NEWS

ထိုင်းနိုင်ငံတွင်(၂)နှစ် ယာယီနေထိုင်ခွင့်အတွက်ငွေကြေးကောက်ခံရန်မရှိကြောင်း သံရုံးထုတ်ပြန်

CoverLogo
539 Views

ထိုင်းနိုင်ငံမှာ‌အလုပ်လုပ်ကိုင်‌‌ပြီးနိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ကိုင်‌ဆောင်ထားသူ(သို့မဟုတ်) CI(စာအုပ်အစိမ်း)ကိုင်ဆောင်ထားသူတွေအနေနဲ့(၂)နှစ်သက်တမ်းရှိတဲ့ ယာယီနေထိုင်ခွင့်ကိုလျှောက်ထားနိုင်မှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံဗန်ကောက်အခြေစိုက်မြန်မာသံရုံးကဒီဇင်ဘာလ(၆)ရက်မှာထုတ်ပြန်ပါတယ်။ 

ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ ၂ နှစ်စာသက်တမ်းတိုးရာမှာ  စက်ရုံတွေက ဘတ် ၁၄၀၀၀ အထိ ဖြတ်တောက်နေတာကြောင့်  စက်ရုံအချို့မှာ ဆန္ဒပြတောင်းဆိုမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

သံရုံးကထုတ်ပြန်ရာမှာတော့ယာယီသက်တမ်းတိုးလုပ်ငန်းစဉ်ဆောင်ရွက်နိုင်ဖို့အတွက်တချို့သောအေဂျင်စီတွေရဲ့ဖော်ပြချက်မှာ"မြန်မာသံရုံးသို့စလစ်ကြေး ၁၈၀၀ ဘတ်"ဆိုပြီးဖော်ပြနေတာကိုတွေ့ရှိရပါတယ်။မြန်မာသံရုံး(ဗန်ကောက်)၊ကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်)၊အလုပ်သမားသံမှူးရုံး(ဗန်ကောက်) စတာ‌တွေအနေနဲ့ဒီလုပ်ငန်းစဉ်အတွက်ငွေကြေးကောက်ခံဖို့မရှိသလို မြန်မာလုပ်သားတွေအနေနဲ့ထိုင်းနိုင်ငံကသက်ဆိုင်ရာဌာနတွေရဲ့လမ်းညွှန်ချက်တွေနဲ့အညီဆက်လက်လုပ်ဆောင်သွားဖို့အသိပေးထားပါတယ်။ 

ယာယီသက်တမ်းတိုးနေထိုင်ခွင့်ဟာတစ်ခါတိုးရလျင်(၂)နှစ်နှုန်းတိုးခွင့်ရမှာဖြစ်ပြီး စုစုပေါင်း(၄)နှစ်နေထိုင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ 

လက်ရှိမှာစက်ရုံတစ်ချို့မှာသက်တမ်းတိုးလုပ်ငန်းစဥ်အတွက် ဘတ် ၁၄၀၀၀ အထိ ငွေကြေးဖြတ်တောက်နေတာတွေရှိနေပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဒီဇင်ဘာလ(၄)ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးစာမွတ်ပါရကန်ခရိုင်ထဲကကားပစ္စည်းထုတ်လုပ်ရေးစက်ရုံမှာအလုပ်သမား‌ တွေဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026