NEWS

တရုတ်မှာ VPN အသုံးပြုခြင်း ကိုတင်းကြပ်စွာ တားမြစ်ထားတဲ့အတွက် တရုတ်ပြည်ရောက် မြန်မာအလုပ်သမားများ  အထူးသတိထားဖို့လို

CoverLogo
812 Views

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကပြစ်မှုဆိုင်ရာ ဥပဒေ၊ ငြိမ်ဝပ်ပိပြားရေး ဥပဒေ၊ ကွန်ရက်လုံခြုံရေး ဥပဒေ အစရှိတဲ့ သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရ နယ်စပ်‌ဒေသ‌တွေ အပါအ၀င် နိုင်ငံအတွင်း VPN အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားတယ်လို့ ‌ကြေညာချက်တွေ အရ သိရပါတယ်။

အဆိုပါ ကြေညာချက် ကို တရုတ်နိုင်ငံအတွင်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေပါသိစေဖို့ တရုတ် မြန်မာ နှစ်ဘာသာ ဖြင့် ထုတ်ပြန်ကြေညာ ထားပါတယ်။

ကြောညာချက်မှာတော့ VPN App သည်  တရုတ်နိုင်ငံ၏ တရားဝင် ထိန်းချုပ်မှုကို ကျော်လွန်ပြီး သက်ဆိုင်ရာ နိုင်ငံရပ်ခြား ရှိ  Web page သို့မဟုတ် Website က အကြောင်းအရာများ ကို ရှာ‌ေဖွကြည့် ရှုနိုင်တဲ့ တရားမဝင်သော App ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးချင်းကခွင့်ပြုချက်မရှိပဲ  နိုင်ငံတကာကို ချိတ်ဆက်နိုင်တဲ့   အဆိုပါ VPN App အသုံးပြုမှုကို တရုတ်နိုင်ငံ အစိုးရက တင်းကြပ်စွာ တားမြစ်ထား‌ကာ တရားမဝင်ကြောင်း ထုတ်ပြန်ချက်ထဲ မှာ ရေးသားထားပါတယ်။

'' တရုတ်ပြည်မှာ က တရားဝင်ပဲ ဖြစ်ဖြစ် တရားမ၀င်ပဲ ဖြစ်ဖြစ် မြန်မာလူမျိုး သိန်းနဲ့ ချီ ရှိတယ်၊ ယူနန်မှာသာမက ဟိုပေ အရှေ့မြောက်ပိုင်းဒေသ မှာ အများကြီးပဲ ဒါကြောင့် ထုတ်ပြန်တားမြစ် ချက် ကို သိအောင် တရုတ် အစိုးရက 
တရုတ်၊ မြန်မာ နှစ်ဘာသာ နဲ့ ထုတ်ပြန်ပေးတာ မကြာခင်မှာလဲ တယ်ဟုန်‌ဒေသမှာမြန်မာအလုပ်သမား‌တွေ ကို တရားဝင်အလုပ်လုပ်ခွင့်‌ပေးဖို့လဲရှိတယ်ဆို‌တော့ ရောက်နေတဲ့မြန်မာနိုင်ငံသားတွေကော အသစ်ထပ်လာမယ်သူတွေကော အခုကြေညာချက်ကိုအထူးသတိထားဖို့လိုတယ်''ဟု တရုတ်ပြည်နယ်စပ် တွင် အလုပ်လုပ်ကိုင်နေတဲ့  မြန်မာနိုင်ငံသား တစ်ဦးက ပြောပါတယ်။

အဆိုပါတားမြစ်ထားတဲ့ တရားမဝင် VPN App ကိုအသုံးပြုတဲ့  မည်သူမဆို ဒဏ်ကြေးငွေ ယွမ် ၁၅,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး တရားမဝင်လို့ ယူဆရသည့် ဝင်ငွေများကို သိမ်းယူသွားမည်ဖြစ်ကြောင်း၊ မှားယွင်းသောမှတ်ချက်များ၊ ဗီဒီယိုများနှင့် ကောလဟာလ သတင်းအမှားများ ကို ကြည့်ရှုရန်နှင့် ဖြန့်ဝေရန် အတွက် VPN App ကိုလက်ကိုင်ဖုန်းတွင် အသုံးပြုလျှင် ဥပဒေအရ အပြစ်ပေးခံရ မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

ထပ်မံသတိပေးထားတာကတော့   ကိုယ်ရေးကိုယ်တာအသုံးပြုမှု ဒေါင်းလုဒ်ဆွဲခြင်းနှင့် VPN မိုဘိုင်းအက် ကို ရောင်းချခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပါက တရုတ်ပြည် ရဲဌာနတရားဥပဒေအရ  ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာသာမက မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းအစိုးရက လူမှုကွန်ယက်အချို့ နဲ့ VPN App တွေကို ပိတ်ပင်တားမြစ်ထားသလို ဇွန်လမှာတော့ VPN App တွေကို စက်မှုဇုန်ဧရိယာက အလုပ်သမားတွေထံ လိုက်လံစစ်ဆေးတာတွေ ပိတ်ပင်ရန်ကြိုးပမ်းမှုတွေကြောင့် လူမှုကွန်ယက်တွေသုံးစွဲရာမှာအခက်အခဲတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

 


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026