ARTICLE

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၀-နိုဝင်ဘာ၁၆)

CoverLogo
215 Views
 
Myanmar Labour News မှာ နိုဝင်ဘာ (၁၀) ရက်ကနေ နိုဝင်ဘာ(၁၆) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
နိုဝင်ဘာ ၁၀
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း ထားပါတယ်။
 
ထိုင်းရဲဖမ်းဆီးသဖြင့် ကားမောင်းပြေးရာမှ မြန်မာ ၂၁ ဦးဒဏ်ရာရရှိ သွားပါတယ်။
 
နိုဝင်ဘာ ၁၁
ထိုင်းမှာ ကြွေထည်စက်ရုံမှ မြန်မာအလုပ်သမား ၁၁ ဦးလုပ်အားခဘတ်နှစ်သိန်းခွဲကျော်မရသဖြင့်သက်ဆိုင်ရာ ကိုတိုင်ကြား ထားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကနေသိရပါတယ်။
 
ထိုင်းအစိုးရမှ နိုင်ငံခြားသားအလုပ်သမားများကို ဝေါ့ပါမစ်စစ်ဆေးမှုများကိုပိုမိုတင်းကြပ်သွားမယ်လို့သိရပါတယ်။
ထိုင်းမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာ အယောက် ၉၀ စစ်ကော်မရှင်ထံ ထပ်မံလွှဲပို့ လိုက်ပါတယ်။
 
၄ နှစ်တာကာလအတွင်း စစ်ကြောရေးနဲ့ အကျဉ်းထောင်အသီးသီးကို ဖြတ်သန်းခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင်ကိုသက်နှင်းအောင်က အကျဉ်းကျခံနေရဆဲ အလုပ်သမား အရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးလွတ်မြောက်ခွင့်ရဖို့လည်း လိုလားနေပါတယ်။
 
နိုဝင်ဘာ ၁၂
ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီးစက်မှုဇုန်က Long Pine Co.,Ltd အထည်ချုပ် ကခွင့်ရက် မပေးဘဲ အလုပ်ထုတ်လိုက်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ကမ္ဘောဒီးယားလုပ်သားများနေရာ မြန်မာ၊ ဗီယက်နမ်၊ လာအိုလုပ်သားများအမြန်အစားထိုးမယ်လို့ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။
 
ထိုင်းတာယာစက်ရုံတွင် လက်ကောက်ဝတ်ဆုံးရှုံးခဲ့ရသော မြန်မာလုပ်သား လျော်ကြေးဘတ် ၈ သိန်းကျော်ရရှိ သွားတယ်လို့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ကသိရပါတယ်။
 
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။ (သတင်းဆောင်းပါး)
 
နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန် ကShun Yu Myanmar Garment Co.,Ltdတွင်လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ ကြောင်း အလုပ်သမားပေးစာ ကို မြန်မာ နိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံအကူအညီတောင်းခံပေးပို့ထားပါတယ်။
 
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့ နေတယ်လို့ သိရပါတယ်။
 
ရန်ကုန်၊လှိုင်သာယာစက်မှုဇုန်ကShuangxi Myanmar Garment စက်ရုံ အလုပ်သမားကို နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း နေတာတွေရှိနေတယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံက မုန့်စက်ရုံမှာ နေ့စားမှ ပုတ်ပြတ်စား အဖြစ် အတင်းအကျပ် လုပ်ဆောင်ခိုင်းခြင်းကို လက်မခံသဖြင့် မြန်မာလုပ်သား ၁၆၉ ဦးကို အလုပ်ထုတ်လိုက်တယ်လို့သိရပါတယ်။
 
နိုဝင်ဘာ ၁၄
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ မြစိမ်ရောင်စက်မှုဇုန်က Win Land အထည်ချုပ်စက်ရုံမှာအလုပ်သမား‌ေတွအလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ လို့ လုပ်ငန်းခွင်ချိုးဖောက်တာတွေအတွက် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို တိုင်ကြားထားပါတယ်။
 
၂နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်တဲ့နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိတယ်လို့ စစ်ကောင်စီကပြောထားပါတယ်။
 
ထိုင်း မီးကြိုးစက်ရုံ မှ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၅၁ ဦး အတွက်နစ်နာကြေး ဘတ်၁သန်းကျော်ရရှိတယ်လို့ WAGမဟာမိတ်အဖွဲ့ကသိရပါတယ်။
 
ထိုင်းရှိလမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား၈ဦးအဖမ်းခံရ ကြောင်း ထိုင်းကအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
 
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်၄က Lita Myanmar အထည်ချုပ် မှာစနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ တဲ့ကိစ္စကိုအလုပ်သမားတွေကမြန်မာ နိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံပြောထားပါတယ်။
 
ထိုင်းနိုင်ငံဝင်ခွင့် Free ဗီဇာနှစ်ကြိမ်ထက် ပိုတိုးခွင့်မပြုတော့ကြောင်းထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ထိုင်းမှာ စားအုန်ဆီစက်ရုံတွင်းက ဓါတုရေကန် ကို သန့်ရှင်းရေးပြုလုပ်ရတဲ့ မြန်မာလုပ်သား ၂ ဦး အဆိပ်ဓါတ်ငွေ့ကြောင့် သေဆုံးကာ၁ ဦးပြင်းထန်ဒဏ်ရာရ သွားတယ်လို့ ထိုင်းသတင်းတွေကသိရပါတယ်။
 
လုပ်ခ၊ အချိန်ပိုနှင့် ငွေကြေးဆိုင်ရာ ချိုးဖောက်မှုများ (သို့မဟုတ်) အောက်တိုဘာ ချိုးဖောက်မှုများ(စုစည်းဖော်ပြထားပါတယ်)
 
Myanmar Labour News ရဲ့ အပတ်စဥ် ကုန်ဈေးနှုန်းအကြောင်း ဖော်ပြချက်မှာ၀င်ငွေနည်း မိသားစုတွေ အခက်တွေ့ရတဲ့ ကုန်ဈေးနှုန်းအကြောင်းကိုဖော်ပြထားပါတယ်။
 
နိုဝင်ဘာ ၁၅
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် ကMyanmar Huasheng Golden Fashion အထည်ချုပ်ဟာ အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ် လိုက်တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“နယူးဇီလန် လွှတ်တော်ကိုယ်စားလှယ်များ၏ အချက်အလက် ရှာဖွေရေးမစ်ရှင်”ဆိုင်ရာ ဆောင်ရွက်ချက်များကို မြန်မာပြည်သူလူထုကို အစီရင်ခံတင်ပြခြင်း နှင့် နိုင်ငံတကာအသိုင်းအဝန်းသို့ တိုက်တွန်းလှုံ့ဆော်ခြင်း" ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၁၅ တိုက်ရိုက်ထုတ်လွှင့်ဆွေးနွေးပွဲ
ကို (မြန်မာစံတော်ချိန် နေ့လည် ၁၂း၃၀ - ၂း၀၀ နာရီအထိ) ပြုလုပ်ကျင်းပခဲ့ပါတယ်။
 
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု" သတင်းဆောင်းပါးကိုဖော်ပြထားပါတယ်။
 
နိုဝင်ဘာ ၁၆
ရန်ကုန်၊ ရွှေပြည်သာက ၊သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Myanmar Bestfortune Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံမှာ မြန်မာ့အလုပ်သမားဥပဒေတွေကို ကျော်လွန်ပြီး ခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံကုန်ထုန်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက တိုင်ကြားထားပါတယ်။
 
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026
Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026