NEWS

တောင်ငူတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်မိနေသည့် ပြည်သူတစ်ထောင်ကျော်ရှိနေ

CoverLogo
521 Views

ပဲခူးတိုင်း တောင်ငူမြို့နယ် မှာ စစ်တောင်းမြစ်ရေ ဟာ ယခင်ရက်ထက် အနည်းငယ်ပြန်ကျပေမယ့် ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်မိနေတဲ့ ပြည်သူ တစ်ထောင်ကျော် ရှိနေသေးတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ထက် ၇ပေကျော်မှာ တည်ရှိနေပြီး စက်တင်ဘာ ၁၄ ရက်မှာတော့ စိုးရိမ်ရေမှတ်ထက် ၆ပေခွဲကျော်မှာ ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလို စိုးရိမ်ရေမှတ်ထက် ပေများစွာကျော်လွန်ရောက်ရှိနေတဲ့ အတွက် တောင်ငူမြို့နယ် အတွင်းက ကျေးရွာ ၃၀ကျော် မှာ ရေကြီးနစ်မြုပ်နေပြီး  စက်တင်ဘာ ၁၂ရက်ကတည်းက ရေဘေးသင့်ပြည်သူတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေက  ဘေးလွတ်ရာကို ကယ်ဆယ်ပေးလျက်ရှိပေမယ့် လက်ရှိအချိန်ထိ ကယ်ဆယ်ပေးရန် ကျန်ရှိတဲ့ ပြည်သူ တစ်ထောင်ကျော်အထိ ရှိနေသေးတယ်လို့ သိရပါတယ်။

""ဒီမနက် တောင်ငူမှာ ရေအနည်းငယ်ကျလာပေမယ့် ပိတ်မိနေတဲ့ ပြည်သူ တစ်ထောင်ကျော်ရှိသေးတယ် အမျိုးသမီးနဲ့ကလေးငယ်တွေ များတယ် သူတို့ဆို အစားလည်းမစားရ ရေလဲ မသောက်ရ တဲ့ အခြေနေ တွေ ဖြစ်နေတာ ကျွန်တော်တို့ လည်း သူတို့အားလုံးကို ကယ်ဆယ် နိုင်ဖို့ လုပ်ဆောင်နေပါတယ်""လို့ တောင်ငူမြို့ကလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပိတ်မိနေတဲ့ ပြည်သူတွေ ကို သွားရောက် ခေါ်ဆောင်ရာမှာ ရေစီးသန်ခြင်း နဲ့ အချို့နေရာတွေ မှာ လှေနဲ့ သွားလာရတာ ခက်ခဲတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်း တွေ နှောင့်နှေးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ငူ မြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၃ခု ဖွင့်ထားပြီး ရေဘေးသင့် ပြည်သူ တစ်သောင်းကျော် ကို ရှိတယ်လို့ သိရပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026