NEWS

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၇၀၀ကျော်စေလွှတ်ထား

CoverLogo
413 Views
 
တောင်ကိုရီးယား နိုင်ငံ ကို EPSစနစ် နဲ့ မြန်မာလုပ်သား လုပ်သား ၇၀၀ကျော် စေလွှတ် ထားတယ်လို့ မြန်မာသံရုံးဆိုးလ်မြို့ရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေ အရ သိရပါတယ်။ မြန်မာလုပ်သားတွေကို ၂၀၂၅ခုနှစ်ဇန်နဝါရီလ ကနေ မေလ အထိ ၅ လ အတွင်း စေလွှတ်ထားတာဖြစ် ပါတယ်။
 
၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ ၁၄၄ဦး၊ဖေဖေါ်ဝါရီလ မှာ ၁၄၇ဦး၊မတ်လမှာ ပထမဆုံး အမျိုးသမီး လုပ်သားတစ်ဦးအပါ ဝင် ၁၂၄ဦး ၊ဧပြီ လမှာ ၁၈၂ဦး၊အခု မေလ ၂၈ရက်မှာတော့ ကုန်ထုတ်လုပ်သား ၁၄၆ ဦး စုစုပေါင်း ၇၄၃ဦး စေလွှတ်ထားပါတယ်။
 
တောင်ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွေက တဆင့် လုပ်သားစေလွှတ်တာ ဖြစ်ပြီး အမျိုးသား လုပ်သား အများဆုံး စေလွှတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံအတွက် အမျိုးသားလုပ်သားပို့‌ဆောင်သလို အသက်ကန့်သက်ချက် မရှိသေးဘူးလို့ သိရပါတယ်။
 
"" ကိုရီယား EPS က အမျိုးသား လုပ်သားတွေ ကို အသက် ၁၈-၃၅ ကန့်သက်တာ မျိုး မရှိသေးပါဘူး။ စာမေးပွဲအောင်မယ် ၊ အင်တာဗျူးအောင်တယ်ဆိုရင် သွားလို့ရပါတယ်။"လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
တောင်ကိုရီးယား နိုင်ငံက အခုနှစ် အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သား ၂၀၀၀၀ကျော် ခေါ်ယူဖို့ စီစဉ်ထားကြောင်း ကိုရီးယားသတင်းတွေအရ သိရပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026