NEWS

တရားဝင် အလုပ်လုပ်ခွင့် သက်တမ်းတိုးကြေး သုံးဆ အထိတိုးမြှင့်ဖြတ်တောက်ခံနေရလို့ တောင်းဆိုရာ စက်ရုံ ၁၀၀ ကျော်အောင်မြင်မှုရ

CoverLogo
328 Views

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ တရားဝင်လုပ်ကိုင်ခွင့်နှစ်နှစ်စာ သက်တမ်းတိုးပြုလုပ်ရာမှာ ပြင်ပပွဲစားများနဲ့လည်း လုပ်ကိုင်ခွင့်မပေးဘဲ သက်ဆိုင်ရာစက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေဆီကနေ ကျသင့်တဲ့နှုန်းထားအတိုင်း ဖြတ်တောက်တာမျိုးမဟုတ်ဘဲ သက်တမ်းကြေးတွေကို ပုံမှန်ထက်သုံးဆထိတိုးမြှင့်ကာ ဘတ်တစ်သောင်းကနေ ဘတ်တစ်သောင်းခွဲအထိဖြတ်တောက်ခံရပြီး အလုပ်လုပ်ကိုင်နေကြရလို့ မခံနိုင်တော့တဲ့အတွက် မြန်မာအလုပ်သမားတွေဟာ စက်ရုံအချို့မှာတောင်းဆိုမှုတွေ ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။ 

"ကျွန်တော်တို့လည်းနောက်ကနေလိုအပ်တဲ့ အကြံဉာဏ်ပေးတယ်။ ရှင်းပြတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့တောင်းဆို အလုပ်ရုံကိုလေးစား အလုပ်မပျက်နဲ့အလုပ်ပုံမှန်ဆင်း။ အလုပ်သမားတွေကတော့ ဒီလိုလုပ်လို့နောက်ဆုတ်ကြမှာမဟုတ်ပါဘူး။ သူတို့အမှန်တရားအတွက်တော့ သူတို့တောင်းဆိုနေကြမှာပါပဲ လို့ ထိုင်းရောက်မြန်မာ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုရဲမင်းက ဆိုပါတယ်။ 

အဲ့ဒီလိုအဆမတန်တိုးမြှင့်ဖြတ်တောက်မှုတွေမလုပ်ဘဲ ဈေးလျှော့ပေးဖို့ မျိုးတောင်းဆိုမှုတွေပြုလုပ်ရာကနေ အလုပ်သမားတွေဟာ ဘတ် ၁၅၀၀၀ ခန့်အထိပေးဆောင်နေရတဲ့ သက်တမ်းတိုးကြေးတွေကို အနိမ့်ဆုံးဘတ် ၆၀၀၀ ကနေအမြင့်ဆုံး ၈၀၀၀ ကျော်အထိလျှော့ပေးတာတွေပြုလုပ်ပေးတာတွေလည်း ရှိလာလို့ အလုပ်သမား တွေရဲ့တောင်းဆိုမှုတွေ အောင်မြင်တဲ့စက်ရုံတွေပိုများလာတယ်လို့လည်း သိရပါ တယ်။ 

"ကျွန်တော်နဲ့ဆက်စပ်တာ ကိုက ရုံ ၁၀၀ ကျော်လောက်ဆိုရင် အခြားတောင်းဆိုမှုတွေရော လေးငါးဆယ်ဆလောက်ထပ်တိုးမယ်ဆိုရင် ရုံတွေတော်တော်များများကို တောင်းဆိုနေကြတယ်လို့ သတ်မှတ်လို့ရတယ်။ အောင်လည်းအောင်မြင်မှု ရကြတာပဲလေ။ ဒါလည်းအမှန်အကန်ပဲ အစိုးရသတ်မှတ်ဈေးက နှစ်နှစ်စာဗီဇာ နှစ်နှစ်စာပါမစ်သက်တမ်း တိုးတာက ၃၇၀၀ ပဲရှိတာကို တစ်သောင်း တစ်သောင်းခွဲတွေထိကောက်နေတာကြီးက အလုပ်သမားတွေသာ စည်းလုံးရင် မှန်ကန်နေတာဖြစ်တဲ့အတွက် မအောင်မြင်စရာမရှိဘူး။ အားလုံးအောင်မြင်ကြတယ်။ တရုံကတော့  ထိုင်းအာဏာပိုင်ကိုအသုံးချပြီး အလုပ်သမားတွေကိုဖိနှိပ်တာဆိုတော့ မအောင်မြင်ခဲ့ဘူး။ အလုပ်သမားတွေလည်း အလုပ်ဖြုတ်ခံရတယ်" လို့ ယင်းကပြောပါတယ်။ 

အဲ့ဒီလိုမျိုး သက်တမ်းတိုးကြေးတွေကိုတရားဝင်ကုန်ကျစရိတ် ဘတ် ၃၇၀၀ ထက်မကဘဲ ဘတ်တစ်သောင်း ကျော် သုံးဆအထိပေးဆောင်နေရတဲ့  ဖိနှိပ်မှုတွေမြင့်တက်လာမှုအတွက် အလုပ်သမားတောင်းဆိုမှုတွေလည်း ပိုမိုမြှင့်တင်လာခဲ့ရာ သက်တမ်းတိုးကြေးတွေဈေးလျှော့ပေးဖို့တောင်းဆိုမှု စက်ရုံပေါင်း ရာချီအထိရှိလာခဲ့တယ်လို့ လည်းသိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026