NEWS

တရက်လုပ်ခ ၄၈၀၀ ကျပ်နဲ့ ဆန်ကြမ်းတစ်ပြည်ပင်မရနိုင်‌တော့

CoverLogo
516 Views

လက်ရှိအနိမ့်ဆုံးလုပ်ခလစာကို တစ်နေ့လုပ်ခကျပ် ၄၈၀၀ နဲ့ထောက်ပံ့ကြေး ၁၀၀၀ ကျပ် အဖြစ်သာ သတ်မှတ်ရရှိနေပေမဲ့ အလုပ်သမားတွေနေ့စဉ် ပေး၀ယ်နေရတဲ့ဆန်ဈေးကတော့ ဆန်တစ်ပြည်လျင် ကျပ် ၇၀၀၀ ကနေကျပ် ၈၀၀၀ အထိပေး၀ယ်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။စားအုန်းဆီကတော့ တပိဿာကို ၁၃၀၀၀ ကျပ်ဖြစ်လို့  အနည်းငယ်သာ ဝယ်နိုင်တော့တယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာတရှိန်ထိုးမြင့်တက်နေတဲ့ ဆန်ဈေး ဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီ တာဝန်ရှိသူတွေက ဈေးနှုန်းတွေ လျှော့ချပြင်ဆင်သတ်မှတ်ပေမဲ့ အမှန်တကယ်မှာတော့ ဈေးနှုန်းကျဆင်းခြင်းမရှိတဲ့ အပြင် သတ်မှတ်လိုက်တဲ့ ဈေးနှုန်းကို အခြေခံပြည်သူတွေ ခံစားခွင့်မရကြပါဘူး။

"သူတို့သတ်မှတ်တာကသတ်မှတ်တာပဲလေ။  မြေပြင်မှာဆန်လာ၀ယ်ကြည့်ကြအုံး ဆန်တစ်ပြည်ကို ၇၅၀၀ ကနေ ၈၈၀၀ အထိဆန်ကောင်းပေး၀ယ်စားရတယ်။ အနေအထားအတော်လောက်ဆိုရင် ၇၀၀၀ လောက်မှပေးမ၀ယ်ရင်မကောင်းဘူး။  ကျွန်မတို့ဆို ၆၈၀၀ ဆန်၀ယ်ကြည့်တယ် စားလို့အဆင်မပြေတော့ ၇၀၀၀ တန်လောက်စားရတယ်။ ရတဲ့လုပ်အားခကတစ်နေ့ ၄၈၀၀ နဲ့ထောက်ပံ့ကြေးတစ်ထောင် ပေါင်းမှ  ၅၈၀၀ရတာ။ဒါကလည်းထောက်ပံ့ကြေးတစ်ထောင်က တစ်လစာအပြည့်မရဘူး ပိတ်ရက်တွေဆိုရင်တစ်ထောင်မရဘူး ဒါကြောင့် ၄၈၀၀ ကိုသတ်မှတ်ချက်ဖြစ်သလို ခုလည်းအနိမ့်ဆုံးလုပ်ခလစာကို တိတိကျကျသတ်မှတ်ပေးလိုက်စေချင်တာ။ ရတဲ့သူကရ မရတဲ့သူကမရ တကယ်တမ်းကြည့်တော့လည်း ဒါကဒါပဲလေ ဟိုဟာပေးရင်ဒါ လျှော့ ဒါပေးရင်ဟိုဟာလျှော့  အလုပ်သမားကနင်းပြားကနင်းပြားပါပဲ"လို့ စက်မှုဇုန် အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ဆန်ဈေးနှုန်းသတ်မှတ်ချက်တွေဘယ်လိုပင်ထွက်နေပါစေ အလုပ်သမားတွေအနေနဲ့ ဈေးကြီးပေး၀ယ်စားနေရတာသာဖြစ်လို့ အလုပ်သမားတွေရရှိနေတဲ့ တစ်နေ့လုပ်ခလစာဟာဆန်တစ်ပြည်ဖိုးပင်မရှိတာကြောင့်  အလုပ်သမားတွေရဲ့လုပ်ခလစာကိုသတ်မှတ်ချက်နှုန်းထားတစ်ခုအဖြစ်တဲ့ ထွက်လာဖို့မျှော်လင့်နေတာပဲဖြစ်ပါတယ်။ 

လုပ်ခလစာတိုးမြင့်လာခြင်းမရှိတာကြောင့် ဆန်တစ်ပြည် ၇၀၀၀ အထက်နဲ့ဆီတစ်ပိဿာ ၁၃၀၀၀ အထက်ရောက်ရှိတဲ့ ကုန်ဈေးနှုန်းမြင့်တက်နေမှုကို  အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ နဲ့ ဆန်ဈေးနှုန်းသတ်မှတ်ချက်တွေ ဆီဈေးနှုန်းသတ်မှတ်ချက်တွေ စတဲ့လုပ်ဆောင်မှုတွေကြောင့် ဆန်နဲ့ဆီ ရဲ့အဆမတန်ဈေးမြင့်မှုတွေဟာ ကျဆင်းသွားခြင်းမရှိဘဲအမြင့်ဈေးနဲ့သာဆက်လက်ရှိနေတာကြောင့် အလုပ်သမားတွေရဲ့တစ်နေ့လုပ်ခနဲ့ ဆန်တစ်ပြည်ဈေးဆီတစ်ပိဿာဈေးဟာ အင်မတန်ကွာခြားလွန်းနေဆဲ ဖြစ်လို့ အလုပ်သမားတွေအခက်တွေ့နေရတာပဲဖြစ်ပါတယ်။ 

"အောက်ခြေမှာရောင်းပေးတဲ့ ဆန်ကြမ်းတစ်ပြည် ၃၀၀၀ ဆိုတာကလည်း လိုသလောက်မရသလို တခါဝယ်ရင် ၂ ပြည်ပဲရတယ် ပြီးတော့ အစားမခံလို့ ခါတိုင်း ၁ ပြည်ကုန်တဲ့နေရာမှာ ၂ ပြည်တိုးပြီးချက်ရတော့ ဘာမှမထူးဘူး ဒါတောင် ပိတ်ရက်မှာ သွားဝယ်ရတာ အလုပ်ဆင်းတဲ့ရက်တွေဆို ဆန်တွေ ဆီတွေ တိုးဝယ်ဖို့ မဖြစ်နိုင်ဘူး ရောင်းတဲ့ ဈေးနဲ့ ပဲ ဝယ်ရတာပဲ"လို့ အထည်ချုပ်အလုပ်သမားတစ်ဦးကပြောပါတယ်။

သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချခြင်းမပြုလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်တွင်းမှာ ဈေးဝယ်စင်တာတွေ ဆန်ဆိုင်ပိုင်ရှင်နဲ့ ကုန်သည်တွေကိုလည်း ဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ အခြေခံကုန်စည် ဈေးနှုန်းတွေဖြစ်တဲ့ ဆန်ဈေး ဆီ ဈေးနဲ့ ဆေးဝါးဈေးနှုန်းတွေ ကျဆင်းတာမရှိဘဲ အခြေခံ ပြည်သူတွေဟာ ပေါက်ဈေးနဲ့ သာဝယ်ယူအသုံးပြုလာရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026