NEWS

တရုတ်မယားအဖြစ် ပို့ဆောင်ရန် ဖြားယောင်းသူတွေကို လူကုန်ကူးမှုဖြင့်နှစ်ရှည်ထောင်ဒဏ် ချမှတ်

CoverLogo
645 Views
 
နေရာဒေသ စုံမှ အမျိုးသမီး ၆ ဦး ကိုငွေကြေးဖြင့် စည်းရုံး ပြီး တရုတ်မယား အဖြစ် ပို့ဆောင် ရောင်းစားဖို့ လုပ်ဆောင်သူတွေ ကို လူကုန်ကူးမှု နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ် ခဲ့တယ်လို့ စစ် ကောင်စီ ပြန်ကြားရေးဌာနက ဖေဖေါ်ဝါရီ ၂ရက်က သတင်းထုတ်ပြန်ထားပါတယ်။
 
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်နေ ရွှေနုစိန်နှင့် မိမိခိုင်တို့က ရခိုင်ပြည်နယ် စစ်တွေမြို့နေ မ----၊ ၂၀/၂၄ နှစ်၊ မ----၊ ၂၂/၂၄ နှစ်နှင့် မ----၊ ၂၉/၂၄ နှစ်တို့ သုံးဦး ကို တရုတ်နိုင်ငံ တွင် တရုတ်အမျိုးသားနဲ့ လက်ထပ်ပါက ငွေကျပ် သိန်း ၇၀ ရရှိမှာ ဖြစ်ပြီး ကလေးယူပြီးပါက နေရပ်သို့ပြန်ရမည်၊ ကား၊ ခြံနှင့် နေရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် စစ်တွေနယ်မြေရဲစခန်း (ပ) ၂၈/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကာ ဇန်နဝါရီ ၂၇ ရက်တွင် တရားခံ ရွှေနုစိန်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
 
အလားတူ တရုတ်နိုင်ငံ ရွှေလီမြို့ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း (ခ) မားမား၊ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဖုရန်းမြို့နေ GAO FENGYING (ကောင်းဖိန်းရင်)၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်နှင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်တို့က လယ်ဝေးမြို့နယ်နေ မ----၊ ၁၉/၂၄ နှစ်အား တရုတ်နိုင်ငံ တွင် တရုတ်ဇနီးမယား အဖြစ်ဆောင်ရွက်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ တစ်နှစ်နေပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်၊ ကလေးမွေးပေးရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြတဲ့ အတွက် လေဆိပ်နယ်မြေရဲစခန်း(ပ) ၂၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအမှုအား တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံနန်းဆိုင်ခမ်း (ခ) မားမားနှင့် ကောင်းဖိန်းရင်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။
 
ဒါ့အပြင် တရုတ်နိုင်ငံ ရွှေလီမြို့ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း (ခ) မားမား၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်နေ ချစ်ထူး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်နေ ကောင်းထက်ကျော် (ခ) ဖိုးစည်တို့က ညောင်ရွှေမြို့နယ်နေ မ----၊ ၂၈/၂၄ နှစ်နဲ့ တောင်ဒဂုံမြို့နယ်နေ မ----၊ ၂၃/၂၄ နှစ်တို့ နှစ်ဦး ကို တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း ၈၀ ရရှိမည်၊ ပတ်စ်ပို့ပြုလုပ်ပေးမည် ခရီးစရိတ်ကုန်ကျခံပေးမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရန်အတွက် စည်းရုံးသိမ်းသွင်းထားရှိပြီး အကျိုး အမြတ်ရယူဆောင်ရွက်ခဲ့ကြတဲ့ အတွက် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၄/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ ကာ တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ တာမှာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံ နန်းဆိုင်ခမ်း (ခ) မားမားနှင့် ချစ်ထူးတို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀)စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026