NEWS

ထိုက်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်ဖို့ကြိုးစားနေ တယ်လို့ စစ်ကော်မရှင်က ပြောနေပေမယ့် ရွှေဈေးထပ်တက်၊ စားကုန်ဈေးကြီး၊ ဒေါ်လာဈေးငြိမ်

CoverLogo
211 Views
 
ရက်သတ္တပတ်အတွင်းကုန်ဈေးနှုန်း
 
မိမိတို့အနေနဲ့ ကုန်ဈေးနှုန်းတွေ ထိုက်သင့်တဲ့ ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မနေ့က ထားဝယ်ခရီးစဉ်မှာပြောခဲ့ကြောင်း ဒေသတွင်းသတင်းအချို့မှာဖော်ပြလာပါတယ်။
စစ်ခေါင်းဆောင်က လက်ရှိ ကုန်ဈေးနှုန်းတက်နေတာဟာ တရားမဝင်ကုန်သွယ်မှုတွေကြောင့်ဖြစ်လို့ သူတို့အနေနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ဖမ်းဆီးတိုက်ဖျက်နေကြောင်းနဲ့ ပြည်တွင်းကထုတ်လုပ်မှုတွေအတွက်အားပေးပံ့ပိုးနေကြောင်းတွေပြောထားတယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ ကုန်ဈေးနှုန်းအတွက် ဖာထေးပြောနေပေမယ့် သူအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ နောက်ပိုင်းမှာ ပြည်တွင်းက ကုန်ဈေးနှုန်းတွေက အရင်ထက် ၄ ဆလောက်ကို ခုန်တက်လာတာပါ။
လစာတွေတိုးပေးတာမရှိပဲ ကုန်ဈေးနှုန်းကြီးကုန်တာကြောင့် လုပ်သားပြည်သူတွေ ငတ်မွတ်ရှားပါးမှုတွေကြုံတွေ့ကုန်ပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းရွှေဈေးက ထပ်တက်လာသလို ဆန်၊ ဆီတွေလည်း ထပ်မံဈေးတက်လာနေပါတယ်။
ဒါကြောင့် အပတ်စဉ်ဖော်ပြနေကြ ကုန်ဈေးနှုန်းအခြေအနေတွေအရ စက်တင်ဘာ ၁‌၃ ရက်ကနေစက်တင်ဘာ ၁၉ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
ယနေ့ စက်တင်ဘာ ၁၉ ရက် စက်သုံးဆီ ရန်ကုန်အထိုင် လက်က္ကားဈေးမှာအောက်တိန်း၉၂တစ်လီတာလျင် ၂၈၉၅ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၉၇၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၇၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျင် ၃၀၇၀ ကျပ်ဖြစ်ပြီး ဖြစ်ပါတယ်။
စက်တင်ဘာ ၁၃ရက်ကနေ ၁၆ရက်အတွင်းမှာတော့ အောက်တိန်း ၉၂ တလီတာလျင် ၂၉၂၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျင် ၂၉၉၅ကျပ်၊ ဒီဇယ်တစ်လီတာလျင် ၂၅၇၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျင် ၃၀၇၅ ကျပ်ဖြစ်လို့ စက်သုံးဆီဈေး ၁ ရက်အတွင်းကျလာပါတယ်။
ပြင်ပစက်သုံးဆီဈေးကတော့ တစ်လီတာ ငွေကျပ် ၃၀၀၀ နဲ့ငွေကျပ် ၄၅၀၀ ကြားမှာဈေးကွက်ဖြစ်ပေါ်နေပါတယ်။
တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ပြင်ပရွှေဈေး ၇၉ သိန်းအကျော်မှာရှိနေရာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက်ရွှေပေါက်ဈေးသတ်မှတ်ချက်ဟာလည်းယနေ့မှာ ၅၉ သိန်း ၈ သောင်း အထိတစ်စ တစ်စ ဈေးတက်လာ‌ပါတယ်။
ရွှေဈေးသတ်မှတ်ချက် ဟာပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ၅၉ သိန်း ၇သောင်းအထိရှိခဲ့တာကြောင်း တစ်ပတ်အတွင်း ဈေးသတ်မှတ်ချက် ငွေကျပ်၁သောင်းထက်တက်လာတာပါ။
ရွှေအသင်း သတ်မှတ်ချက်တက်လာတဲ့အတွက် ပြင်ပရွှေအခေါက်ဈေးကလည်း သိန်း ၈၀ နီးပါး ဈေးတက်လာတာပါ။
ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ ကန်တစ်ဒေါ်လာကို ငွေကျပ် ၄၂၀၀ အကျော်ဈေးနဲ့ဈေးငြိမ်နေရာ ယနေ့စက်တင်ဘာ ၁၉ ရက်နေ့မှာ ကန်တစ်ဒေါ်လာရောင်းဈေး ၄၂၀၀၊ ဝယ်ဈေး ၄၂၅၀ ကျပ်ဖြစ်ရာ ထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၁ကျပ်ကျော်၊ ဝယ်ဈေး ၁၃၄ကျပ် ကျော် ၊ ယွမ်ငွေကရောင်းဈေး၅၈၇ကျပ်၊ ဝယ်ဈေး ၆၀၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၉၇နဲ့ဝယ်ဈေး၂၉၈ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်တာ စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျင် ၆၆၁၀ ကျပ်သတ်မှတ်ထားတာဖြစ်လို့ ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းထက် ၉၀ ကျပ် ပိုဈေးမြင့်သတ်မှတ်လာတာဖြစ်ပြီး ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျင်ကျပ်တစ်သောင်းကနေ ၁၂၀၀၀ အထိရှိကာ ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျင် ကျပ် ၉၀၀၀ အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
အခြားစားဆီတွေဖြစ်တဲ့ ပဲဆီ၊ နေကြာဆီ နဲ့ ဆီမျိုးစုံကအမျိုးအစားအလိုက်ငွေကျပ် ၂၀၀၀၀ ကျော်ဈေးတန်းဖြစ်ပေါ်နေပါတယ်။
အခြေခံကုန်စည်နဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ဆန်တစ်ပြည် ကျပ် ၆၀၀၀ နဲ့ ၈၀၀၀ အထက်မှာရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၅၀၀ကျပ်၊ ဘဲဥတစ်လုံး ၆၀၀ ကျပ်အထိ‌ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၂၀၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။
အမဲသားနဲ့ ၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျင် ၅၀၀၀ ၀န်းကျင် အထိရှိလာပြီး ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်ကနေ ယခု ၁၀၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစ ဈေးနှုန်းတွေနှစ်ဆမြင့်တက်လာတာဖြစ်ပါတယ်။
ကော်ဖီ၊ လဘက်ရည် သောက်သုံးသူတွေမှာ ယခင်က ကော်ဖီ၊ လဘက်ရည်တစ်ခါ‌ေသာက်တစ်ထုပ် ၅၀၀ ကျပ် နှုန်းထားကနေ ယခုအခါ ကော်ဖီ၊ လဘက်ရည်တစ်ထုပ်ကို ၁၀၀၀ ကျပ်အထိ ဈေးပေးသောက်သုံးလာနေရတယ်လို့ဆိုပါတယ်။
လူသုံးကုန်နဲ့ ဆေးပစ္စည်း ဈေးနှုန်းတွေကတော့ ဈေးကွက်ထဲမှာ ပစ္စည်း ပြတ်လပ်တာ မူလကဈေးတွေထက် ဈေးနှုန်းဆတိုးပေးဝယ်ယူနေရတာနဲ့ အာနိသင်တူဆေးဝါးတွေအစားထိုးသုံးစွဲရတာတွေရှိနေတယ်လို့သိရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026