NEWS

တပတ်လျင် ပိတ်ရက်တရက်အနားပေးဖို့ လိုအပ်နေ

CoverLogo
396 Views
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မှာ ရှိတဲ့ Myanmar Belle International Co.Ltd အထည်ချုပ်စက်ရုံမှာ အချိန်ပိုခိုင်းစေတာကြောင့် ပိတ်ရက်မရှိလုပ်ကိုင်နေရပြီး တပတ်လျင် ပိတ်ရက်တရက် အနားပေးဖို့ လိုအပ်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် IWFM ထံ အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
 
အဆိုပါလုပ်ငန်းမှာ အလုပ်သမား ၅၀၀ ဝန်းကျင်နဲ့ Sinsay အမှတ်တံဆိပ်တွေချုပ်လုပ် နေတာပါ။ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂရော၊ လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီပါဖွဲ့စည်းထားတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၇ နာရီခွဲ ဖြစ်ပြီ အချိန်ပို ၃ နာရီအပါ ( ပုံမှန်) လုပ်ကိုင်ရတယ်လို့ ပြောပါတယ်။
ပုံမှန်တနေ့အလုပ်ချိန် ၁၁ နာရီခွဲ အပါအဝင် နောက်ထပ် အချိန်ပိုကို ည ၁၁ နာရီခွဲအထိ လုပ်ကိုင်ရတာဟာ ၂၀၂၅ ဧပြီလ ကတည်းကလို့ အလုပ်သမားကပြောပါတယ်။
 
"အလုပ်သမားတွေက အချိန်ပိုဆင်းချင်သည်ဖြစ်စေ မဆင်းချင်သည်ဖြစ်စေ ဆင်းရပါတယ်၊ အချိန်ပိုဆင်းရင် ညစာဆိုပြီး ဖြစ်သလိုကျွေးတာ တခါတလေ ထမင်းဖြူပေးတယ် တခါတလေ ပေါင်မုန့်တစ်လုံးပေးတယ် တညလုံးအိုတီဆင်းပြီး မနက်ကျတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရတယ် ည ၁၁ ခွဲထိိဆင်းရရင်လည်း ပြန်ဖို့ အဆင်မပြေလို့ စက်ရုံထဲ ဖြစ်သလိုအိပ်ပြီး မနက်ထပြန်ရတယ် အိမ်ရောက်ရင် ရေမိုးချိုးပြီး အလုပ်ချိန်မနက် ၈ နာရီအမီပြန်လာရတယ် ကြာလာတော့ အလုပ်သမားတွေကမခံနိုင်တော့ဘူး သွားရေးလာရေးရော ကျန်းမာရေးရော ထိခိုက်လာတယ်" လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
ည ၁၁ ခွဲအထိ အချိန်ပိုဆင်းရတာက တနင်္လာကနေ သောကြာနေ့အပြင် စနေ ၊ တနင်္ဂနွေနေ့တွေပါ အနားမရဘဲ ဆင်းရတာဖြစ်လို့ နားရက်ပေးဖို့ အလုပ်သမားတွေက လိုလားနေတာပါ။
 
"အချိန်ပိုတွေခေါ်လို့ တိုင်တာမျိုးတွေလုပ်လည်း အရေးယူတာမျိုးမလုပ်ပါဘူး"လို့ အလုပ်သမားကပြောပါတယ်။
 

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026