NEWS

တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု (နိုဝင်ဘာ ၂၅-ဒီဇင်ဘာ ၁)

CoverLogo
330 Views

၂၀၂၄ ရဲ့ နိုဝင်ဘာလကုန်ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေနဲ့သာဆက်ရှိနေပါတယ်။ 

ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ 

ပြည်တွင်းက ဈေးတွေမှာ ပြည်ပထုတ်ကုန်အချို့ပစ္စည်းပြတ်တာ၊ ဝယ်ယူမရတာအထိ ရှိနေပြီး ပြည်တွင်း ထုတ်ကုန်တွေ အစားထိုးဝင်ရောက်နေပေမယ့် ဈေးနှုန်းကတော့ အမြင့်မှာသာရှိနေတာပါ။

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ယခုတစ်ပတ်တာနိုဝင်ဘာ ၂၄ ရက်ကနေ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့   ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ ဈေးနှုန်းတွေ အရ ၉၂တစ်လီတာလျှင်   ၂၉၅၅ကျပ်၊ ၉၅ တလီတာ ၃၁၅၀ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ  ၂၆၂၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၅၅ကျပ်ဖြစ်ပြီး၊ 

နို၀င်ဘာ၂၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိဈေးနှုန်းကတော့ ၉၂ တစ်လီတာလျှင် ၃၀၁၅ကျပ် ၉၅ တစ်လီတာ  ၃၁၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၉၀ ကျပ်ဖြစ်သတ်မှတ်ထားတာဖြစ်လို့ ယခင်ထက် ဈေးနှုန်း မသိမသာကျ ဆင်းလာတာတွေ့ရပါတယ်။ 

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာဖြစ်ပြီး စက်သုံးဆီပြင်ပပေါက်ဈေးကတော့ ၉၂ တစ်လီတာ  ၃၂၀၀ ကျပ်မှ  ၃၅၀၀ ကျပ်နှုန်းဖြင့် ဈေးအနည်းငယ်ကျဆင်းနေတာတွေ့ရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ နို၀င်ဘာ ၂၅ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၇၁ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၂သိန်း ၂ သောင်းကျော်ဖြစ်ကာနိုဝင်ဘာ ၂၆ ရက်နေ့မှာ  ၅၂ သိန်း၈သောင်းကျော်၊ ၂၀ရက်နေ့မှာတော့ ၅၃ သိန်း၄ သောင်းကျော်နဲ့ နို၀င်ဘာ ၂၂ရက်နေ့မှာတော့ ၅၄ သိန်း ၁ သောင်းကျပ်ဖြစ်ကာ အဆိုပါသတ်မှတ်ဈေးနှုန်းဟာ  နိုဝင်ဘာ ၂၄ ရက်နေ့အထိသတ်မှတ်ထားတာဖြစ်လို့ ရွှေအသင်းရဲ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၁ သိန်း ၈ သောင်းဖြစ်တယ်လို့  သတ်မှတ်ထားတာကြောင့်  ယခုတစ်ပတ်တာရဲ့ရွှေလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်ဈေးနှုန်းဟာ  တပတ်တာလုံးဈေးတက်လာတာဖြစ်ပါတယ်။   

ပြင်ပရွှေဈေးကွက်မှာတော့ နိုဝင်ဘာ ၂၅ရက်နေ့  ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၂သိန်းကျပ်ဖြစ်ပြီး ၂၆ ရက်နေ့မှာတော့ ၆၁သိန်း၂သောင်း၊  ၂၇ရက်နေ့မှာ ၆၁သိန်း၈သောင်းဖြစ်ကာ  ၂၈ရက်နဲ့ ၂၉ရက်မှာတော့ ၆၁သိန်း ၇သောင်းနဲ့  နိုဝင်ဘာ ၃၀ရက်နဲ့ ဒီဇင်ဘာ ၁ရက်နေ့မှာ ၆၁သိန်း၂သောင်းကျပ်သို့ပြန်လည်မြင့်တက်လာတာတွေ့ရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အထိ တပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၄၈၀ ကျပ်ကနေ အမြင့်ဆုံး ၄၅၀၀ကျပ်အတွင်းဖြစ်ပြီး တစ်ပတ်တာလုံး အဆိုပါ ၄၅၀၀ ပတ်ချာလည်ဖြင့်သာဈေးတန်းငြိမ်နေတာဖြစ်ပါတယ်။

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ 

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၇၅ ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော် နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  နိုဝင်ဘာ ၂၅ ရက်မှဒီဇင်ဘာ ၁ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၂၈၀ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက် ဆက်လက် ခုန်တက်လာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သာသောနှုန်းထားနဲ့ သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၃၀၀၀  ကျပ်ကနေ ၁၅၀၀၀ အထိ အမြင့်ဈေးမှာသာရှိနေပြီး  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၈၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ်ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံအလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရောနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။ 

ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ကျပ်၊ ၊  ငြုပ်သီးစိမ်းအနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစ်စီး ၁၀၀၀ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀အလုံးသေး၊ ဘဲဥတစ်လုံး ၇၀၀၊ မုံလာဥတစီး  ၁၅၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွန့် တစ်စီး ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၆၀၀၊ ပဲသီး ၁၂၀၀(အစီးသေး)၊  အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၂၅၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၆၀၀၀၊ ဝက်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါး အနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတေမာ တစ်ကတ်  ၁၃၀၀ ( တလုံး ၁၅၀) ၊ သန္ဓေတားဆေး တစ်ကတ် ၄၀၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် ၂၇၀၀  ကျပ်ဖြစ်နေပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။


Related posts

Cover
ရွှေဈေးနှင်အတူ ကြက်ဥဈေးပါ အပြောင်းအလဲ ဖြစ်
Apr 27, 2025
Cover
ငလျင်လှုပ်ခတ်ပြီး အခြေခံကုန်ဈေးနှုန်းများ
Apr 06, 2025
Cover
တပတ်တာ သတင်းသုံးသပ်ချက်  မတ် ၄- ၂၀၂၅
Mar 04, 2025
Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( ဖေဖော်ဝါရီ ၁၀- ၁၆)
Feb 16, 2025
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု ( ဖေဖော်ဝါရီ ၁၀-၁၆)
Feb 16, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Feb 10, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် အခြေခံကုန်စည် ဈေးနှုန်းများစုစည်းမှု
Feb 10, 2025
Cover
၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမ အပတ် တပတ်အတွင်း သတင်းအနှစ်ချုပ်
Feb 02, 2025