NEWS

တစ်နေ့ အလုပ်ချိန် ၁၂ နာရီကနေ ၁၆ နာရီထိ လုပ်ကိုင်နေရ သော်လည်း လူမှုဖူလုံရေးခံစားခွင့်တွေပိုမိုဆုံးရှုံးလာ

CoverLogo
1.7K Views

အလုပ်သမားဥပဒေအရ စက်ရုံအလုပ်ရုံတွေမှာ တစ်နေ့အလုပ်ချိန် ၈ နာရီ၊ အချိန်ပို တပတ်လျင် နာရီ ၂၀ သတ်မှတ်ထားပေမဲ့ စက်ရုံအများစုက အလုပ်သမားတွေဟာ သာမန် အလုပ်ချိန်မှာ အချိန်ပို ၂ နာရီ ခန့်ပါဝင်ပြီး တစ်နေ့အလုပ်ချိန် ၁၀ နာရီက အနည်းပါးဆုံးဖြစ်နေတာတွေ့ရပါတယ်။

 

လက်ရှိ အထည်ချုပ်လုပ်ငန်းတွေမှာ အော်ဒါ အကြောင်းပြချက်နဲ့ တစ်နေ့အလုပ်ချိန် ၁၂ နာရီကနေ ၁၆ နာရီထိ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

တခါတရံမှာ အောလင်း အောနိုက်ဆိုတဲ့ တစ်နေ့ နှင့်တစ်ည ဆက်တိုက် ဆင်းရပြီး မနက်ပိုင်း အိမ်ပြန် ရေမိုးချိုးကာ တစ်နေကုန် အလုပ်ပြန်ဆင်းရတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတာပါ။

 

"အောနိုက်ဆိုတာကည ၁ နာရီ ဖြစ်ချင်ဖြစ်မယ် ၂ နာရီ ဖြစ်ချင်ဖြစ်မယ်၊ အောလင်းဆိုတာက တညလုံးမိုးလင်းအထိ ဆင်းရတာပေါ့ အချိန်ကန့်သတ်ထားတာတော့မရှိဘူး"လို့ အလုပ်သမား တစ်ဦးကပြောပါတယ်။

 

အခုလိုအလုပ်ချိန်များပြီး အနားယူချိန်မရလို့ ကျန်းမာရေးထိခိုက်ပါကကျန်းမာရေးခွင့်နဲ့ လူမှူဖူလုံရေးခံစားခွင့် တွေ မရရှိဘဲ ခံစားခွင့်တွေ ပိုမိုဆုံးရှုံးလာတယ်လို့ အလုပ်သမားများထံက သိရပါတယ်။

 

"ခုနောက်ပိုင်းအလုပ်သမားတွေက အချိန်ပိုမတရားဆင်းလာရတယ်။ အလုပ်ပင်ပန်းအိပ်ချိန်မမှန်လို့ နေမကောင်းလို့ခွင့်ယူရင်လည်း မရဘူး။ခွင့်မပေးဘူး ကြိုတင်ရမယ်တို့ ကြိုမတင်ရင်မရဘူးဆိုတာတွေ။ ဆေးစာပါမှရမယ်ဆိုတာတွေ ဒါတောင်အဖြတ်ခံရတယ်။ အချိန်ပိုဆင်းပေးရတာတွေဟာ အောလင်းအောနိုက်( နာရီ ၂၀ ကျော် )ဆို ​ကြာရင်ထိမှာ။ အချိန်ပိုအလုပ်မဆင်းရင်ကို အလုပ်ထုတ်နေတာတွေ ခွင့်မပေးတာတွေက အတော်လေးကိုများလာပါတယ်" လို့ အလုပ်သမားရေးကူညီသူက ဆိုပါတယ်။ 

 

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ နှစ် ဇွန်လထဲမှာ ထုတ်ပြန်ထားတဲ့ “စက်ရုံ၊ အလုပ်ရုံ များ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန်ချက်” ထဲမှာ တော့ မည့်သည့် အလုပ်သမားမဆို ရက်သတ္တပတ်ကို အချိန်ပိုမပါ ၄၄ နာရီထက်ပိုပြီး အလုပ် မလုပ်ရလို့ သတ်မှတ် ထားပြီး အချိန်ပိုအနေနဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ တရက် ၃ နာရီနဲ့ ၁၅ နာရီ၊ စနေ့ တစ်ရက်အတွက် အချိန်ပို ၅ နာရီ၊ ရက်သတ္တပတ်အတွက် နာရီပေါင်း ၂၀ သာ ခေါ်ယူလုပ်ကိုင်ဖို့ သတ်မှတ် ထားပါတယ်။ 

 

စက်ရုံတွေအများစုဟာ လက်ရှိမှာ အချိန်ပိုခေါ်ယူတာတွေကိုအပြင်းအထန်လုပ်လာပြီး ကျန်းမာရေးပျက်လို့ခွင့်ယူပါက လူမှုဖူလုံရေးရုံးရဲ့ထောက်ခံချက်မှကျန်းမာရေးခွင့်ပေးတာတွေ၊ အကြီးစားခွဲစိတ်မှုဆေးရုံတက်ရတာတွေမှသာခွင့်ပေးတာတွေ သာမန်နေမကောင်းဖြစ်ရုံကို ခွင့်မပေးဘဲ လူမှုဖူလုံရေးရုံးထောက်ခံချက်တွေ စတဲ့ကန့်သတ်ထားတာတွေကြောင့် အလုပ်သမားတွဟာ 

ခွင့်ယူဖို့အခက်အခဲရှိနေရာကနေ ကျန်းမာရေးခွင့်တွေဆုံးရှုံးလာတာလို့ သိရပါတယ်။ 

 

" အလုပ်သမားတွေက အောနိုက်အောလင်း

တောက်လျှောက်အလုပ်တွေဆင်းနေရလို့ ကျန်းမာရေးပျက်ရင်လည်း ခွင့်မပေးဘူးအကုန်ဖြတ်တာပဲ။ အချိန်ပိုမဆင်းတဲ့အလုပ်သမားဆိုရင် အလုပ်ဖြုတ်ခံရတယ်။ ဒဲ့ကြီးဖြုတ်တာတော့မဟုတ်ဘူး။ အချိန်ပိုမ ဆင်းဘူးဆိုတာနဲ့ အဲ့ဒီအလုပ်သမားကိုပြဿနာရှာပြီးရအောင်ဖြုတ်တယ်။ စက်ရုံမှာWCC မရှိဘူး။ ခုလိုဖြစ်တာတွေကို မန်နေဂျာတို့ စူပါတို့ဆီတိုင်တယ် ဘာမှမထူးဘူး။ အလုပ်သမားရုံးတွေမှာတိုင်ရင်လည်း တိုင်တဲ့ရက်ပဲ နောက်ရက်ကျပြန်ခေါ်တာပဲ" လို့ ရွှေပြည်သာ Ford Glory အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

 

အဲဒီလို အချိန်ပိုမတရားဆင်းပေးရာကနေ

ကျန်းမာရေးခွင့်ဆုံးရှုံးနေရတဲ့ အခြေအနေကို စက်ရုံတော်တော်များများကလုပ်သားတွေဟာ အခွင့်အရေးချိုးဖောက်ခံနေတာဖြစ်ပေမဲ့ အလုပ်ဖြုတ်ခံရမှာ စိုးရိမ်တာကြောင့် ငြိမ်ခံ နေကြရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

ယခုလိုစက်ရုံအလုပ်ရုံလုပ်ငန်းတွေမှာ အချိန်ပိုခေါ်ယူတာတွေဟာ ငြင်းဆန်ခွင့်မရှိဘဲ လုပ်ကိုင်နေရတာဖြစ်ပြီး အလုပ်ချိန်များပြားပြီး အလွန်အကျွံလုပ်ကိုင်နေရပေမဲ့ ကုန် ဈေးနှုန်းကြီးမြင့်ပြီး လုပ်ခလစာ နည်းပါးတာကြောင့် မငတ်ရုံတမယ် လုပ်ကိုင် နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

ဒါ့အပြင်စက်ရုံကအလုပ်သမားအမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်အကျိုးခံစားခွင့်ဆိုရင်လည်း လစဥ်ကြေးပေးသွင်းရပြီး ခံစားခွင့်မရတာတွေရှိသလို ကလေးမွေးပြီးတစ်နှစ်လောက်ရောက်တဲ့အထိမှ ထုတ်ပေးတာတွေလည်းရှိတယ်လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

 

#MyanmarLabourNews 


Related posts

Cover
Mai Yi Bei Garment အချိန်ပို လုပ်ကိုင်ခိုင်းလို့ ကျန်းမာရေးထိခိုက်၊ မဆင်းပါက အောစူပါက အများရှေ့မှာ ဆဲ
Dec 27, 2025
Cover
Myanmar Huasheng Kefu အထည်ချုပ် တစ်လ အချိန်ပို နာရီ ၁၀၀ ကျော် လုပ်ကိုင်ခိုင်း
Dec 26, 2025
Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025