NEWS

တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား၂၀၀ စေလွှတ်

CoverLogo
390 Views
 
တောင်ကိုရီးယား သမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား၂၀၀ခန့်ကို စေလွှတ်ခဲ့တယ်လို့ စစ်ကော်မရှင် ရဲ့ မြန်မာသံရုံးဆိုးလ်မြို့ က ထုတ်ပြန်ကြေညာထားပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က EPS စနစ်ဖြင့် စေလွှတ်ခဲ့တဲ့ စိုက်ပျိုးရေးလုပ်သားသစ်(၁၂)ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ်(၉)ဦး၊ ဝန်ဆောင်မှုလုပ်သားသစ်(၁၃)ဦး၊ Re-entry လုပ်သား (၁၂)ဦး စုစုပေါင်း လုပ်သား(၄၆)ဦးကို ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်ဖြင့် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
 
ထပ်မံပြီး အောက်တိုဘာ ၂၉ ရက် တွင် ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း UB8301 ခရီးစဉ်ဖြင့် စေလွှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့ အပြင် ၂၀၂၅ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK)ကို ဖြေဆိုသူ ၇၇၀ ဦးတွင် ကျရှုံးသူ ၈၂ဦးရှိတယ်လို့ စစ်ကော်မရှင်ရဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကထုတ်ပြန်ထားပါတယ်။
 
၎င်းစာမေးပွဲကို EPSစနစ် နဲ့ တောင်ကိုရီးယားတွင်၃နှစ် အလုပ်လုပ်ကိုင်ဖူးပြီးသတ်မှတ်ချက်များနဲ့ ကိုက်ညီသူတွေသာ ဖြေဆိုခွင့်ရရှိတာဖြစ်ကာတောင်ကိုရီးယား နိုင်ငံကို ထပ်မံသွားရောက် အလုပ်လုပ်နိုင်ဖို့ အတွက် ဖြေဆိုတာ ဖြစ်ကြောင်း သိရပါတယ်။
 
ယခုနှစ် EPS အထူးသီးသန့် စာမေးပွဲကို သက်မှတ်ချက်နဲ့ကိုက်ညီတဲ့ ဝင်ရောက်ဖြေဆို နိုင်ခွင့်ရှိ သူဦးရေ ၅၇၀၀ နီးပါးရှိပေမယ့် ယခင်နှစ်တွေက စာမေးပွဲအောင်မြင်ပြီး အလုပ်မရတာမျိုးတွေရှိတဲ့အတွက် ၀င်ရောက် ဖြေဆိုဖို့ လျှောက်ထားသူဟာ ၇၇၀ ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။
 
တောင်ကိုရီးယားတွင် လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့မြန်မာလုပ်သား ၈၀၀၀၀ နီးပါး ရှိကြောင်း သိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026