NEWS

ထိုင်းနိုင်ငံမှာ အိုမီခရွန်ကူးစက်မှု့ဆက်လက်မြင့်တက်နေတာကြောင့်မြန်မာ MOU လုပ်သားများခေါ်ယူနိုင်ဖွယ်မရှိသေး

CoverLogo
1K Views

ကိုဗစ်ရောဂါမျိုးကွဲတခုဖြစ်တဲ့ အိုမီခရွန်ကူးစက်မြန်ရောဂါဖြစ်ပွားမှု့များပြားလာတာကြောင့်ထိုင်းနိုင်ငံမှနယ်စပ်ဂိတ်များကိုဆက်လက်ပိတ်ထားပြီးနိုင်ငံတွင်းပြည်ပလုပ်သားနဲ့ဧည့်သည်ဝင်ရောက်မှု့ဆက်လက်ပိတ်ပင်ထားတာကြောင့်မြန်မာ MOU လုပ်သားတွေအခက်ကြုံနေရတယ်လို့သိရပါတယ်။

ပထမဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၅ ရက်အတွင်းမြန်မာနယ်စပ်ဂိတ်တွေအပါအဝင်ကမ္ဘောဒီးယားနဲ့လာအိုနယ်စပ်ဂိတ်တွေပါပြန်ဖွင့်မယ်လို့ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုရဲ့အစိုးရအဖွဲ့ကတရားဝင်ပြောကြားခဲ့ပေမယ့်အခုချိန်အထိပြန်မဖွင့်သေးတာပါ။

"မြဝတီမှာတော့လုပ်သားတွေမရှိတော့ဘူး ကျောက်လုံးကြီးစခန်းကလဲပိတ်ထားတယ် ဒီဖက်ကလဲကျန်းမာရေးဝန်ကြီးဌာနကပထမတော့ထိုင်းဖက်ကအထောက်အထားရှိတဲ့သူတွေရောမရှိတဲ့သူတွေရောကာကွယ်ဆေးထိုးပေးပြီးပြင်ဆင်ထားတယ် ကျတော်သိရသလောက်တော့ဒီရောဂါကြောင့် တော်တော်နဲ့ပြန်ဖွင့်အုံးမှာမဟုတ်သေးဘူး"လို့ထိုင်းနိုင်ငံမဲဆောက်မြို့ခံတဦးက MLN ကိုပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းနေ့စဥ်ရက်ဆက်ဆိုသလိုအိုမီခရွန်ကူးစက်သူတွေ့ရှိနေတဲ့အတွက်မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့မြဝတီ-မဲဆောက်၊ တာချီလိတ်-မဲ့ဆိုင်၊ ကော့သောင်း-ကချနပူရီဂိတ်တွေယခုလဝက်အတွင်းပြန်ဖွင့်နိုင်ဖို့ခက်ခဲနေအုံးမယ်လို့ထိုင်းနိုင်ငံတွင်းမြန်မာလုပ်သားအရေးကျွမ်းကျင်သူတဦးကဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်းနိုဝင်ဘာလ၁ရက်နေ့မှယခုနှစ်ဇန်နဝါရီလ၄ရက်နေ့အထိခရိုင်ပေါင်း၅၅ခုတွင်အိုမီခရွန်ကူးစက်ခံရသူပေါင်း ၂၃၃၈ ဦးအထိရှိနေပြီလို့ထိုင်းသတင်းတွေရဲ့အဆိုအရသိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာလဲစစ်တပ် အာဏာသိမ်းပြီးနောက်အလုပ်အကိုင်ရှားပါးမှု့တွေ စစ်ရေးပဋိပက္ခတွေကြောင့်အိမ်နီးချင်းနိုင်ငံတွေဆီမှာအလုပ်လုပ်ကိုင်ဖို့စောင့်ဆိုင်းနေသူတွေရှိသလိုတရားမဝင်လမ်းကြောင်းကတဆင့်သွားရောက်ကြတဲ့အတွက်ထိုင်းနိုင်ငံတွင်းမှာဖမ်းဆီးခံရသူတွေသောင်းဂဏန်းနီးပါးရှိနေတယ်လို့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။


 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026