NEWS

တစ်နှစ်အတွင်း မြန်မာနိုင်ငံသားအဖြစ် မှ စင်္ကာပူနိုင်ငံသား အဖြစ်ပြောင်းလဲခံယူသူ ၃၀၀ ခန့်ရှိ

CoverLogo
374 Views
 
မြန်မာနိုင်ငံသား အဖြစ်မှ စင်္ကာပူ နိုင်ငံသား အဖြစ်သို့ မိမိတို့ သဘောဆန္ဒ အရ ပြောင်းလဲ ခံယူတဲ့ သူ ၂၀၂၄ ခုနှစ် တစ်နှစ် အတွင်း ၃၀၀ခန့်ရှိတယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ဖေဖော်ဝါရီလ ၃ရက် နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
မြန်မာနိုင်ငံသား ၂၇၈ ဦးမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်း(မှတ်ပုံတင်) တို့ကို မြန်မာသံရုံး(စင်္ကာပူမြို့) ကို လာရောက် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို မှတ်ပုံတင် မူရင်း လာရောက် အပ်နှံထားသူတွေ အနေနဲ့ သံရုံးရဲ့ ထောက်ခံစာ ကို ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီ ၂၈ရက် မတိုင်မီ မြန်မာသံရုံး ရုံးဖွင့်ရက် တွေ မှာ လာရောက် ထုတ်ယူဖို့ နာမည်စာရင်းဖြင့် ပူးတွဲ ထုတ်ပြန် ထားပါတယ်။
လာရောက်ထုတ်ယူစဉ် မှာ လည်း မြန်မာ နိုင်ငံကူးလက်မှတ် မူရင်းနဲ့ Processing Letter တို့ကို တစ်ပါတည်း ပြန်လည်အပ်နှံရမယ်လို့ အသိပေးကြေညာထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၅ခုနစ် ဇန်နဝါရီ ၃ ရက် နေ့က လည်း မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်လိုသူတွေ ကို အထောက်အထားအပြည့်အစုံဖြင့် လျှောက်ထားဖို့ကိုလည်း မြန်မာသံရုံးက ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

Related posts

Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026