NEWS

တပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု ( ဖေဖော်ဝါရီ ၁၀-၁၆)

CoverLogo
717 Views

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။ 

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ဖေဖော်ဝါရီ ၁၀ ရက်နေ့  ကနေ ဖေဖော်ဝါရီ ၁၆ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့   စက်သုံးဆီ၊ ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၀ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၆ရက်အထိ  စက်သုံးဆီဆိုင်တွေမှာ ရောင်းချလျှက်ရှိတဲ့ ဈေးနှုန်းတွေကတော့  ၉၂ တစ်လီတာလျှင် ၃၁၆၀ ကျပ်၊ ၉၅ တစ်လီတာ   ၃၂၂၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၇၃၅ ကျပ်၊ ပရီမီယံဒီဇယ််တလီတာ   ၃၃၇၀ ကျပ် သတ်မှတ်ထားပါတယ်။

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တစ်လီတာ  ၃၂၀၀ ကျပ်နဲ့အရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။
 
တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ၂၈၈၂ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိကို  အခေါက်ရွှေတစ်ကျပ်သားလျှင်  ၅၄ သိန်း ၉ သောင်း ကျပ်သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်နဲ့ ၁၆ရက်မှာတော့ ၅၅ သိန်း၂သောင်း သတ်မှတ်ထားကာ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့ တိုက်တွန်းထားတာပဲဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့ ဖေဖော်ဝါရီ ၁၀ ရက်မှာ  အခေါက်ရွှေ တကျပ်သားလျင် ၆၅ သိန်း ၅ သောင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ရက်နေ့မှတော့ ၆၆သိန်း၂သောင်းဖြစ်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁၂ရက်မှာတော့ ၆၆သိန်းဖြစ်လာပြီး  ဖေဖော်ဝါရီ ၁၃ရက်မှာတော့  ၆၆ သိန်း၄သောင်း၊ ၁၄ရက်မှာ ၆၇သိန်း၂သောင်းဖြစ်ကာ  ဖေဖော်ဝါရီ ၁၅ရက်နဲ့ ဖေဖော်ဝါရီ ၁၆ရက်နေ့အထိမှာတော့  ၆၇ သိန်းဖြစ်တယ်လို့ ပြင်ဈေးကွက်ပေါက်ဈေးအရ သိရပါတယ်။  

ပြင်ပဈေးကွက်ပေါက်ဈေးသိရှိချက်အရ  ပြီးခဲ့တဲအပတ်ကရွှေဈေးနှုန်းထက် မြင့်တက်နေတာတွေ့ရပြီး ယခုတစ်ပတ်မှာလည်း နေ့စဉ်မြင့်တက်နေတာတွေ့ရပါတယ်။  

ပြင်ပရွှေပေါက်ဈေးအရ ရွှေဈေးကွက်မငြိမ်ဘဲ အတက်အကျမြန်နေတာလည်း တွေ့ရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေး တွေကတော့ ဖေဖော်ဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ တပတ်တာလုံးမှာ တဒေါ်လာလျင်  ၄၅၃၀ ကျပ်နှုန်း နဲ့ 
အနည်းငယ်ဈေး တက်လာတာလည်းဖြစ်ပါတယ်။  

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေး ကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၉၇ ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ တစ်ဒေါ်လာလျှင် ၄၀၀၀ ကျော်နှုန်းအထိဖြတ်ခဲ့ကြသလို လက်ရှိမှာတော့  ၄၅၀၀ကျော်နဲ့ဖြတ်နေတာလို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဖေဖော်ဝါရီ  ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၆ရက်အထိ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၀၇၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက်အနည်းငယ်ကျဆင်းလာတာ တွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၂၀၀၀ ကျပ်နဲ့ အမြင့်ဈေးမှာသာ ဆက်လက်တည်ရှိ နေပြီး ရပ်ကွက်တွေရဲ့ လက်လီဈေးနှုန်းကတော့ ၁၃၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။  

စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့် ရောင်းချပေးနေတာတွေပြု လုပ်နေတာဖြစ် ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၅၀၀၊မဂျမ်းတော တစ်ပြည် ၈၅၀၀၊  တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ ရက် ၉၀ တစ်ပြည် ၅၀၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံ အလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာ ကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရာနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊  ချဉ်ပေါင်ရွက်တစ်စီး ၅၀၀ ကျပ် ၊ ကြက်ဥ အသေး တလုံး ၅၀၀ ကျပ်၊ ဘဲဥ တလုံး ၇၀၀ ကျပ်၊ ကြက်သွန်နီ  တစ်ပိဿာ ၄၀၀၀၊  ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။ 

ယခုနှစ်ဆောင်းတွင်းပိုင်းမှာ ဆောင်းသီးနှံပေါများချိန်ရောက်လို့  ဈေးနှုန်းအနည်းငယ်ကျဆင်းလာတာ တွေ့ရပါတယ်။ 

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၁၇၀၀၀ကျပ်(စီပီကြက်)၊ ကြက်နီမတစ်ပိဿာ ၂၀၀၀၀ နဲ့ ဗမာကြက်တစ်ပိဿာ ၂၃၀၀၀၊  အမဲသား တစ်ပိဿာ ၂၅၀၀၀၊ ဝက်သား  ၁ ပိဿာ ၃၀၀၀၀ ဖြစ်ပါတယ်။

ပြည်တွင်းမှာ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခက တရက်ကို ၄၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်သာဖြစ်လို့  ဝင်ငွေနည်းပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဖူလုံမှုမရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026