ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်များ အထောက်အထားမရှိလည်း ကျောင်းတတ်ခွင့် ပေးမယ်လို့ ထိုင်း နိုင်ငံ ပညာရေးဝန်ကြီးဌာန က ဇန်နဝါရီ ၃၀ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။
ထိုင်းအစိုးရရဲ့ Royal Gazette ကနေ ပညာရေးဥပဒေအသစ်တစ်ခုကို ဇန်နဝါရီ၃၀ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ရာ ၎င်းဥပဒေ တွင် ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေထိုင်နေတဲ့ ကလေးငယ်မှန်သမျှ အိမ်ထောင်စုစာရင်း အထောက်အထား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေသို့မဟုတ် ထိုင်းနိုင်ငံသား ဖြစ်ချင်း မဖြစ်ချင်း တို့ မပါဝင်ဘဲ မည်ကို သူမဆိုကျောင်းဝင်ခွင့်ပေးပြီး ပညာသင်ကြားခွင့် ရရှိမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
နိုင်ငံသားမှတ်ပုံတင်စာရွက်စာတမ်း မရှိသူတွေ ကျောင်းအပ်နှံရာမှာ ကျောင်းသား မှတ်ပုံတင် ကုဒ်သတ်မှတ်ခြင်းစနစ် (Gကုဒ်စနစ်)အက္ခရာ G ပါတဲ့ ဂဏန်း ၁၃ လုံးပါ ကိုယ်ပိုင်နံပါတ်တစ်ခုကို ထုတ်ပေးပြီး လက်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောင်းတွေအနေနဲ့ မိဘများနဲ့ ပူးပေါင်းပြီး ကလေးငယ် အတွက် တရားဝင်အထောက်အထားတွေ ရရှိလာအောင် သက်ဆိုင်ရာ မြို့နယ်ရုံးများနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးရမယ်လို့သိရပါတယ်။
ဥပဒေအရ တရားဝင် ၁၃ လုံးပါ နံပါတ် မကျသေးခင်မှာလည်း ကလေးငယ်ဟာ ကျောင်းကပေးထားတဲ့ G Code နဲ့ပဲ ကျောင်းပြီးဆုံးတဲ့အထိ ဆက်လက်ပညာသင်ကြားခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ယခု ဥပဒေကို လာမယ့် ပညာသင်နှစ်ကစပြီး ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျောင်းအားလုံးမှာ အကျိုးသက်ရောက်သွားမှာ ဖြစ်တယ်လို့ ထိုင်း သတင်းတွေအရ သိရပါတယ်။
Ref-Matichon News









