NEWS

ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ

CoverLogo
308 Views
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ(အနောက်ကျွန်း)ကျေးရွာအနီးတွင်၊ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်အလုံး၂၀ရေထဲမျောပါကာ ပြိုကျနိုင်ခြေရှိတဲ့ နေအိမ်တွေ ကို ရွှေ့ပြောင်းနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
မေလ ၂၅ ရက် နံနက် ၁နာရီ ဝန်းကျင်က ကမ်းပါးပြိုကျခဲ့ခြင်း ဖြစ်ပေါ်ခဲ့ ကာ နေအိမ်တွေ ပြိုကျပြီး ရေထဲ မျောပါခဲ့ပေမယ့် သေဆုံး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံတွေ ထံ မှ သိရပါတယ်။
 
"ည ၁၂ခွဲ ကျော် လောက်ကြီး ကမ်းပါးပြို တာ လူတွေ အသိမြန်လို့ သေဆုံး ထိခိုက်တာမဖြစ်ဘူး အိမ်တွေက သစ်သားအိမ် တွေလည်းပါသလို ဝါးအိမ် တဲအိမ် တွေလည်း ပါတယ် အခု ပြိုကျနိုင်ခြေရှိတဲ့ အိမ်ခြေ ၃၀ကျော် လောက် က မနေ့ကတည်းက ဖျက်နေတာ အခု ထိပဲ ဖျက်ပြီး ရွှေ့ပြောင်းနေရတုန်းပဲ မီးသတ်တပ်ဖွဲ့တွေနဲ့ပရဟိတအသင်းကသူတွေကူညီဖျက်ပေး ရွှေ့ပြောင်းပေးပါတယ်""လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ် ရေထဲမျောပါ ဆုံးရှုံး ခဲ့ရတဲ့ သူတွေ ၊ ပြိုကျနိုင်ခြေရှိလို့ နေအိမ်ဖြိုဖျက် ပေးလိုက်ရတဲ့ ဒေသခံတွေ အတွက် နေထိုင် ဖို့ ကယ်ဆယ်စခန်း ဖွင့်ထားတာမျိုး မရှိဘဲ အဆောက်အဦး အလွတ်တွေနဲ့ ဆွေမျိုး၊ မိတ်ဆွေ တွေ ထံ မှာ ယာယီ နေထိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်တွေ ပျက်ဆီးဆုံးရှုံး တဲ့ဒေသခံ တွေ အတွက် လိုအပ်တဲ့စောင်ခြင်ထောင် အပါအဝင် အရေးပေါ်လိုအပ်တာ တွေ ကို ပရဟိတအသင်းတွေက အလှူရှင်တွေရဲ့ လှူဒါန်းထောက်ပံငွေ များနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Related posts

Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့
Oct 07, 2025