NEWS

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ကြိုးနီစနစ်ကြောင့် ပတ်စပို့အပါအဝင် စာရွက်စာတမ်းပြုလုပ်ရာတွင် ဈေး နှစ်ဆကျော်တက်

CoverLogo
1.9K Views

မြန်မာရွေ့ပြောင်းအလုပ်သမား သန်းချီလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံတွင် ပတ်စပို့သက်တမ်းတိုးခြင်းအပါအဝင် စာရွက်စာတမ်းတွေ ပြုလုပ်ရာ၌ အဆင့်များစွာ ဖြတ်ကျော်ရအောင် ပြုလုပ်ထားကာ ဈေးနှုန်းတွေ နှစ်ဆကျော် တက်လာကြောင်း မြန်မာရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြေပါတယ်။

ပြည်သူများက ရွေ့ကောက်တင်မြောက်သော ဒီမိုကရေစီအစိုးရလက်ထက်တွင် အလုပ်သမားများဟာ အခက်အခဲတွေကို သွားရောက်ဆွေးနွေးပိုင်ခွင့်နဲ့ တင်ပြပိုင်ခွင့်တို့ ရှိခဲ့ပါတယ်။

စစ်တပ်ကာ အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထိုင်းရောက်ရွေ့ပြောင်းအလုပ်သမာများ ပတ်စပို့ သက်တမ်းတိုးခြင်းအပါအဝင် စာရွက်စာတမ်းများ သွားရောက်ပြုလုပ်ပါက ယခင်က ထိုင်းဘတ်ငွေ ၁၂၀၀/ ၁၅၀၀ ကုန်ကျစရိတ်နဲ့ ဆောင်ရွက်နိုင်သော်လည်း လက်ရှိတွင် ထိုင်းမြန်မာသံရုံးက ပြည်သူတွေကို ဝန်ဆောင်မှု ပေးရာတွင် အဆင့်များ ပိုမိုများပြားလာကာ ထိုင်းဘတ်ငွေ  ၄၀၀၀ မှ ၅၀၀၀ ခန့် ကုန်ကျနေရတယ်လို့ ၎င်းတို့က ပြောပါတယ်။

“ကိုဗစ်ရောဂါဖြစ်ပွားပြီးတော့ ထိုင်းမြန်မာနယ်စပ်ထွက်ပေါက်တွေ ၂ နှစ်ကျော် ပိတ်ထားလိုက်ရပါတယ်။ ဒီတော့ လုပ်သားတွေ အားလုံးက မြန်မာပြည်ကို သွားလို့မရတော့ဘူး။ ဒါကို ထိုင်းအစိုးရက ဒီမှာပဲ သက်တမ်းတိုးပေးမယ်။ မြန်မာသံရုံးမှာ စာအုပ်ရအောင်ထုတ်၊ သက်တမ်းတိုးဆိုတော့ မြန်မာလုပ်သားတွေက လုပ်ကြပါတယ်။ သို့သော် ဒီအခြေအနေ ကာလမှာတော့ အခက်အခဲတွေ အဆင့်တွေ အများကြီး လုပ်ထားတဲ့အတွက်ကြောင့် အလုပ်သမားတွေက စာရွက်စာတမ်းတွေ၊ ပတ်စပို့တွေ သက်တမ်းကုန်လို့ သွားတိုးမယ်ဆိုရင်လည်း အဆင့်တွေ မြောက်များစွာ ကျော်ဖြတ်ရပါတယ်”လို့ ထိုင်းနိုင်ငံအခြေစိုက် ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်လုပ်ကိုင်နေသော ရွေ့ပြောင်းအလုပ်သမားတွေဟာ ၎င်း၏ ဥပဒေအရ လာရောက်လုပ်ကိုင်နေမှု ၄ နှစ်သက်တမ်းပြည့်ပါက သက်ဆိုင်ရာနိုင်ငံသို့ ပြန်သွားရပြီး အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီနဲ့ သက်ဆိုင်ရာအလုပ်သမားဌာနတို့ စာချုပ် ချုပ်ဆို၍ ပြန်လည် လုပ်ကိုင်ရပါတယ်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ စစ်အာဏာသိမ်းကောင်စီရဲ့ မြန်မာသံရုံးဟာ မြန်မာရွေ့ပြောင်းအလုပ်သမား တွေအတွက် ဝန်ဆောင်မှု ပေးရာတွင် အဆင်မပြေမှုကြောင့် ထိုင်းရောက်မြန်မာလုပ်သမားများ ဒုက္ခရောက်နေရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရဲ့ မလုံခြုံမှုနဲ့ အထွေထွေအကြပ်အတည်းကြောင့် မြန်မာနိုင်ငံမှာ အလုပ် လုပ်ကိုင်နိုင်သော လူများဟာ ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ပထမ လေးလပတ်အတွင်း အသက်မပြည့်သူ ၂၀ အပါအဝင် လူ ၄၀၀၀ ကျော်အဖမ်းခံရကြောင်း၊ ယင်းသို့အဖမ်းခံရမှုမှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ကျန် ၉၀ ရာခိုင်နှုန်းခန့်မှာ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိသွားကြောင်း၊ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားများ အုံနဲ့ကျင်နဲ့ ပိုမိုသွားရောက်လုပ်ကိုင်နေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ တရားဝင်အထောက်အထားနဲ့ လုပ်ကိုင်နေသူ ၂ သန်းခန့်နဲ့ အထောက်အထားမဲ့၊ တရားမဝင် လုပ်ကိုင်နေသူ ၂ သန်းခန့် စုစုပေါင်း ၄ သန်းခန့် ရှိပါတယ်။


 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026