NEWS

တစ်ပတ်အတွင်း ထိုင်းရောက်မြန်မာအလုပ်သမား ၅၀၀၀ နီးပါး အဖမ်းခံရ

CoverLogo
372 Views

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၅၀၀၀ နီးပါးရှိတယ် လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 

 

ထိုင်းတန်ိုင်ငံလုံးအတိုင်းအတာနဲ့ မှုခင်း ပပျောက်စေရန်နှင့် အများပြည်သူအန္တရာယ်ကင်းလုံခြုံစွာနေထိုင်နိုင်ရေး ခေါင်းစဉ်နဲ့ နိုင်ငံခြားသားများစုပေါင်းနေထိုင်တဲ့နေရာ တွေ ကို ဝင်ရောက်စစ်ဆေးရန် အတွက် စီမံချက်နဲ့ ဖမ်းဆီးခဲ့တာမှာ ထိုင်းဥပဒေနဲ့ အညီ နေထိုင်ခြင်း မရှိတဲ့ နိုင်ငံခြားသား လုပ်သား ၉၅၀၀ ကျော် ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

 

ဖမ်းမိခဲ့တဲ့ လုပ်သား တွေ ထဲ မှာ မြန်မာအလုပ်သမား ၄၈၇၉ဦး၊ လာအိုအလုပ်သမား ၁၆၉၉ဦး၊ ကမ္ဘောဒီးယားအလုပ်သမား၁၃၇၆ဦး၊

ဗီယက်နမ်အလုပ်သမား ၁၀၃ ဦး၊ ထိုင်းနိုင်ငံသား ၅၆၄ဦး နဲ့အခြားနိုင်ငံသား ၉၁၁ဦး တို့ ဖမ်းဆီးခြင်းခံရတယ်လို့  ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ 

 

ဖမ်းဆီးခြင်း ခံရတဲ့ မြန်မာ အလုပ်သမားတွေ ကို ထိုင်းဥပဒေ အရ အရေးယူပြီး ပါက မြန်မာနိုင်ငံဘက်  စစ်ကောင်စီ ထံ သို့ လွှဲပြောင်းပေးနေတဲ့ အတွက် အထောက်အထားမပြည့်စုံ တဲ့ မြန်မာအလုပ်သမားတွေ မှာ  စိုးရိမ်စိတ်တွေ နဲ့ နေထိုင်နေရသလို လုပ်ငန်းခွင်ကို သွားမရတာကြောင့် စားဝတ်နေရေးပါ ခက်ခဲနေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026