NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)

CoverLogo
136 Views
Myanmar Labour News ရဲ့ ဇန်နဝါရီ၁၉ရက်နေ့မှဇန်နဝါရီ၂၅ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
ဇန်နဝါရီ ‌၁၉
 
ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်က Brothers Myanmar Clothing Co.Ltdအထည်ချုပ် စက်ရုံမှာ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆိုတာတွေရှိနေကြောင်း အလုပ်သမားတွေက ကMyanmar Labour Newsကို ပြောပါတယ်။
 
ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင် လတ်ယာ ဒေသ ရှိ အဝေးပြေး လမ်းမပေါ် မောင်းနှင်လာတဲ့ ကားတစ်စီး ပေါ်မှာ ပြည့်ကြပ်စွာ တင်ဆောင်လာတဲ့ မြန်မာလုပ်သား၄၈ဦး ကို ထိုင်းအာဏာပိုင်တွေ က စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
 
တောင်ကိုရီးယား နိုင်ငံကိုရောက် ရှိကာအထည်ချုပ်စက်ရုံ မှာအလုပ်လုပ်နေတဲ့မြန်မာလုပ်သား တစ်ဦးဟာ စက်ရုံ အတွင်း မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ တောင်ကိုရီးယား ရှိ မြန်မာလုပ်သား အရေး ကူညီသူထံမှ သိရပါတယ်။
 
ဇန်နဝါရီ ၂၀
 
မြန်မာ-ရုရှား နှစ်နိုင်ငံ ကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ အတွက် အပြန်အလှန် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ကို ဇန်နဝါရီ ၂၇ ရက်က စတင် ပြီး အသက်ဝင်ပြီ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
 
တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၂၆၀ ဦးကို ယခု ဇန်နဝါရီ လအတွင်းမှာ စေလွှတ်ခဲ့တယ်လို့ ကိုရီးယားရှိ မြန်မာသံရုံး(ဆိုးလ်မြို့)က ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ၊ အန်ထောင်ခရိုင်အတွင်း တရားမဝင် ဝင်ရောက် လို့ အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေက ဖမ်းဆီးခဲ့တဲ့ ထိုင်းရဲအရာရှိ အတွက် "Happy Birthday" မွေးနေ့သီချင်း စုပေါင်းသီဆိုပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြ ချက်အရ သိရပါတယ်။
 
ဇန်နဝါရီ ၂၁
 
ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊ရွှေပြည်သာစက်မှုဇုန်(၃)မှာရှိတဲ့ COSTEC အထည်ချုပ်စက်ရုံ မှာစက်ရုံတွင်းလုပ်ခလစာဒေးကြေး ကျပ် ငါးရာ တိုးပေးဖို့နှစ်ပတ်ကြာ‌ တောင်းဆိုတာတွေပြုလုပ်ပြီးနောက်တောင်းဆိုကြတဲ့ အလုပ်သမား‌ေတွရဲ့ခေါင်းဆောင်အား အလုပ်ဖြုတ် လိုက်တယ်လို့သိရပါတယ်။
 
ဇန်နဝါရီ၂၂
 
ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊ရွှေပြည်သာစက်မှုဇုန်(၃)ကအလုပ်သမားအဖွဲအစည်းခေါင်းဆောင် တဦးကို စက်ရုံတာဝန်ရှိသူတွေ အလုပ်က ထုတ်ပယ်တာကို ပြန်ခန့်ပေး ဖို့နဲ့ ဖိနှိပ်မှုတွေပြုလုပ်နေတဲ့ HR ဝန်ထမ်းတွေကို အလုပ်ကထုတ်ပယ်ဖို့ အလုပ်သမားတွေက တောင်းဆို နေတယ်လို့ ပါဝင်‌နေသူ တဦးက Myanmar Labour News ကို ပြောပါတယ်။
 
ရန်ကုန်၊လှိုင်သာယာမြို့နယ်၊ရွှေသံလွင်စက်မှုဇုန်က Sunday coffee၊ Rich creamy‌ တွေထုပ်လုပ်နေတဲ့ Innovation Food Co.,Ltd ပိုင်စက်ရုံ မှာ ကုန်ကြမ်း မရှိတဲ့ပိတ်တဲ့ရက်အတွက် ရက်အစား ပြန်ဆင်းခိုင်းတာ၊ စက်ရုံ အလုပ်ချိန် အဆိုင်း ၂ဆိုင်း ခွဲထားပြီး အလုပ်ချိန်ကိုလည်း ပုံမှန် သတ်မှတ်ထားတာ မရှိတာတွေ ကြုံနေပြီးအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရကြောင်း အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။
 
ထိုင်းနိုင်ငံ တွင် အလုပ်သမား ဘတ်(Work Permit) စာရင်း တင်ရာမှာ အလိမ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၁၄၀၀ကျော် ကို ကူညီဆောင်ရွက်ပေးမယ်လို့ ထိုင်း-မြန်မာ စကားပြန်၊ဘာသာပြန်များအသင်း -TMIA (Thai-Myanmar Interpreter Translator Association ) အဖွဲ့က ဇန်နဝါရီ၂၀ရက်က ထုတ်ပြန်ပါတယ်။
 
ပြည်ပမှ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သားတွေ ကစစ်ကော်မရှင် လက်အောက် ရှိ အလုပ်သမားဝန်ကြီးဌာနထံ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ် (OWIC)ကတ် လျှောက်ထားရာ မှာ လျှောက်ထားလာတဲ့ လုပ်သားတွေရဲ့ ပြည်ပမှ အလုပ်ရှင် နဲ့ HR တွေထံ ဖုန်းဆက်တာမှာ ဆက်သွယ်မရ လို့ဆိုပြီး လုပ်သားအချို့ကို OWIC ကတ် ပြုလုပ်ခွင့်မပေးဘူးလို့ Safe Migration တယ်လီဂရမ်ရဲ့ ဇန်နဝါရီ၂၂ရက်က ထုတ်ပြန်အသိပေးချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ ဖတ္တလွန် ပါဘွန်မြို့နယ် တွင် မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ Fortuner ကားတစ်စီး ဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွါးခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရာရှိခဲ့တယ်လို့ ထိုင်သးသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ နောင်ခမ်းမြို့နယ်အနီး တွင် မြန်မာလုပ်သားတွေ စီးနင်းလာတဲ့ စက်ရုံဝန်ထမ်း ကြိုပို့ ဘတ်စ်ကား တိမ်းမှောက် တာကြောင့် မြန်မာလုပ်သား ၄၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်း တွေ အရ သိရပါတယ်။
 
ပြည်ပနိုင်ငံ သို့ ကျွမ်းကျင် လုပ်သားဖြင့် သွားရောက်မယ့်သူတွေနဲ့ ပြည်ပမှ ခွင့် ဖြင့် ပြန်လာ သူတွေ အား ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် OWIC လျှောက်ထားရာမှာ လုပ်ငန်းရှင်ကိုဆက်သွယ်နိုင်မယ့်ဖုန်းနံပတ် နဲ့ အီးမေးလိပ်စာ တို့ကိုပါ ထည့်သွင်း လျှောက်ထားရမယ်လို့စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ရဲ့ Safe Migration တယ်လီဂရမ် ကနေ ထုတ်ပြန်အသိပေးထားပါတယ်။
 
ဇန်နဝါရီ၂၃
 
ထိုင်းနိုင်ငံ အတွင်း မှာ အကြောင်း အမျိုးမျိုးနဲ့ အဖမ်းခံရပြီး ပြစ်ဒဏ် ကျခံ ပြီးတဲ့ မြန်မာနိုင်ငံသား ၁၆၄ဦး ကို ထိုင်းအာဏာ ပိုင်တွေက မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ ရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ဇန်နဝါရီ ၂၄
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ရွှေလင်ဗန်းစက်မူဇုန်က Tianjin fashion Milestone အထည်ချုပ်မှာ အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ ခဲ့သလို အလုပ်သမားဝန်ကြီး ရွေးကောက်ပွဲဝင်မဲ့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှာတည်ရှိတဲ့အဆိုပါ Tianjin fashion Milestone အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံရကြောင်းစက်ရုံလုပ်သားအချို့က Myanmar Labour News ကို ပြောပါတယ်။
 
Myanmar Labour News ရဲ့ ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း ကဏ္ဍမှာတော့ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံနေရကြောင်းဖော်ပြခဲ့ပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026