NEWS

ထိုင်းနယ်စပ်တောတစ်ခုတွင် ပုန်းနေသည့် အထောက်အထားမဲ့ မြန်မာ ၄၃ဦး ဖမ်းဆီးခံရ

CoverLogo
362 Views
 
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်ထဲ ရှိ တောထဲ မှာ ပုန်းအောင်းနေတဲ့ တရားမဝင် ဝင်ရောက်လာကြသော မြန်မာနိုင်ငံသား ၄၃ဦးကို ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ထိုင်းလုံခြုံရေး ပူးပေါင်းအဖွဲ့တွေက စီးနင်းဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
 
စံခလပူရီ မြို့နယ် ထဲ က တောတွင်း တနေရာမှာ လူစိမ်းတွေ ပုန်းအောင်းနေကြောင်း သတင်း ပေးတဲ့ အတွက် ထိုင်း အာဏာပိုင်တွေက စုပေါင်းပြီး စစ်ဆေးရှာဖွေရာ တောလမ်းအတိုင်း တောင်ပေါ်ကို ၁ ကီလိုမီတာကျော်ကျော် ခြေကျင်ခရီးနဲ့ ခက်ခက်ခဲခဲ တက်ခဲ့ပြီးနောက် ပုန်းအောင်းနေတဲ့နေရာကို ရောက်တဲ့အခါမှာတော့ မြန်မာနိုင်ငံသား ၄၃ ဦးကို စုပြုံပြီး တွေ့ရှိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာနိုင်ငံသား ၄၃ဦး တွင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၉ ဦး၊ ကလေးငယ် ၄ ဦး တို့ ပါဝင် ပြီး စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ သွားရောက် ဖို့ အတွက် ပို့ဆောင်ပေးမယ့်သူတွေကို စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သား တွေဟာ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့ ကနေ စံခလပူရီ မြို့ နယ် အတွင်း ကို နယ်စပ် လမ်းကြောင်းကနေ ခိုးဝင် လာကျတာဖြစ်ကာ အထောက်အထားစာရွက်စာတမ်း တစ်ခု မှ မရှိကျဘူးလို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းဆီးခံရသူအားလုံး ကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဖို့ ရဲစခန်းကို ပို့ဆောင်ထားပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ဖို့ ညှိနှိုင်းဆောင်ရွက်မယ်လို့ သိရပါတယ်။
 
အခုလို တရားမဝင် ခိုးဝင်မှုတွေနဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့အတွက် နယ်စပ်ဂိတ်စစ်ဆေးရေးဂိတ်အားလုံးကို ဆက်လက် တင်းကြပ်စွာ စောင့်ကြည့် စစ်ဆေးတာတွေကို အရှိန်မြှင့်ပြီး ဆက်လုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
 
လက်ရှိအချိန်ကာလ ဟာ ထိုင်းနိုင်ငံ အတွင်းက အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ်(ဘတ်) ပြုလုပ်ပေးချိန် ဖြစ်သလို အထောက်အထားမရှိသူတွေ နဲ့ တရားမဝင် ဝင်ရောက်သူတွေကို ဖမ်းဆီး တာ ကိုလည်း ပိုမိုတင်းကြပ်စွာ လုပ်ဆောင်နေတာကြောင့် အထောင်အထားမရှိသူတွေ နဲ့ နယ်စပ်ကတစ်ဆင့် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား တွေ အဖမ်းခံရမှုဟာ လည်း ယခုရက်ပိုင်း နေ့တိုင်းနီးပါး ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။
HTH
Ref-ကန်ချနဘူရီဒေသဆိုင်ရာသတင်း

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026