ၁၆၀ ကျော်ရှိခဲ့ပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026