NEWS

တစ်ကတ်ကြေးဖြင့် လုပ်ခလစာပေးသည်ဆိုသော်လည်း သတ်မှတ်နှုန်းထားမပြောဘဲ လုပ်ငန်းရှင်စိတ်ကြိုက်သာ လုပ်ခလစာပေးချေနေ

CoverLogo
724 Views
 
တရုတ်နိုင်ငံသားပိုင် Mai Yi Bei Garment Manufacturing Co.Ltd မှာ တစ်ကတ်ကြေးနဲ့ လုပ်ခလစာပေးမယ်လို့ သတ်မှတ်ထားပေမယ့် အထည်ကြေးကို သတ်မှတ်ပြောဆိုတာမရှိဘဲ လုပ်ခလစာကို စက်ရုံဘက်က ပေးသလောက်သာ ရရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကို ပြောပါတယ်။
ဒီစက်ရုံကို လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၁၂၀၀) ကျော် နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ Defacto၊ RESERVED၊ AEGULAR FIT စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါ
တယ်။
“အလုပ်ချိန်က နံနက် (၈) နာရီကနေ ညနေ (၆) နာရီခွဲအထိပါ၊ အိုတီက တစ်နေ့ (၂) နာရီ ပုံမှန်ဆင်းပေးရပါတယ်။အခုက အလုပ်ရှင်ဘက်က အထည်အရေးကြီးတယ်ဆိုရင် ည(၈) ခွဲ၊ (၉) ခွဲအထိ ဆင်းရတာတွေလည်း နေ့တိုင်းလို လို ဖြစ်လာပါတယ်။ အချိန်ပိုအိုတီဆင်းပြီးပြန်ရင် အလုပ်သမားတွေအတွက် သွားလာရေးက အဆင်မပြေပါဘူး။ စကစဘက်က စက်ရုံအလုပ်သမားတွေကိုပါ ပေါ်တာဆွဲတာတွေ ကြားနေရတော့ ကြောက်ပါတယ်။ ကြောက်လို့ အချိန်ပိုအိုတီတွေ မဆင်းချင်ပေမယ့် အလုပ်ရှင်ဘက်က ဖိအားပေးပြီး ဆင်းခိုင်းပါတယ်။ တနင်္ဂနွေနေ့တွေလည်း ပိတ်ရက်မပေးဘဲ အချိန်ပိုခေါ်ပါတယ်။ စက်ရုံက ကိုယ်ချုပ်မှကိုယ်ရမယ့်ပုံစံနဲ့ တစ်ကတ်ကြေးနဲ့ လစာပေးတဲ့ စက်ရုံဆိုပေမယ့် အထည်စံချိန်တွေ မတရားတောင်းခံနေပါတယ်။ အလုပ်ရှင်ဘက်က တောင်းသလောက်ကို အထည်ပေးရပါတယ်။ နောက်တစ်ကတ်ကြေးကိုလည်း ဘယ်လောက်ပေးမယ်ဆိုပြီး သတ်မှတ်ပြောပြတာ မရှိပါ ဘူး။ လစာထုတ်မှ သူတို့ပေးသလောက်ပဲ ရပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
အလုပ်သမားတွေကို ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၇၈၀၀) ကျပ်၊ ရက်မှန်ကြေးအနေနဲ့ တစ်ပတ်ကို ကျပ် (၁၀၀၀၀) ပေးနေပေမယ့် ဥပဒေပါခွင့်ရက်တွေကို ခံစားခွင့်မပေးတာကြောင့် အလုပ်သမားတွေပါ ငွေကြေးဖြတ် တောက် ခံနေရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ်ကိစ္စတွေကြောင့် ဂိတ်ပတ်တောင်းခံရာမှာလည်း အခက် အခဲတွေ ရှိနေပြီး စက်ရုံဘက်က အချိန်ဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“အလုပ်ထဲမှာ အသက်မပြည့်သေးတဲ့ (၁၄)နှစ်၊ (၁၅) နှစ်၊ (၁၆) နှစ် ကလေးတွေ စုစုပေါင်း (၅၀) ကျော်လောက် ရှိပါတယ်။ ကလေးတွေကို အလုပ်ခန့်တာကိုလည်း ဆရာဝန်ထောက်ခံစာလည်း မတောင်းပါဘူး။ နောက်နေ့ စားအလုပ်သမား (၅၀) ကျော်ဆိုလည်း အလုပ်ခိုင်းစေနေပေမယ့် ချိုးဖောက်တာတွေ လုပ်ဆောင်နေပါတယ်။ အိမ်သာတွေလည်း မသန့်ပါဘူး။ ရေသန့်ဗူးထားတဲ့နေရာကိုလည်း နေပူထဲမှာ ထားပါတယ်။ အလုပ်သမားတွေ ရေခပ်သောက်ရင် အမြဲတမ်းရေက ပူနေပါတယ်။ ထမင်းစားဆောင်ကလည်း အလုပ်သမားတွေနဲ့ မဆန့်တော့ ကြုံသလို စားရပါတယ်။ အလုပ်ထဲမှာ ချိုးဖောက်မှု လုပ်နေတာကို သတင်းတွေက ခဏခဏ ဖော်ပြနေပေမယ့် အခုထိ ပြုပြင်ပြောင်းလဲတာ မရှိပါဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားတွေအနေနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံပြီး တိုင်ကြားထားတာ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခွင့်ခံစားခွင့်တွေ ရရှိဖို့၊ တစ်ကတ်ကြေးဈေးနှုန်းကို ပွင့်လင်းမြင်သာမှု ရှိအောင် ကြေညာပေးဖို့၊ အိမ်သာတွေကို သန့်ရှင်းအောင်ထားဖို့၊ ဂိတ်ပတ်ကို လွယ်ကူစွာထုတ်ပေးဖို့၊ အချိန်ပိုအို တီတွေ မတရားမခိုင်းဖို့နဲ့ တနင်္ဂနွေနေ့တွေကို အလုပ်ပိတ်ပေးဖို့ အလုပ်သမားတွေက လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026