NEWS

ထိုင်းကို လုပ်သား စေလွှတ်မှု ယာယီရပ်ဆိုင်း

CoverLogo
445 Views

ထိုင်းနိုင်ငံကို တရားဝင်လမ်း ကြောင်းကနေ အမျိုးသား၊ အမျိုးသမီး လုပ်သားစေလွှတ်မှု ကို အလုပ်သမားဝန်ကြီးဌာနက  ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ အေဂျင်စီအသိုင်းဝိုင်းမှ သိရပါတယ်။ 

ဂျပန် အပါအဝင် အခြားသော နိုင်ငံ တွေ ကိုတော့ လုပ်သားစေလွှတ်မှု ခွင့်ပြုပေးထားပြီး ထိုင်းနိုင်ငံ ကိုတော့ အသက်အရွယ် မရွေး အမျိုးသား၊ အမျိုးသမီး လုပ်သားစေလွှတ်မှု ကိုသာ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။ 

""မနေ့ညက ထိုင်းစေလွှတ် မှာ အေဂျင်စီတွေ နဲ့ ဝန်ကြီးဌာန ပြဿနာတော်တော် တက်သွား တယ် ဖေဖေါ်ဝါရီ ၁၃ ရက် မနက်၂နာရီ ထွက်မယ့် စေလွှတ်အတွက် တင်ပြတာမှာ ပြည်ထောင်စုနေ့ ပိတ်ရက်နဲ့ ခံသွားတော့ အလွဲချော်တွေ ဖြစ်သွားတယ် ဘယ်လို ဖြစ်လာမယ်တော့ မသိသေးဘူး ပြေလည်တဲ့ အထိ စောင့်ရမယ်ထင်တယ် အခုတော့ ထိုင်း ကို စေလွှတ်ခွင့်အားလုံး ယာယီရပ်ဆိုင်းလိုက်တယ် ""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

မကြာခင်က လည်း အမျိုးသားလုပ်သားတွေကို ပြည်ပ အလုပ်လုပ်ခွင့် အသက်ကန့်သက်ချက် ၂၃နှစ်မှ ၃၁နှစ်အထိ ကန့်သက်ချက်ကို အသက်၁၈နှစ်မှ ၃၅နှစ်အထိ ကန့်သက်လိုက်တဲ့ အတွက် လိုင်စင်ရအေဂျင်စီ တွေ စုပေါင်းပြီး ဇန်နဝါရီလ ၃၀ရက်အထိ စာချုပ် ချုပ်ထားတဲ့ အသက်၁၈မှ ၃၅နှစ် အတွင်း လုပ်သားတွေကို ပြည်ပ ကို စေလွှတ်ခွင့်ပြုဖို့ တောင်းဆို ခဲ့ရပြီး  ခွင့်ပြုချက် ရသဖြင့် လက်ရှိမှာ စေလွှတ်နေတာ ဖြစ်ကြောင်း သိရပါတယ်။ 

"" အခုက သတ်မှတ် စည်းကမ်းတွေက မနက် နဲ့ ညတောင် မတူ ဘူး ဖြစ်နေပြီ လိုင်စင်ယူပြီး တရားဝင် ပို့နေတဲ့ အေဂျင်စီတွေ က ဘယ်နေ့ ဘယ်လို ပြ
ဿနာ နာရှင်းရမလဲ တွေးနေရတာ တရားမဝင် အောက်လမ်းကနေ ပို့နေတဲ့သူတွေ က အေးဆေးပဲ ဘာမှတာဝန်ယူစရာမလိုဘူး အခုလို လိုင်စင်ရှိအေဂျင်စီတွေ ကို ကြပ်လေတရားမဝင် သွား ဖို့ အားပေးသလို ဖြစ်နေပြီ""လို့ လိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ စစ်မှုထမ်းဥပဒေ အရ စစ်မှုထမ်း ရမယ့် အသက် ၁၈နှစ်မှ ၃၅နှစ် ရှိ အမျိုးသား တွေ ကို ပြည်ပထွက်အလုပ် လုပ် ခွင့် မပေးတော့တဲ့ အပြင် ပြည်ပ မှ ခွင့်နဲ့ ပြန်လာတဲ့ အသက်၁၈မှ၃၅နှစ်ရှိ အမျိုးသား လုပ်သားတွေ ကို လည်း အလုပ်ရှိရာ နိုင်ငံ ကို ပြန်သွားခွင့် မပြုတော့ဘူးလို့ သိရပါတယ်။ 

အမျိုးသမီး လုပ်သား တွေ ကို တော့ ပြည်ပထွက် အလုပ်လုပ်ခွင့် အတွက် အသက်ကန့်သာတာမျိုးမရှိသေးပေမယ့် စစ်မှုထမ်းဥပဒေ အရ မကြာမီ ကန့်သတ်တာ မျိုးတွေ လုပ်နိုင်တယ်လို့ အေဂျင်စီအသိုင်းဝိုင်းမှ သိရပါတယ်။ 

 


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026