NEWS

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး

CoverLogo
133 Views
ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်ရှိ သံစက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးဟာ လုပ်ငန်းခွင်အတွင်း မတော်တဆ ဖြစ်ကာ ဖော့ကလစ်ကား(forklift)ကားပိမိပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ ထံ မှ သိရပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ညနေ ၄နာရီ အချိန်ခန့် က အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာအလုပ်သမား ဟာ အလုပ်ချိန်အတွင်း ဖော့ကလစ်ကား(forklift)မောင်းစဥ် မတော်တဆဖြစ်ကာ တိမ်းမှောက်ပြီး ဆုံးပါးသွားခဲ့တယ်လို့ ဆိုပါတယ်။
 
ထိုသို့ဆုံးပါးသွားတဲ့ အတွက် ကျန်ရစ်သူမိသားစုတွေက ထိုက်သင့်တဲ့ ရပိုင်ခွင့်များရရှိနိုင်ရေးအတွက် ထိုင်းဘုရင့်နိုင်ငံ၏ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးဖို့ အေအေစီရဲမင်းဦးဆောင်သော 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထံအကူညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
နိုဝင်ဘာလ ၂၀ရက်နေ့ မှာ သေဆုံးသူ အလုပ်သမား ရဲ့ ရုပ်အလောင်းကို နာရေး သဂြိုလ်ခြင်း တွေ လုပ်ဆောင်ခဲ့ ပြီး 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ကမိသားစုများနဲ့ တွေ့ဆုံအားပေးခဲ့ကာ အကူညီပေးနိုင်ရေးအတွက် လိုအပ်တာတွေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
ယခု နိုဝင်ဘာလ အတွင်း ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာလုပ်သားလူငယ်တွေ လုပ်ငန်းခွင် အတွင်း မတော်တဆ မှု ကြောင့် ဆုံးပါး တာတွေမကြာခဏ ဖြစ်ပေါ် နေတဲ့ အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေး ကို အထူးသတိထား လုပ်ကိုင်ကျဖို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီသူတွေက သတိပေးထားပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၂၁ ဦး ကို နေရပ် ပြန်ပို့
Nov 21, 2025