ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မင်ဘူရီနယ်မြေ၊ နိမစ်မိုင်လမ်းရှိ ရေသိုလှောင်ကန် တည်ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ပြိုကျမှုကြောင့် မြန်မာအပါအဝင် လုပ်သား၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
ဇူလိုင်လ ည ၈နာရီ ခန့်က ဘန်ကောက် မင်းဘူရီုခရိုင်ရှိ မြို့တော်ရေသိုလှောင်ရေး ရေကန်တည်ဆောက်မှု အတွင်း ကွန်ကရစ်လောင်းရန် ပြုလုပ်နေစဉ်စတီးဘောင်များ ပြိုကျမှု ဖြစ်ပေါ်ခဲ့ ပြီး အလုပ်သမား ၁၆၀ ဦး အနက် မှ မြန်မာရွှေ့ပြောင်းလုပ်သား၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ထိခိုက်တဲ့ အလုပ်သမား၁၂ဦး ထဲမှာ အမျိုးသား၉ဦးနဲ့ အမျိုးသမီး ၃ဦးတို့ဖြစ်ပြီး ထိုင်းနိုင်ငံသား၂ဦး၊မြန်မာနိုင်ငံသား ၇ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား၃ဦး တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ပြိုကျမှုကြောင့် အလုပ်သမားတွေရဲ့ လက်နဲ့ခြေထောက်တွေ မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရရှိသူတွေကို ဆေးရုံမပို့ခင် ကနဦး ကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ လုပ်ငန်းခွင်အတွင်း ပြိုကျရတဲ့ အကြောင်းအရင်းကိုအာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်း လုံခြုံရေး စည်းကမ်း လိုက်နာမှုရှိမရှိကို ဆက်လက် စစ်ဆေးသွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
Ref-Khaosod English