NEWS

တနင်္ဂနွေနေ့ကို သင်္ကြန်ပိတ်ရက်အစားထိုးဆင်းရန်ဖိအားပေးခံနေရတယ်လို့ဆို

CoverLogo
1.6K Views

တနင်္ဂနွေနေ့ကို သင်္ကြန်ပိတ်ရက်အစားထိုးဆင်းဖို့ ဖိအားပေးခံနေရတာကြောင့် အခက်တွေ့နေရတယ်
လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းက  အောစူပါက အလုပ်သမားများကို ဖိအားပေးခြိမ်းခြောက်ကာ သင်္ကြန်ပိတ်ရက်အတွက် ရက်အစားအတင်းဆင်းခိုင်းနေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ် စက်မှုမြို့တော်မှာရှိတဲ့ SX SXUANG XI အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကိုခြိမ်းခြောက်ပြီး သင်္ကြန်ပိတ်ရက် ရက်အစားတနဂ်နွေနေ့ကို အတင်းဆင်းခိုင်းနေလို့ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

" ရန်ကုန်က အလုပ်လာလုပ်တဲ့ All Super တစ်ယောက်ကပြောတယ် နင်တို့ရက်အစားမဆင်းရင် နောက်ပိုင်း တစ်ခုခုဖြစ်ရင် နင်တို့ကိုမကာကွယ်ပေးဘူးလို့ခြိမ်းခြောက်တယ် ။ လိုင်း 1 to 5ကိုအုပ်ချုပ်တဲ့ All Super ဒေါ်ဝတ်ရည်က လက်မှတ်မဖြစ်မနေထိုးရမယ် ဆိုပြီး ဆဲရေးတိုင်းထွာပြီး ထိုးခိုင်းတယ်။ စက်ရုံထဲမှာ လက်မှတ်ထိုးလိုက်ရတဲ့ လူအနည်းစုကတော့ဆန္ဒမပါပဲ မလွန်ဆနိနိုင်လို့သာ ထိုးလိုက်ရတယ်။ Heatဌာနက ဝန်ထမ်းတွေဆိုရင်လက်မှတ်စာရွက်တောင်မတွေ့လိုက်ရပဲ စာရေးမနဲ့ခေါင်းဆောင်တွေ ညှိ့ပြီး လက်မှတ်အတုတွေထိုးလိုက်ကြတယ်။" လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါစက်ရုံဟာ JAKO အမှတ်တံဆိပ်ကို ချုပ်လုပ်နေပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။

ယခုလို သင်္ကြန်ပိတ်ရက် အစားထိုးဆင်းခိုင်းနေတာကို အလုပ်သမားရုံးကို တိုင်ကြားပါက တိုင်ကြားသူကိုသိရှိပြီး အလုပ်ဖြုတ်ပစ်တာကြောင့် တိုင်ကြားဖို့ အခက်တွေ့နေရတယ်လို့လဲ အလုပ်သမားတွေကပြောဆိုပါတယ်။

"Cutting ဌာနက All Super ကပြောတယ် သတင်းဌာနကိုသတင်းပေးတဲ့သူကို စုံစမ်းမယ် သိရင်အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ တနဂ်နွေနေ့ အစားမဆင်းရင် ဘောနပ်၊ ရက်မှန်ကြေး မပေးဘဲ လစာသီးသန့်ပဲပေးပြီး တစ်ရက်စာ ဒေးကြေး ဖြုတ်ပြစ်မယ် ပြောတယ်၊ HR ကလည်း ဝန်ထမ်းတွေကိုခေါ်ပြီး ရက်အစားဆင်းဖို့အတင်းခြိမ်းခြောက်တယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ထပ်မံပြောဆိုပါတယ်။

" စက်ရုံမှူးကတော့ပြောတယ် သင်္ကြန်ကို ၉ရက်ပိတ်ပေးမယ် ဘာရက်အစားမှမဆင်းရဘူး ဒါကို ရန်ကုန်ကနေအလုပ်လာလုပ်တဲ့ All Super တွေက ၁၀ရက်ပိတ်ပေး တနဂ်နွေနေ့ကို အစားဆင်းပေးမယ် ဝန်ထမ်းတွေကိုလဲ သူတို့ပြောသလိုလုပ် မလုပ်ရင် အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး လက်မှတ်အတင်းထိုးခိုင်းတယ်။ ဌာနဆိုင်ရာကိုတိုင်ဖို့ကျတော့လည်း ဘယ်သူတိုင်ပါတယ်ဆိုတာပြန်ပေါက်ကြားတဲ့အပြင် ဘာမှအရာမရောက်ဘူး" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026