NEWS

တနင်္သာရီတိုင်းမှာ တလအတွင်းပြည်သူ ၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး စစ်ရှောင်ပြည်သူ ၆ သောင်း ကျော်အထိ ရှိနေ

CoverLogo
866 Views

မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သား ပြည်သူ ၁၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ FE5 Tanintharyi ရဲ့ လစဉ်အစီရင်ခံစာအရ သိရပါတယ်။ 

အရပ်သားသေဆုံးမှု စုစုပေါင်း ၁၉ ဦးရှိတဲ့အနက် စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အသက်၆ နှစ်နှင့် ၇ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် အရပ်သား ၁၂ ဦးအထိ သေဆုံးခဲ့ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေ ဖမ်းဆီးသတ်ဖြတ်လို့ သေဆုံးသူ ၃ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သတ်ဖြတ်လို့ သေဆုံးသူ ၂နှစ်ဦးနှင့် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရသူ နှစ်ဦးရှိတယ် လို့ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အောက်တိုဘာလအတွင်း စစ်ကောင်စီက အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သူ ၂၀၈ ဦးကျော်ရှိပါတယ်။  

ပြန်လွတ်လာသူ ၁၄၇ ဦးရှိပြီး၊ ဖမ်းဆီးခံရသူများအနက် ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အောက်တိုဘာလတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း ရက်ရှည်စစ်ကြောင်း ထိုးသဖြင့် တိုက်ပွဲ ဖြစ်ပွားမှု၊ နေအိမ်မီးရှို့မှု၊ အရပ်သား ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှု ပိုများလာခဲ့တယ်လို့ သိရ ပါတယ်။

‌တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၆သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ FE5 Tanintharyi အစီရင်ခံစာအရ သိရပါတယ်။ 

“အမိတို့ ရွာသားတွေ ညတိုင်း ရာဘာတောထဲ သွားအိပ်ရတယ်။ ညဘက်တွေဆိုရင် ရွာထဲမှာ သေနတ်သံနဲ့ ဗုံးသံ က ခဏခဏကြားရတယ်။ အိမ်တွေမှာ နေရတာ မလုံခြုံဘူး။ မနက်မိုးလင်းရင် အိမ်ပြန် ချက်ပြုတ်စားသောက်၊ ညဆို တောထဲမှာပဲ အိပ်ရတယ်” လို့ ထားဝယ်မြို့ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ 

တနင်္သာရီတိုင်းအတွင်း မြို့နယ်အလိုက်စစ်ရှောင်ပြည်သူအရေအတွက်မှာ ပုလော ၁၉၀၀၀ခန့်၊ တနင်္သာရီ ၁၃၈၀၀ခန့်၊ လောင်းလုံး ၁၀,၀၀၀ခန့်၊ ထားဝယ် ၆၃၈၉ခန့်၊ သရက်ချောင်း ၅,၀၀၀ ခန့်၊ မြိတ် ၄၀၀၀ခန့်၊ ရေဖြူ ၂၀၀၀ခန့်၊ ကော့သောင်း ၅၀၀ခန့်  စုစုပေါင်း စစ်ရှောင်ပြည်သူ ၆သောင်းကျော်ရှိနေပါတယ်။ 

တနင်္သာရီတိုင်းမှာ အောက်တိုဘာလအတွင်း  တိုက်ပွဲ ၄၁ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေအိမ် ၁၅ခုထက်မနည်းကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026