NEWS

ည ၁၀ နာရီအထိ အချိန်​ပိုလုပ်နေရ အလုပ်ပြန်ချိန် လုံခြုံရေးစိုးရိမ်နေရဟုဆို

CoverLogo
1.5K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊၁၃ရပ်ကွက် မဥ္ဇူလမ်း ကွင်းအမှတ်(၅၂စီးပွားဇုန်) ရှိ Hakers Enterprise Myanmar အထည်ချုပ် စက်ရုံမှာ ည ၁၀ နာရီထိ OT ခေါ်ယူမူတွေရှိနေလို့ အလုပ်ပြန်ချိန်လုံခြုံမှု မရှိတာကြောင့် အခက် တွေ့နေရတယ်လို့ စက်ရုံလုပ်သား တွေကပြောပါတယ်။ 

ဒါကြောင့် "စက်ရုံက  မိန်းကလေးအလုပ်သမားတွေဆို ည ၁၀  နာရီထိ စက်ရုံမှာပဲ ညအိပ် အလုပ်ဆင်းနေရ တယ်" လို့ အလုပ်သမား အမျိုးသမီး တစ်ဦးက ပြောပါတယ်။ 

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး
လူဦးရေ ၂၀၀၀ နီးပါးနဲ့ REGATTA တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။ 

" သင်္ကြန် မပိတ်ခင်ကတည်းက အထည်အရေးကြီးလို့ဆိုပြီး OTည ၉ခွဲထိခေါ်တယ် ခု ည ၁၀ နာရီထိခေါ်တယ်။ အလုပ်သမားဆန္ဒကို မယူဘူး လက်မှတ်အတင်းထိုးခိုင်းတယ် မဖြစ်မနေ လက်မှတ်ထိုးရတယ် ။ နိုင်ငံရေးကမကောင်း ၊ ခိုးဆိုး လုယက်တွေ နဲ့ ညီမတို့မှာ ကြောက်လဲဆင်းကြရတယ် "လို့ အဆိုစက်ရုံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်း ကနေ လက်ရှိ အချိန်အထိ အချိန်ပို လုပ်ကိုင်နေရတာဖြစ်ပြီး အလုပ် လုပ်ရတဲ့ အချိန်နဲ့ မမျှတဲ့ လုပ်ခသာရရှိ နေတယ်လို့လည်း ပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တိုးတောင်းလို့ အထည်မရဆိုတဲ့အကြောင်းပြချက်နဲ့ ဘောနပ်စ်များ လျှော့ချတာ အချိန်ပိုဆင်းပြီး မနားမနေချုပ်လုပ်နေရတာ ရှိပြီး ရရှိတဲ့ လစာငွေနည်းပါးကာ မလောက်မငှဖြစ်ရတာတွေရှိပြီး နားရက်မရှိလုပ် ကိုင်နေရတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ 

"အခုလည်းတခြားစက်ရုံတွေ သုံးရက် လေးရက်ပိတ်နေတာကို ညီမတို့စက်ရုံက အလုပ်သမားနေ့တစ်ရက်ပဲပိတ်ပေးတယ်။ ခွင့်တိုင်တယ် Super တွေကခွင့်မတင်ပေးလို့ အလုပ်ထွက်သွားတာတွေရှိတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ ဆဲဆိုတာတွေရှိတယ်။ ခုရာသီမှာ အရမ်းပူတယ် ပန်ကာမလုံလောက်တာတွေ၊ ချွေးထွက်လွန်ပြီးမူးဝေတာတွေရှိကြတယ်" ယင်းကဆက်ပြောပါတယ်။ 

Hakers Enterprise Myanmar စက်ရုံက အလုပ်သမားတွေ အပေါ် ချိုးဖောက်မှုတွေ ရှိနေပေမဲ့ အလုပ်သမားအများစုကတော့ အလုပ်ပြုတ််မှာ စိုးရိမ်တာကြောင့် ကြိတ်မှိတ် လုပ်ကိုင် နေရတယ်လို့  စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

“သင်္ကြန် မပိတ်ခင်မှာ အချိန်ပို ဆင်းထားတဲ့ရက်တွေက အများကြီး ဒါကို ဘောနပ်စ် နဲ့ရောချပေးတယ်။ တကယ်ဆို ဘောနပ်စ်က သက်သက် အချိန်ပို လုပ်ခ ဆိုတာ ရှိရမှာ။” လို့ အလုပ်သမားတစ်ဦးက ရှင်းပြပါတယ်။
အဆိုပါ နိုင်ငံတကာအမှတ်တံဆိပ် အင်္ကျီ ဘောင်းဘီများ ချုပ်လုပ်ရာမှာ အထည်ချုပ် လုပ်သား တစ်ဦးလျင် တစ်နာရီ အထည် ၄၀ ၊ ၃ ပွိုင့်နှုန်းနဲ့ချုပ်လုပ်နေရ တာဖြစ်ပြီး မနားမနေ ချုပ်လုပ်ပါက ၂၅ မှ ၃၀ သာရနိုင်တဲ့ အခြေအနေမျိုးမှာ ယခုလို စံချိန်သတ်မှတ်ထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။ 

အခုလို  လုပ်ငန်းခွင် အတွင်း အချိန်ပို အလွန်အကျွံဆင်းခိုင်းတာ စံချိန် အဆမတန် တိုးတောင်းတာ ဥပဒေပါ ခွင့်တွေ ခံစားခွင့်မရှိတာ ခွဲခြားဆက်ဆံတာ စတဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေအနေနဲ့ တောင်းဆိုလိုတယ်လို့ဆိုပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026