NEWS

ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ

CoverLogo
561 Views
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ(အနောက်ကျွန်း)ကျေးရွာအနီးတွင်၊ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်အလုံး၂၀ရေထဲမျောပါကာ ပြိုကျနိုင်ခြေရှိတဲ့ နေအိမ်တွေ ကို ရွှေ့ပြောင်းနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
မေလ ၂၅ ရက် နံနက် ၁နာရီ ဝန်းကျင်က ကမ်းပါးပြိုကျခဲ့ခြင်း ဖြစ်ပေါ်ခဲ့ ကာ နေအိမ်တွေ ပြိုကျပြီး ရေထဲ မျောပါခဲ့ပေမယ့် သေဆုံး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံတွေ ထံ မှ သိရပါတယ်။
 
"ည ၁၂ခွဲ ကျော် လောက်ကြီး ကမ်းပါးပြို တာ လူတွေ အသိမြန်လို့ သေဆုံး ထိခိုက်တာမဖြစ်ဘူး အိမ်တွေက သစ်သားအိမ် တွေလည်းပါသလို ဝါးအိမ် တဲအိမ် တွေလည်း ပါတယ် အခု ပြိုကျနိုင်ခြေရှိတဲ့ အိမ်ခြေ ၃၀ကျော် လောက် က မနေ့ကတည်းက ဖျက်နေတာ အခု ထိပဲ ဖျက်ပြီး ရွှေ့ပြောင်းနေရတုန်းပဲ မီးသတ်တပ်ဖွဲ့တွေနဲ့ပရဟိတအသင်းကသူတွေကူညီဖျက်ပေး ရွှေ့ပြောင်းပေးပါတယ်""လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ် ရေထဲမျောပါ ဆုံးရှုံး ခဲ့ရတဲ့ သူတွေ ၊ ပြိုကျနိုင်ခြေရှိလို့ နေအိမ်ဖြိုဖျက် ပေးလိုက်ရတဲ့ ဒေသခံတွေ အတွက် နေထိုင် ဖို့ ကယ်ဆယ်စခန်း ဖွင့်ထားတာမျိုး မရှိဘဲ အဆောက်အဦး အလွတ်တွေနဲ့ ဆွေမျိုး၊ မိတ်ဆွေ တွေ ထံ မှာ ယာယီ နေထိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်တွေ ပျက်ဆီးဆုံးရှုံး တဲ့ဒေသခံ တွေ အတွက် လိုအပ်တဲ့စောင်ခြင်ထောင် အပါအဝင် အရေးပေါ်လိုအပ်တာ တွေ ကို ပရဟိတအသင်းတွေက အလှူရှင်တွေရဲ့ လှူဒါန်းထောက်ပံငွေ များနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026