NEWS

ညဆိုင်း အလုပ်ဆင်းရန် သွားသည့် မြန်မာလုပ်သားအမျိုးသမီးတစ်ဦး ဆယ်ဘီးကားဖြင့် တိုက်မိကာ သေဆုံး

CoverLogo
327 Views
 
ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင်၊စီလာချာမြို့ ရှိ သံစက်ရုံ တစ်ခုတွင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား အမျိုးသမီး တစ်ဦးဟာ အလုပ်သို့ ညခိုင်းဆင်းရန် ဆိုင်ကယ် ဖြင့် သွားရောက်စဉ် ဆယ်ဘီးကားဖြင့် တိုက်မိကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ၎င်းအမှုကို ကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
ဒီဇင်ဘာ ၂၅ရက် (ခရစ်စ္စမတ် )ည ၇နာရီ ၂၀ အချိန်တွင် စက်ရုံ မှာ ညဆိုင်း အလုပ်လုပ်ဖို့အတွက် ဆိုင်ကယ် ဖြင့်နေထိုင်ရာအခန်းမှ ထွက်သွားရာ လမ်း တွင် ဆယ်ဘီးကားဖြင့် တိုက်မိပြီး အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
အခင်းဖြစ်ပြီးနောက် ၇နာရီ ၄၅မိနစ် အချိန်တွင်နယ်မြေခံရဲများကလာရောက်စစ်ဆေးကာအလောင်းကိုချွန်ဘူလီမြို့၊လပ်ချဘန်းဆေးရုံသို့ပို့ဆောင်၍စစ်ဆေးမှုပြုလုပ်ပြီး ဆေးရုံတွင်ထားထားတယ်လို့ သိရပါတယ်။
 
သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ သေမှုသေခင်းနဲ့ ပတ်သက်ပြီးမည်သို့လုပ်ဆောင်ရမယ် ကိုနားမလည်ခြင်း သေဆုံးသူအတွက်တရားမျှတမှုနှင့်ရသင့်ရထိုက်တဲ့ နစ်နာကြေးများပြန်လည်ရရှိ ဖို့ အတွက်ဒီဇင်ဘာ ၂၆ရက်မှာ WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာတဲ့အတွက် WAGအဖွဲ့ အနေနဲ့ လက်ခံ ခဲ့ကာ အခင်းဖြစ်ပွားရာကို အဖွဲ့ဝင်​တွေသွားရောက်နေတယ်လို့ သိရပါတယ်။
 
သေဆုံးသူ မြန်မာလုပ်သား အမျိုးသမီး ဟာ အသက် ၃၄နှစ် ရှိပြီး မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့၊သာစည်မြို့နယ်၊အလယ်ကန်ကျေးရွာ ကနေ ထိုင်းနိုင်ငံ တွင် လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026