NEWS

တစ်နာရီကို အထည် ၆၀ ကနေ ၁၀၀ အထိ အလွန်အကျွံတောင်းတဲ့   HR မန်နေဂျာကို ဖြုတ်ပေးဖို့ အလုပ်သမား ၁၀၀၀ ကျော် စုပေါင်းတောင်းဆိုမှုဖြစ်ပွား

CoverLogo
879 Views

SEN YU အထည်ချုပ်စက်ရုံအတွင်း အလုပ်သမား ၁၀၀၀ ကျော် စုပေါင်းတောင်းဆိုမှုဖြစ်ပွား နေပါတယ်။ HR မန်နေဂျာက အထည်စံချိန်တွေကို အလုပ်သမားတွေချုပ်လုပ်နိုင်တာထက် အဆမတန်တောင်းဆိုနေပြီး လုပ်နိုင်ရင်ဆက်လုပ် မလုပ်နိုင်ရင်ထွက်သွားဖို့ လုပ်ငန်းခွင်အတွင်း မိုက်နဲ့အော်ပြောနေပြီး စံချိန်မပြည့်ရင် ဂရိတ်ကြေး ပါ မပေးဘူးလို့ ပြောဆိုတာကြောင့် အလုပ်သမားတွေအနေနဲ့ ကျေနပ်မှုမရှိဘဲ HR မန်နေဂျာကို အလုပ်မှ ထုတ်ပယ်ပေးဖို့အထိပါ တောင်းဆိုနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် အလယ်ရွာ ဗန်းမော်အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားပြီးတရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံထဲမှာ Sinsay၊ TERRANOVA ,P&VV စတဲ့နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့သိရပါတယ်။

"ခုဖြစ်နေတာက မန်နေဂျာကို မကျေနပ်လို့ ဆန္ဒပြနေတာပါ ရသင့်ရထိုက်တဲ့ ဂရိတ်ကြေးတွေမပေးဘူး အာဝါဒီတားဂတ်ရမှ ပိုက်ဆံပေးမယ် အာဝါဒီကလည်း လိုတာထပ်ကိုပိုပြီးတောင်းတော့ ကလေးတွေက ဘယ်လိုမှ ပြည့်အောင်ဖြည့်မပေးနိုင်ဘူး အဲ့လိုဖြစ်နေတာ တလိုင်းနဲ့တလိုင်းနဲ့မတူဘူး တချို့လိုင်းတွေဆို တနာရီကို ၈ ၉၀ ၁၀၀ ထိ တောင်းတာ ၊ တောင်းဆိုတာက တရုံလုံးပဲ ၁၀၀၀ ကျော်လောက်ရှိတယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

"မနေ့က မီတင်ခေါ်တယ် စက်သမားတွေရဲ့ ဂရိတ်ကြေးကို ရုံးပိုင်းဆိုင်ရာကကိုင်မယ်ပြောတယ် ဂရိတ်ကြေးကို သူတို့တောင်းတဲ့စံချိန်ရမှ ဂရိတ်ရမယ်ပြောတယ် အဲ့တော့စက်သမားတွေကအလုပ်မလုပ်တော့ဘူး အလုပ်မလုပ်ချင်ရင် အလုပ်မလုပ်တဲ့ စက္ကန့်ပိုင်းကစပြီး ပိုက်ဆံမပေးဘူးပြောတယ် ပြီးရင် မလုပ်ချင်ရင် ထွက်သွား မလုပ်နိုင်ရင်ထွက်သွားဆိုပြီး HR မန်နေဂျာကိုယ်တိုင်မိုက်နဲ့အော်ပြီးပြောတာ နောက်ပြီး စူပါ အောစူပါတွေကို မီတင်ခေါ်ပြီး နဂိုလစာ နဂိုဂရိတ်ကြေးအတိုင်းပေးမယ် စက်သမားတွေကို ဂရိတ်ကြေးကို သူတို့ကိုင်မယ်ပြောတာ အဲ့ဒါဆို စူပါအောစူပါတွေက ညီမတို့စက်သမားတွေကို ဖိပြီး ချုပ်ခိုင်းမှာပဲမပေးနိုင်ရင် အဲ့လအတွက် လစာမရတော့ဘူးလေ သူတို့တောင်းတဲ့ ရာခိုင်နှုန်းတွေကလည်း မဖြစ်နိုင်တဲ့ရာခိုင်နှုန်းအရမ်းတောင်းတယ် တစ်နာရီကို ၆၀ အနိမ့်ဆုံးပေးရတယ် သူတို့တောင်းတာကိုလက်ခံရင်ပိုပြီးတောင်းတယ် အဲ့တာကြောင့်ညီမတို့ဘက်ကစပြီးတော့ အလုပ်မလုပ်ဘဲနေလိုက်တာ မနေ့က ပြန်တော့လဲ ၄ နာရီခွဲပြန်တာ အိုတီမဆင်းဘဲနဲ့ ဒါတောင် ဂိတ်မှာ စစ်လားဆေးလားလုပ်သေးတယ်"လို့ အခြေအနေကို အလုပ်သမားတစ်ဦးကရှင်းပြပါတယ်။ 

"အခုလိုတောင်းဆိုတော့ သူတို့ဘက်က ရာထူးဆိုင်းငံ့ပေးမယ်ပြောတယ် ဘယ်နှစ်ရက်ဆိုတာမပြောဘူး ညီမတို့တောင်းဆိုတာက သူ့ကို အလုပ်ဖြုတ်ပေးဖို့တောင်းဆိုတာ အခုလိုင်းကိုယ်စားလှယ်တွေ အောစူပါတွေနဲ့ဆွေးနွေးမယ်တော့ပြောတယ် ဘာမှတော့မထူးသေးဘူး။ ညီမတို့က ဖြစ်ချင်တဲ့အရာကို သူတို့ကိုပြောတယ်သူတို့ ပြန်ပြောတာက တမျိုး ဂရိတ်ကြေးတွေ စံချိန်တွေအလွန်အကျွံတောင်းလို့ ပြောတာ သူတို့ က လုပ်နိုင်ရင် လုပ် မလုပ်နိုင်ရင်ထွက်လို့ ပြောတာ "လို့ အလုပ်သမားကထပ်မံပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ HR မန်နေဂျာကို ဖြုတ်ပေးဖို့အပါအဝင် ကျွမ်းကျင်ကြေးတွေကို ဂရိတ်အလိုက်တိုးမြှင့်ပေးဖို့ ၊ ဥပဒေပါခွင့်ခံစားခွင့်ယူပါက ဂရိတ်မချဖို့၊ ရက်မှန်ကြေးတိုးပေးဖို့ ဥပဒေပါခွင့်ရက်ယူပါက ရက်မှန်ကြေးမဖြတ်ဖို့ ၊ နှစ်အလိုက်နှစ်ကြေး သတ်မှတ်ပေးဖို့ ၊ ဂတ်ပိတ် ကို တပတ် ( ၅)နာရီပေးဖို့ ၊ အိုတီခေါ်ပါက အလုပ်သမားတွေရဲ့ ဆန္ဒကို မေးဖို့ ၊ wcc ကို အလုပ်သမားများမှ မဲပေးရွေးချယ်နိုင်ဖို့ ၊ တောင်းဆိုမှုပြုလုပ်တဲ့ ရက်တွေကို ဒေးကြေးမဖြတ်ဖို့ ဆေးပေးခန်းနဲ့ဆေးဝါးထားရှိဖို့ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပွားပါက တာဝန်ယူပေးဖို့ တောင်းဆိုမှုပြုလုပ်တဲ့အလုပ်သမားတွေကို အလုပ်မှ မထုတ်ပယ်ရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026