NEWS

တဦးလျင် ပွဲစားကို ဘတ် ၂ သောင်းနှုန်းပေးပြီး မလေးရှားသွားဖို့ကြိုးပမ်းတဲ့ အထောက်အထားမဲ့  မြန်မာ၂၈ ဦး ထိုင်းမှာ အဖမ်းခံရ

CoverLogo
656 Views

ထိုင်းနိုင်ငံ မှ တစ်ဆင့် မလေးရှား နိုင်ငံ ကိုသွားရောက်ဖို့ အတွက် ပွဲစား ကို ဘတ် ၂သောင်းပေးရပေမယ့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၈ဦး ကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အတွင်း အဖမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။ 

 

ဖေဖေါ်ဝါရီ ၂၆ရက် က တောထဲ မှာ ပုန်းအောင်းနေ တဲ့  မြန်မာအလုပ်သမား၂၈ဦး ကို ထိုင်းအာဏာပိုင်တွေ က စစ်ဆေးတွေ့ရှိ ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

၎င်းမြန်မာအလုပ်သမားတွေ ကရင်ပြည်နယ် ဘုရားသုံးဆူ ဘက်ကနေ ကန်ချနဘူရီခရိုင် အတွင်း သို့ နယ်စပ်လမ်းတလျှောက် သဘာဝ လမ်းအတိုင်း ခြေလျင်ဝင် ခဲ့တာ ဖြစ်ပြီး မလေးရှား နိုင်ငံ သွားရန် အတွက် လမ်းပြ မှ ကားဖြင့်လာခေါ်မှာ ကို တောထဲ စောင့်ဆိုင်းနေစဉ် အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

အဖမ်းခံရတဲ့ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၁၂ဦး တို့ မှာမလေးရှားသို့ အလုပ်သွားရောက်လုပ်ရန် ရည်ရွယ်ထား ပြီး  မလေးရှား နိုင်ငံ သို့ သွားရောက်ဖို့  ပွဲစား ကို ဘတ်၂သောင်း ( မြန်မာငွေ ၂၅ သိန်း၀န်းကျင်) ပေးရဆောင်ရပေမယ့် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 

 

ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေ ကို စိုင်းမောက်ခမ်းရဲစခန်း ကို ပို့ဆောင်ထားကာ တရားဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ 

Ref-Kanchanaburi News 

 


Related posts

Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး
Mar 22, 2026
Cover
အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား ၄၀၀ကျော် အလုပ်ထုတ်ခံရ
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026