NEWS

တရုတ်ရှိအထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမားတွေ လုပ်ခလစာအပြည့်မရ

CoverLogo
823 Views

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို့ စက်မှုဇုန် တွင်တည်ရှိသော HONBO ရုံ ( ၁ ) အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမားတွေဟာ အလုပ်ခေါ်စာပါလစာများအတိုင်းအပြည့်အဝမရဘဲ ကွာဟမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

"အလုပ်ခေါ်စာမှာ အစမ်ခန့်ကာလ ၁၅၀၀+၂၀၀။ ကျွမ်းကျင်ကာလ ၂၀၀၀ ကနေ ၄၀၀၀ ထိပေးမယ်ဆိုပြီး  စာရွက်စာတမ်းမှာ တံဆိပ်တုန်းထုခေါ်တာ။  စက်ရုံဖွင့်တဲ့နေ့ကနေခုအချိန်ထိ ၁ နှစ်ပြည်တော့မယ် ၁၇၀၀ ပဲ ပေးတယ်။ " လို့ အလုပ်သမားကဆိုပါတယ်။ 

အဆိုပါစက်ရုံကတွင် စက်လိုင်း ၃၂ လိုင်းတွင်  မြန်မာအလုပ်သမား ၁၀၀၀ ကျော်နဲ့  လည်ပတ်နေပြီး အစမ်းခန့်ကာလ ၁၅၀၀ ယွမ်ဖြင့် ၂လပေးပြီး ကျွမ်းကျင်ကာလ ၁၈၀၀ မှ ၄၀၀၀ ထိပေးမယ်လို့ စာရွက်စာတမ်းများတွင်  တံဆိပ်တုံးများနှင့် အလုပ် ခေါ်ယူခဲ့ပေမဲ့လည်း  လုပ်ခ ၁၅၀၀ ယွမ် သာပေး ချေတယ် လို့ ဆိုပါတယ်။ 

အလုပ်ချိန်မှာ မနက် ၇ နာရီ ၄၀ မှညနေ ၆ နာရီ ၄၀ ထိဖြစ်ပြီး  အချိန်ပို ကိုည ၈ နာရီ ၃၀ အထိခေါ်ကာ စံချိန်မပြည့်ပါက ည ၁၀ ခွဲထိဆင်ပေးရပြီး တပတ်အတွင်း စံချိန်မပြည်ပါက ပိတ်ရက်ကိုပါ အလကားဆင်ပေးရပြီး စံချိန်ပြည့်တဲ့အထိအချိန်ဖြည့်ပေးရေပမယ့် လုပ်ခအပြည့်မရ တာဖြစ်နေတယ်လို့ ပြောပါတယ်။ 

"လစာအတိုးမရှိဘူး လျှော့တာ ဖြတ်တာကြီးပဲ" လို့ အလုပ်သမားက ဆိုပါတယ်။ 

စက်လိုင်းတစ်လိုင်းတွင် အလုပ်သမား ၄၀ ရှိပြီး တစ်နေ့ စံချိန် အထည် ၅၀၀ တောင်းကာ  အထည်မပြည့်မီပါက အိုတီ အလကားဆင်းပေးရပြီး အလုပ်သမားများက စံချိန် ပြည့် ပါကလဲ ည ၁၀ နာရီကျော်ထိ အာဝါတီ ၅၀ ထပ်တိုးတောင်းကာ  လက်ရှိပေးနေသော ဒေးကြေး ၁၅၀၀ ယွမ် ထဲက အကြောင်းပြချက် အမျိုးမျိုး ပြပြီး ဖြတ်တောက် နေတယ်လို့လည်း သိရပါတယ်။ 

HONBO အထည်ချုပ် စက်ရုံမှာ တရုတ်နိုင်ငံက ကုန်အမှတ်တံဆိပ် အထည်တွေကိုအဓိက ထုတ်လုပ်နေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်တာဝန်ရှိသူတွေ သိရှိစေပြီး အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် စက်ရုံက အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက လိုလားနေကြတယ်လို့လည်း သိရပါတယ်။ 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026