NEWS

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာလုပ်သား တရက်ထဲ တွင် ၂၀၀ နီးပါးအဖမ်းခံရ

CoverLogo
342 Views
 
ထိုင်း-မြန်မာ နယ်စပ် လမ်းကြောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံ အတွင်း ကို တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာအလုပ်သမားတွေဇန်နဝါရီ ၂၉ ရက် တစ်ရက်ထဲ မှာ တင် အယောက် ၁၆၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းနိုင်ငံရဲ့ သတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
ဇန်နဝါရီ ၂၉ရက် နံနက် ၁နာရီ ခန့်မှာ ထိုင်း-မြန်မာ နယ်စပ် တာ့ခရိုင် ဖုတ်ဖရမြို့နယ် တောလမ်းခရီး ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ အလုပ်သမား ၂၁ဦး ကို ထိုင်းအာဏာပိုင်များ လှည့်ကင်း ပတ်နေချိန် ဖမ်းဆီးခဲ့တာဖြစ်ကာ အမျိုးသား၁၅ဦးနဲ့ အမျိုးသမီး၆ဦး ပါဝင်သလို ဖမ်းဆီးခံရသူ တစ်ဦးထံ မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅ပြားကိုပါသိမ်းဆည်း ရမိတယ်လို့ ထိုင်းအခြေစိုက်သတင်း တွေ မှာ ဖေါ်ပြထားပါတယ်။
ဇန်နဝါရီ ၂၉ရက် မနက် ၅နာရီ ခွဲ ခန့်မှာ လည်း ကန်ကျနဘူရီခရိုင် ထောဖာဖူမြို့ ဟွေ့ခယိန်ကျေးရွာအုပ်စု နား ရေလှောင်ကန် အနီး မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ မြန်မာအလုပ်သမား ၁၁၈ ဦးတို့ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
၎င်း မြန်မာအလုပ်သမား ၁၁၈ဦးကရေလှောင်ကန် အနီး ကားစီးရန်စောင့်နေကြတာဖြစ်ပြီး လှေဆိပ်တွင်ကားသမားမရှိဘဲ အဆင်သင့်ပြင်ထား တဲ့ ကား ၅စီးကို ပါတွေ့ရှိခဲ့တယ်လို့ သတင်းတွေ မှာဖေါ်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမား တွေ မှာ အမျိုးသား ၇၃ ဦး ၊ အမျိုးသမီး ၄၀ ဦးနဲ့ ကလေးငယ်၅ ဦး ပါ ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၂၉ရက် ည ၁၀နာရီ ခန့် မှာလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်တောင်ကြား လမ်းရှိ စစ်ဆေးရေး ဂိတ်မှာ ကားပေါ်အိပ်ပြီး လိုက်လာတဲ့တရားမဝင် မြန်မာအလုပ်သမား ၂၆ဦး ထပ်ပြီး အဖမ်းခံရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရသိရပါတယ်။
ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် ယခု လပိုင်း ကစပြီး ကျားဖြန် နှိမ်နှင်း ရေး အတွက် ထိုင်းအာဏာပိုင်တွေ က စစ်ဆေးမှု တွေ တင်းကြပ်လျက်ရှိပြီး အထောက်အထားမဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကို ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံ ကို တရားမဝင် လာရောက် ဖို့စီစဉ်နေတဲ့ မြန်မာအလုပ်သမားတွေ ကို မလာသေးဖို့နဲ့ ထိုင်းနိုင်ငံ အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ သတိထားသွားလာဖို့ ထိုင်းရှိ မြန်မာအလုပ်သမားရေးကူညီပေးနေသူတွေက သတိပေးလျက်ရှိပါတယ်။
Photo-Kanchanaburi News

Related posts

Cover
ယခုလအတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၂၆၀ ဦး စေလွှတ်
Jan 20, 2026
Cover
မြန်မာ-ရုရှား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ဇန်နဝါရီ ၂၇ ရက် စတင်မည်
Jan 20, 2026
Cover
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦး အဆုံးစီရင်
Jan 19, 2026
Cover
ကားအတွင်း ပြည့်ကြပ်စွာတင်ဆောင်လာသည့် မြန်မာလုပ်သား ၄၈ဦး ကန်ချနဘူရီ တွင် အဖမ်းခံရ
Jan 19, 2026
Cover
မဲဆောက်သို့ တိမ်းရှောင်ရောက်နေသော မြန်မာလူငယ်များကို တောင်ကိုရီးယားတွင် အလုပ်အကိုင်ရရှိရေးဆွေးနွေး
Jan 17, 2026
Cover
အသက် ၃၅ နှစ်အောက် လူငယ်များအား နိုင်ငံကူးလက်မှတ် PJ မှ PV ပြောင်းလဲမှု ရပ်ဆိုင်းထားဟုဆို
Jan 17, 2026
Cover
မဲဆောက်တွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၄၂​ဦး နစ်နာကြေး ဘတ် ၃သန်းခန့်ရရှိ
Jan 16, 2026
Cover
PJ နှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လာသည့် လုပ်သားများ ဆိုက်ရောက် ကောင်တာ တွင်သတင်းပို့ခဲ့မှသာ ပြန်ထွက်ခွင့်ရမည်ဟုဆို
Jan 16, 2026