NEWS

တိုင်းရင်းသူ ၃ဦးကို အလုပ်ရမည်ဟု လိမ်ခေါ်ပြီး တရုတ်အမျိုးသားထံ ပြည့်တန်ဆာအဖြစ် ရိုက်နှက်ကာ အဓမ္မစေခိုင်း

CoverLogo
189 Views
 
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နှင့်မိုင်းဆတ် မြို့နေ အမျိုးသမီး ၃ဦးကို လူကုန်ကူးသူတွေ က မိုင်းဖျဲန်မြို့တွင်နေစားစရိတ်ငြိမ်းဖြင့် အလုပ်ရမည် ဟု လိမ်လည်ပြောဆို စည်းရုံး ပြီး တရုတ်အမျိုးသား တစ်ဦးနှင့် အတူနေရန်(အပျိုစင်ဖျက်ရန်) ပြည်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့ခြင်း နဲ့ ညှင်းပန်းနှိပ်စက် ရိုက်နှက်ခြိမ်းခြောက်ခြင်းမှု ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။
 
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ရပ်ကွက် (၂) ကျိုင်းကာရပ်နေ ကိုစိုင်းဆောင်းလှိုင် (ခ) ကိုမျိုး၊ မိုင်းဆတ်မြို့ ဝိန်းနေရွာနေ ဦးလွန်းထွန်း (ခ) ဦးထွန်းလှိုင်၊ ကျိုင်းတုံမြို့ ရပ်ကွက် (၂) ဆောင်းပျက်ရပ်နေ ဒေါ်နန်း ဝိုးကျောက်နှင့် ရပ်ကွက် (၂) ကျိုင်းကာရပ်နေ ဒေါ်နန်းအွေ့တို့က ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့နေ အမျိုးသမီးသုံးဦးတို့ကို မိုင်းဖျဲန်မြို့တွင် အလုပ်ရမည်၊ အလုပ်လုပ်ရင် လုပ်သလောက်ရမည်၊ နေစရိတ်စားစရိတ်ပူစရာမလိုဟု လိမ်လည်ပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားတစ်ဦးနှင့်အတူနေရန် (အပျိုစင်ဖျက်ရန်) ပြုလုပ်စေခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့ခြင်း၊ လုပ်ခလစာမပေးဘဲ ညှဉ်းပန်းရိုက်နှက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့တယ်လို့ သိရပါတယ်။
 
အခုလို ပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်တဲ့အတွက် အမှတ် (၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်း (ပ) ၂၀၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
တရားစွဲဆိုမှု ကို ကျိုင်းတုံခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် စိုင်းဆောင်းလှိုင် (ခ) ကိုမျိုးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်ဆယ်နှစ်၊ ဒေါ်နန်းဝိုးကျောက်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဦးလွန်းထွန်း (ခ) ဦးထွန်းလှိုင်၊ ဒေါ်နန်းအွေ့တို့ နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။
 
 
ပုံစာ- လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်အလွဲသုံးစားမှုကို ကန့်ကွက်ကြောင်း အသိပညာပေးသောပုံ အဟောင်းဖြစ်ပါသည်။ (ဓာတ်ပုံ- Unicef)

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026