NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)

CoverLogo
25 Views
 
Myanmar Labour News ရဲ့ မတ်၂ရက်မှ ဖေဖော်မတ်ဖ၉ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
မတ်၂
ရန်ကုန်၊ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန်၁ကTough Way Garment စက်ရုံဟာအချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် ပါအလုပ်ဆင်းခိုင်း ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်နေကြောင်းMyanmar Labour Newsကို အလုပ်သမားတွေကပြောပါတယ်။
 
ရန်ကုန်၊ရွှေပြည်သာမြိုနယ်၊၀ါးတရာစက်မှုဇုန်၊ ငမိုးရိမ်လမ်းက Chuan Qi အထည်ချုပ်စက်ရုံမှာ လစာနဲ့ ပေးကြေးများ လျော့ပေးလို့ ဖေဖော်ဝါရီ ၂၇ရက်ကစကာအလုပ်သမားတွေ စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့တာတွေရှိခဲ့ပါတယ်။
ရန်ကုန်၊ရွှေပြည်သာမြိုနယ်၊စက်မှုဇုန် (၁)က Precol Myanmar စက်ရုံ မန်နေဂျာဟာလိင်ပိုင်းဆိုင်ရာကျူးလွန်‌ နှောက်ယှက်မှုတွေလုပ်ပြီး ကျင့်ဝတ်မညီမှု ကြောင့်အမျိုးသမီးအလုပ်သမားများ ထိခိုက်နေရကြောင်းMyanmar Labour Newsကို အလုပ်သမားတွေကပြောပါတယ်။
 
မတ်၃
ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး(ပန်းရံ) အလုပ်လုပ်ကိုင်နေ တဲ့ ထိုင်းရောက်မြန်မာလုပ်သားလူငယ် တစ်ဦးမှာ မတ်လ ၁ရက်က ထွက်ရှိတဲ့ ထိုင်းထီ ဘတ်၆သန်း ဆု ကံထူးခဲ့တယ်လို့ ၎င်းဆုငွေ ထုတ်ယူရေးကို ကူညီပေးတဲ့ MHAC မဟာမိတ် အဖွဲ့ ထံ မှ သိရပါတယ်။
 
စစ်ကော်မရှင်လက်အောက်ရှိ လုပ်သက်၁၀နှစ်နဲ့ အထက် စစ်တပ်တပ်ဖွဲ့ ဝင်တွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို စစ်ကော်မရှင်က လုပ်သက်အလိုက် အထူးထောက်ပံကြေးကို လစဉ်ပေးသွားမယ်လို့ မတ်လ၁ရက်နေ့က ကြေညာပါတယ်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၃၁ခု မှ နိုင်ငံရေး အကျဉ်းသား ၃၆၁၃ဦးသာ ပြန်လွတ်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မတ်လ၃ရက် မှာ ထုတ်ပြန်ပါတယ်။
 
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်ရှိAsdet Myanmar Garment စက်ရုံ HR ကအလုပ်ထုတ်မည်ဟု အလုပ်သမား‌ တွေကိုခြိမ်းခြောက်ကာ စက်ရုံတွင်း ရေဗူးရောင်းစားတာတွေလုပ်ကိုင်နေကြောင်း အလုပ်သမားတွေကပြောပါတယ်။
 
မတ်၄
ထိုင်းနိုင်ငံရှိ နိုင်င်ခြားသား လုပ်သားများ အတွက် အလုပ်ရှင်ပြောင်းလဲခြင်း သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အလုပ်သမားတွေ (အောပ့်ဆွတ်) ရုံးသို့ ကိုယ်တိုင်သွားစရာမလိုအပ်တော့ပဲ အွန်လိုင်းစနစ်နဲ့ မတ်လ၄ရက်ကစပြီး လုပ်ဆောင်နိုင်တယ်လို့ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက် မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ အဆောက်အဦး ပြိုကျပျက်စီးမှု မှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား တွေ အတွက် တစ်ဦး လျှင် ဘတ်၁သန်းစီနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို ဘတ်၂ သိန်းစီ လျော်ကြေးပေးကြောင်း စစ်ကော်မရှင်လက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ရန်ကုန်၊အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်၄ က Eurostyle အထည်ချုပ် ဟာ ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်းတဲ့လုပ်ငန်းခွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိနေတယ်လို့ Myanmar Labour Newsကို အလုပ်သမားအချို့ကပေးစာပေးပို့ထားပါတယ်။
 
Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ
(အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(IWD) ဆောင်းပါး)
 
ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့ရှိ ကြိုးထုပ်လုပ်တဲ့ စက်ရုံတစ်ရုံမှ မြန်မာ အလုပ်သမား ၁၀၄ဦး အပေါ် အလုပ်သမားအခွင့်ရေးတွေ များစွာ ချိုးဖောက်နေတဲ့ အတွက် သက်ဆိုင်ရာ မြို့နယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို နစ်နာသူအလုပ်သမားတွေက တိုင်ကြားခဲ့ ရာ အလုပ်သမား အခွင့်ရေးတွေ ပြန်လည်ရရှိခဲ့တယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
မတ်၆
မလေးရှားကို အလုပ်သွား လုပ်ရန် ပွဲစားခ ဘတ်၅သောင်းမှ ၁သိန်းအထိ ပေးလာရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၆၀ နီးပါးဟာ ထိုင်းနိုင်ငံ အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ဖြင့် အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ပြည်တွင်း မှာ အသုံးပြုနေတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ယခုမတ်လ ပထမအပတ်ကစပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို စတင်အသုံးပြုမှာ ဖြစ်ကာ လာမယ့် ဧပြီ၁ရက် အထိ မှတ်ပုံတင်ထားခြင်းမရှိပါက ကျသင့်တဲ့ အခွန်ငွေ အပြင် ဒဏ်ကြေးပါ ပေးဆောင်ရမယ်လို့ စစ်ကော်မရှင်က မတ်လ၅ရက်မှာ အသိပေးကြေညာပါတယ်။
 
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃က ILTERU Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမားများ နှစ်ချီကြာအောင် လူမှုဖူလုံရေးကြေးထည့်သွင်းနေရပေမယ့် လူမှုဖူလုံရေး ကတ်မရသလို၊ ဖူလုံရေးခံစားခွင့်တွေလည်း တစ်ခုမှရမနေကြောင်း အလုပ်သမားတွေကပြောပါတယ်။
 
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် " ၇ခုကို စက်ရုံအလုပ်ရုံတွေသိရှိ‌ စေရန်ဖော်ပြတောင်းဆိုခဲ့ပါတယ်။
 
စက်ရုံ၊အလုပ်ရုံ ကြို/ပို့ယာဉ်တွေ ကျောင်းကြို/ပို့ ယာဉ်တွေ နဲ့ အလုပ်ဌာန တွေ အတွက် အသုံးပြုရတဲ့ လုပ်ငန်းသုံးယာဉ်တွေ ဟာ ၎င်းလုပ်ငန်းအတွက် သုံးစွဲကြောင်း သက်ဆိုင်ရာ အလုပ်ဌာန ရဲ့ ခိုင်လုံတဲ့ အထောက်အထား သို့မဟုတ် ထောက်ခံချက်ပါရှိမှသာ နေ့စဉ် ပြေးဆွဲခွင့်ရရှိမယ်လို့ မတ်လ၄ရက်နေ့မှာ စစ်ကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။
 
မတ်၇
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်ကJinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ ကာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအများကြီး ကြုံတွေ့နေရကြောင်း
Myanmar Labour Newsကို အလုပ်သမားတွေကပြောပါတယ်။
 
စက်သုံးဆီချွေတာရေး အတွက် မတ်လ၇ ရက်မှ စတင်သတ်မှတ် လိုက်တဲ့ စုံရက် မရက် ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့် စနစ် ကို ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ သို့မဟုတ် ဒဏ်ငွေ ကျပ်၂သောင်းသို့မဟုတ် ဒဏ်နှစ်ရက်လုံး ကျခံ နိုင်တယ်လို့ စစ်ကော်မရှင် လက်အောက်ခံ နေပြည်တော် ယာဉ်ထိန်းရုံးရဲ့ မတ်လ၆ရက် နေ့စွဲဖြင့် ထွက်ရှိတဲ့ လျှို့ဝှက် အမိန့် အရ သိရပါတယ်။
 
လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ်ပေါင်း ၁၂၈ မြို့နယ်မှ အာမခံလုပ် သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ထံမှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၊ အပြင်ဗဒံကျေးရွာ အနော်ရထာစက်မှုဇုံ ရှိ ဧရာဟင်္သာ ဆန်စက်အတွင်း ဆန်အိတ်ပုံပြိုကျပြီး အမျိုးသားလုပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။
 
Myanmar Labour News ရဲ့ ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း ကဏ္ဍမှာစက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် တဲ့ အကြောင်းဖော်ပြခဲ့ပါတယ်။
 
ရန်ကုန်မြို့၊ မြစိမ်းရောင်စက်မှုဇုန်က Sky Fashion Myanmar အထည်ချုပ် မှာ လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ်ပြန် ပြောင်းအလုပ်ခိုင်းတာတွေရှိနေကာ အလုပ်သမားအခွင့်အရေးချိုးဖောက်နေကြောင်းMyanmar Labour Newsကို အလုပ်သမားတွေကပြောပါတယ်။
 
"မေတ္တာနဲ့ အသိအမှတ်ပြုမှု တောင်းဆိုခြင်း - လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဝန်းကျင်တစ်ခု"
(မတ်လ ၈ ရက်၊ ၂၀၂၆) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဆောင်းပါး
မတ်လ ၈ ရက်မှာ ကျ​ရောက်တဲ့ ၁၁၆ ကြိမ်​မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ​နေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှု လက်မှု အလုပ်သမားများအဖွဲ့ချုပ် အဖွဲ့၀င် အလုပ်သမား​တွေ၊ ​​ရွှေ့ပြောင်းအလုပ်သမား​တွေနဲ့ ပြည်တွင်းအထည်ချုပ်လုပ်သားတွေပါဝင်ခဲ့ပါတယ်။
 
မတ်၈
၁၁၆ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ FGWM အလုပ်သမားညီကိုမောင်နှမများမှ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
 
မတ်၉
ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊ရွာသာကြီးစက်မှုဇုန်ကMyanmar Handsome အထည်ချုပ်ဟာ အလုပ်သမားတွေကို လုပ်ငန်းခွင်ဝင်စဉ် EC စာချုပ်ချုပ် ပေးရာမှာ ECစာချုပ်တစ်စုံထုတ်ပေး မထားလို့ စာချုပ်ပါ စည်းကမ်းနဲ့ရပိုင်ခွင့်တွေရှင်းလင်းစွာမသိရပဲအလုပ်သမားအခွင့်အရေးများ နစ်နာနေရကြောင်း Myanmar Labour Newsကိုအလုပ်သမားတွေကပြောပြထားပါတယ်။
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်ရှိHope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေကMyanmar Labour Newsကိုပေးစာပေးပို့ထားတာပါ။
 
ထိုင်းနိုင်ငံ စမူပကန်မြို့နယ် ဘန်ပူမိုင် ကျေးရွာ၊ဘန်ပူစွယ် 69တွင် နေထိုင်တဲ့ မြန်မာအလုပ်သမား (MOU,PJ,ဘတ်အသစ်)ကိုင်ဆောင်ထားသူ ၂၈ဦး ကို မြန်မာပွဲစား ဆိုသူက အလုပ်သွင်းပေးမယ်ဆိုကာ စမတ်ခများ လိမ်ယူပြီး ထွက်ပြေး သွားတယ်လို့ ၎င်းအမှု ကို ကူညီပေးတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံ မှာ အလုပ် လုပ်ဖို့ အတွက် ထိုင်းနိုင်ငံ သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ လုပ်သား ၆၀ကျော် ကို မတ်လ၈ ရက်မှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။
 

Related posts

Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026
Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026