NEWS

ထိုင်းနိုင်ငံသို့ ဆောက်လုပ်ရေးလုပ်သားစေလွှတ်မယ့် အလုပ်ခေါ်စာတွေ ကို  ယာယီရပ်ဆိုင်း

CoverLogo
1.1K Views

ထိုင်းနိုင်ငံ ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေ မှာ  သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာ အလုပ်သမားတွေ အနေနဲ့  လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာပြဿနာတွေ ဖြစ်ပေါ်နေတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စေလွှတ်မယ့် အလုပ်ခေါ်စာ များ  ကို ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်ဆိုင်းထားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၅ရက် မှာ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကို အကြောင်းကြားစာပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ ဆောက်လုပ်ရေး  လုပ်ငန်းခွင် များ ကို အလုပ်သမားစေလွှတ်ရာမှာ အလုပ်ခေါ်စာတွင်ပါရှိတဲ့ လုပ်ငန်းခွင်နှင့်အလုပ်သမားများ အမှန်တကယ် လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင် မှန်ကန်မှု မရှိတာတွေ တွေ့ရတယ် လို့ အလုပ်သမားဝန်ကြီးဌာန ရဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေ လုပ်ငန်းခွင် ရောက်ရှိ ပြီး နောက် အလုပ်မပေးနိုင်ခြင်း နဲ့ အခြား အလုပ်သမားရေးရာ ပြဿနာ တွေ ဖြစ်ပေါ်လျက် ရှိတဲ့ အတွက် ထိုင်းနိုင်ငံ ကို စေလွှတ်နိုင်ရေး တင်ပြလာတဲ့ အလုပ်ခေါ်စာတွေ ကို ဇူလိုင် ၄ရက် ကစပြီး ယာယီရပ်ဆိုင်းထားမယ်လို့  ဆိုပါတယ်။

"ထိုင်း ကို ဆောက်လုပ်ရေး နဲ့ အလုပ်သမားခေါ်တဲ့ ခေါ်စာတွေ ကိုဝန်ကြီးဌာနက ယာယီ ရပ်ဆိုင်းလိုက်းတဲ့ သူတွေ  ယာယီရပ်ဆိုင်းတဲ့အထဲ ပါမပါတော့ မသိသေးပါဘူး""လို့ ပြည်ပလုပ်သားစေလွှတ်နေတဲ့အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို ယာယီ ရပ်ဆိုင်းထားတာနဲ့ ပင်သက်ပြီး ထိုင်းလိုင်စင်ရ အေဂျင်စီ တွေ သိရှိ လိုက်နာ ဆောင်ရွက်ဖို့ အတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက ကြီးကြပ်ဆောင်ရွက်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားပါတယ်။

ထိုင်း နိုင်ငံ ကို ဆောက်လုပ်ရေး လုပ်ငန်းခွင် မှာ ရောက်ရှိနေတဲ့MOU မြန်မာအလုပ်သမားတွေ အနေနဲ့ လုပ်ခလစာ အပြည့်အ​ဝမရရှိခြင်း၊ အလုပ်ပုံမှန် မလုပ်ရခြင်းနဲ့ စာချုပ်ပါအတိုင်း အလုပ်သမားအခွင့်ရေးတွေ မရရှိတာတွေ ကြောင့် အလုပ်ရှင်အလုပ်သမား ပြဿနာ တွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ထံ က သိရပါတယ်။

 


Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026