NEWS

ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးအလုပ်ထုတ်ခံရ

CoverLogo
110 Views
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးခက်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးကို ထိုင်း အလုပ်ရှင်က အထောက်ထား စာရွက် စာတန်းများ ပြုလုပ်ပေးမည်ဆိုပြီး ပြုလုပ်မပေးဘဲ အလုပ်ကနေ ထုတ်လိုက်တယ်လို့ သိရပါတယ်။
“ ဖူးခက်မှာ အလုပ်သမား ၁၅ ဦးလုပ်အားခ မရလို့ ကျွန်တော်တို့ ရုံးကို ကူညီတောင်းလာတယ်။ ဘတ်ရိုက် ပေးမယ်ဆိုပြီး သူဌေးက အမည်စာရင်းတွေ (Name List)တွေလည်းဖျက်ထားတယ်။ တကယ်လည်းကျတော့ သူဌေးက အလုပ်သမားတွေကို ဘတ်ရိုက် မပေးဘူး။ ပိုက်ဆံလည်း မပေးတော့ဘူး။ လုပ်ငန်းခွင်ထဲကနေ မောင်းထုတ်တဲ့အထိ ဖြစ်လာတယ်"လို့ အဲဒီ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ WAG အဖွဲ့ က ပြောပါတယ်။
ဘတ်ရိုက်တယ်ဆိုတာ တရားဝင်အထောက်အထား CI ကတ်ရရှိဖို့ အမည်စာရင်းသွင်းတာ ၊ သွေးစစ်တာ၊ လက်ဗွေ နှိပ်ပြီး ပါမစ်စာရွက်ထုတ်ယူတာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်ရှင် ထိုင်းသူဌေးက လုပ်ခလစာ အပါအဝင် ဘတ်ရိုက် ပေးမယ်ဆိုပြီး ယူထားတဲ့ ဘတ်ငွေ နှစ်သိန်းသုံးသောင်းကျော်ကို ထုတ်မပေးဘဲ ထိုင်းရဲကို ဖမ်းဆီးခိုင်းတာတွေအထိ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
ဒါကြောင့် WAG အဖွဲ့ နဲ့အတူအလုပ်သမားတွေက ဖြတ်ယူထားတဲ့ငွေကြေး ဘတ် နှစ်သိန်းကျော် ပြန်လည်ရရှိဖို့ ဖူးခက်မြို့က အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေး (ဆာဝဒီကန်) ရုံးကို တိုင်တန်းထားတယ်လို့ သိရပါတယ်။

Related posts

Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024
Cover
စစ်မှုထမ်းဥပဒေ‌ကြောင့် ပြည်ပထွက်ရန်ပြင်ဆင်နေသည့် လူငယ်များ စိတ်ပူပန်နေ
Feb 11, 2024
Cover
MOEAFကို ဖျက်သိမ်းကြောင်း NUG ထုတ်ပြန်
Feb 07, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
မလေးရှား အော်ပရာစီ စစ်ဆင်ရေးအတွင်း မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ
Jan 21, 2024
Cover
မြန်မာလုပ်သမား ၂၆ ဦးအား လုပ်ခလစာမပေးဘဲ ထိုင်းလုပ်ငန်းရှင် တိမ်းရှောင်
Jan 20, 2024
Cover
ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီး၆ ဦးအတွက် စိုးရိမ်ရသည့် အခြေအနေဟု မိသားစုဝင်များ ပြော
Jan 16, 2024
Cover
တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ရန် TBP တုံကင်တန်းစီသူ စံချိန်တင်များပြား
Jan 11, 2024