NEWS

တောင်ကိုရီးယားက လစ်သီယမ်ဘက်ထရီစက်ရုံ အကြီးစားပေါက်ကွဲမှု ရွှေ့ပြောင်းအလုပ်သမားအများအပြားသေဆုံး

CoverLogo
253 Views

ဇွန် ၂၄ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီခွဲခန့်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တော် တောင်ဘက် ဟွာဆောင်မြို့မှာရှိတဲ့ လစ်သီယမ်ဘက်ထရီစက်ရုံမှာ အကြီးစားပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ ရွှေ့ပြောင်း အလုပ်သမား  ၂၂ ဦးသေဆုံးကာ ၂၃ ဦးပျောက်ဆုံးတယ်လို့ သိရပြီး  မီးလောင်မှုဖြစ်တဲ့ ရက် ညနေ ၆နာရီ ၃၀ မိနစ်အထိ သေဆုံးသူ ၂၂ ဦးရှိကာ  သေဆုံးသူတွေဟာ  တရုတ်နိုင်ငံသား ၁၈ဦး၊ လာအိုနိုင်ငံသား တစ်ဦး၊ နိုင်ငံမသိသေးသူ တစ်ဦး၊ ကိုရီးယားနိုင်ငံသား ၂ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ 

"ပျောက်ဆုံးနေတဲ့ ၂၃ ဦးထဲမှာ  ၈ဦးရဲ့ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိ၊ ၁၅ ဦး ရှာနေဆဲပါ။ အမှတ် ၃ အလုပ်ရုံမှာ ၆၇ ယောက် အလုပ် လုပ်ကိုင်နေကြပါတယ်" လို့ ကိုရီးယားမြန်မာချစ်ကြည်ရေးမှ ဦးဇော်မိုးအောင်က ဆိုထားပါတယ်။ 

အဆိုပါမီးလောင်ပေါက်ကွဲမှုဖြစ်နေစဥ် စက်ရုံရဲ့ဒုတိယထပ်မှာ အလုပ် လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေဟာ ကိုရီးယားနိုင်ငံအတွင်းဝင်ရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတွေဖြစ်ကြပြီး အဲ့ဒီအလုပ်သမား ၂၃ ဦးဟာညနေအထိ ပျောက်ဆုံးနေဆဲဖြစ်ပြီးညနေမှာတော့ ၈ ဦးရဲ့ရုပ်အလောင်းပြန်တွေ့ပြီး  ၁၅ဦးဆက်လက်ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ 

"သူကဘက်ထရီတွေထုတ်တဲ့စက်ရုံဆိုတော့ ပေါက်ကွဲသံတွေကြားရတယ်။ မီးစတွေလမ်းပေါ်ထိလွင့်စင်တယ်။ ကျွန်တော်တို့အဆောင်ကနေမြင်နေရရင်းတောင် လန့်ရတယ်။ အဲ့စက်ရုံမှာကိုယ့်မြန်မာအလုပ်သမားလည်းရှိတယ်ကြားရတယ်" လို့ အလုပ်သမားတစ်ဦးက ဆိုထားပါတယ်။ 

အဆိုပါလစ်သီယမ် ဘတ်ထရီ စက်ရုံကို တောင်ကိုရီးယား၏ အထင်ကရ ဘက်ထရီထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Aricell က ပိုင်ဆိုင်ပြီး တောင်ကိုရီးယား၏ မြို့တော် ဆိုးလ်မြို့တောင်ဘက်၊ ဟွာဆုန်မြို့တွင် တည်ရှိကာ ကွန်ပျူတာနဲ့လက်ကိုင်ဖုန်းသုံးတဲ့ ဘက်ထရီတွေထုတ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-Zaw Moe Aung (fb)

 


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025