NEWS

ထိုင်းတွင် စက်ရုံဝန်ထမ်းကြိုပို့ ဘတ်စ်ကား တိမ်းမှောက်သဖြင့် မြန်မာလုပ်သား၄၀ကျော် ဒဏ်ရာရ

CoverLogo
34 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ နောင်ခမ်းမြို့နယ်အနီး တွင် မြန်မာလုပ်သားတွေ စီးနင်းလာတဲ့ စက်ရုံဝန်ထမ်း ကြိုပို့ ဘတ်စ်ကား တိမ်းမှောက် တာကြောင့် မြန်မာလုပ်သား ၄၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်း တွေ အရ သိရပါတယ်။
 
ဇန်နဝါရီ ၁၅ ရက် ဒီကနေ့ နံနက်ပိုင်းမှာ မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ နောင်ခမ်းမြို့နယ်အနီး မှာ လမ်းချော် တိမ်းမှောက်တာကြောင့် မြန်မာလုပ်သား ၄၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ ခေါင်းကွဲတာနဲ့ပွန်းပဲ့ဒဏ်ရာ တွေရရှိခဲ့ကာ သေဆုံးသူမရှိခဲ့ဘူးလို့ သိရပါတယ်။
 
အမျိုးသမီး တစ်ဦး ကတော့ ဘတ်စ်ကားအတွင်း ပိတ်မိနေတဲ့အတွက် ကယ်ဆယ်ရေးသမားများက ဟိုက်ဒရောလစ် ကိရိယာများဖြင့် အသုံးပြုကာ ကြိုးစား ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။
 
ယာဉ်မောင်းဖြစ်သူရဲ့ ပြောပြချက်အရ ခေါင်တာဘတ်တောင်တန်းမှ ဆင်းလာ စဉ် ရှေ့တွင် ရပ်ထားတဲ့ နောက်တွဲယာဉ် ကြီးနှစ်စီးကို ရှောင်တိမ်းဖို့ ကြိုးစားခဲ့ရာကနေ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
လက်ရှိတွင် ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံ တွေကို ပို့ဆောင်ပေးထားပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းတင်ကာ စုံစမ်းစစ်ဆေးမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
 
Ref-MGR Online

Related posts

Cover
အသက် ၃၅ နှစ်အောက် လူငယ်များအား နိုင်ငံကူးလက်မှတ် PJ မှ PV ပြောင်းလဲမှု ရပ်ဆိုင်းထားဟုဆို
Jan 17, 2026
Cover
မဲဆောက်တွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၄၂​ဦး နစ်နာကြေး ဘတ် ၃သန်းခန့်ရရှိ
Jan 16, 2026
Cover
PJ နှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လာသည့် လုပ်သားများ ဆိုက်ရောက် ကောင်တာ တွင်သတင်းပို့ခဲ့မှသာ ပြန်ထွက်ခွင့်ရမည်ဟုဆို
Jan 16, 2026
Cover
၂ ရက်အတွင်း ထိုင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် အဖမ်းခံရ
Jan 16, 2026
Cover
ခွင့်ပြန်နှင့် ကျွမ်းကျင် လုပ်သားများ OWIC ကတ် လျှောက်ထား လျှင် အလုပ်ရှင် ၏ ဖုန်းနံပတ်နှင့်အီးမေးလိပ်စာပါ ထည့်ပေးရမည်ဟု ထပ်မံကြေညာ
Jan 15, 2026
Cover
ထိုင်းအစိုးရက တရားမဝင်နိုင်ငံခြားသားလုပ်သားများစစ်ဆေးမှု အရှိန်မြှင့်တင်ရန် ညွှန်ကြား
Jan 15, 2026
Cover
ထိုင်းရောက် မြန်မာ များ အိမ်ရှင်လူမှုအသိုင်းအဝိုင်းနှင့် သဟဇာတ ဖြစ်အောင် နေထိုင်ကြရန် NUG သတိပေး
Jan 14, 2026
Cover
လုပ်ငန်းခွင် အတွင်း စကျင်ကျောက်ပြားပြိုကျရာမှ ကျောက်ပြားပိမိပြီး မြန်မာလုပ်သား တစ်ဦးသေဆုံး
Jan 14, 2026