NEWS

ဇွန် ၂၄ မှ ၃၀ အထိတစ်ပတ်အတွင်း ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု

CoverLogo
378 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာ ဇွန် ၂၄ ရက်ကနေဇွန် ၃၀ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ 
ဇွန်လ၂၄ ရက်ကနေ ဇွန်လ ၂၇ရကျနေ့အထိ  ဈေးနှုန်းတွေကတော့  အောက်တိန်း၉၂တစ်လီတာလျှင် ၂၅၈၀ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၂၀ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၅၀ကျပ်ဖြစ်ပြီး အဆိုပါဈေးနှုန်းနဲ့ဈေးတည်ငြိမ်လာခဲ့ပြီး ဇွန်၂၈ရက်နေ့မှသာ အောက်တိန်း ၉၂ တလီတာလျင် ၂၆၅၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၆၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၉၅ ကျပ်ဖြစ်ပြီးဈေးနည်းမြင့် တက်လာတာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဇွန် ၂၈ ရက်ကနေဇွန် ၃၀ ရက်နေ့အထိမှာလည်း  အဆိုပါဈေးနှုန်းအတိုင်းတည်ရှိနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန် ၂၅ ရက်ကနေစပြီး စစ်ကောင်စီလက်အောက်ခံ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ရန်ကုန်နဲ့မန္တလေးက စက်သုံးဆီအရောင်းဆိုင်တွေကို ရှောင်တခင်၀င်ရောက်စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇွန်၂၄ ရက်နေ့ရဲ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၅၇ ဒေါ်လာရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက်ရွှေပေါက်ဈေးဟာ ၄၅သိန်း၈ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဇွန်၂၅ရက်နေ့မှာလည်း  အဆိုပါဈေးတန်းနဲ့ရှိနေခဲ့တာဖြစ်ပြီး  ဇွန်၂၆ရက်နေ့မှာတော့  ၄၅သိန်းနှစ်သောင်းကျော်ဖြစ်ပြီး  ဇွန်၂၇ရက်နေ့မှာတော့  ၄၄သိန်း၇သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားပြီး အဆိုပါဈေးတန်းနဲ့ဇွန် ၂၉ရက်နေ့အထိ  သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့    ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၃သိန်းလေးသောင်းကျော်သို့ရှိနေခဲ့တာဖြစ်ပြီး ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာပဲဖြစ်ပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ဇွန်၂၄ရက်နေ့ကနေဇွန်၃၀ရက်နေ့အထိ ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၅၀၀ ကနေ ၄၆၀၀ အထိရှိခဲ့တာဖြစ်ပြီး အဆိုပါဈေးတန်းနဲ့တစ်ပတ်တာလုံးတည်ရှိနေကာ ပြင်ပဈေးကွက်မှာတော့ ၄၅၀၀ နဲ့သာ  အရောင်းအ၀ယ်ဖြစ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။  

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေသလို ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၀၀ ကျော်နဲ့သာ ဈေးနှုန်းသတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့ ၄၀၀၀စွန်းစွန်း အထိဖြတ်နေတာလို့လည်း သိရပါတယ်။ ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၁၈ ကေန ၁၂၅ကျပ်အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။  

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ်တာ ဇွန်၂၄ရက်မှ ဇွန်၃၀ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၄၀၀ကျပ်သတ်မှတ်ထားတာဖြစ်လို့  ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းထက် အနည်းငယ်ဈေးမြင့်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ်တစ်သောင်းကနေ ၁၂၀၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျှင် ကျပ်၉၀၀၀အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  တစ်မြို့နယ်လျှင် နှစ်ဦးလောက်သာရှိပြီး  ပြည်သူတစ်ဦးလျှင် အများဆုံး ငါးဆယ်သားအထိသာ ၀ယ်ယူနိ်ုင်တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင်ပြည်ပမှ  စားဆီတင်သွင်းတဲ့ စီးပွားရေးထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ဧရာဟင်္သာ ကုမ္ပဏီအပါအ၀င်  ကုမ္ပဏီ ၈ ခုကိုလည်း ပြည်ပမှစားဆီတင်သွင်းရာမှာ  မသမာမှုကျူးလွန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့လည်း သိရပါတယ်။  

အခြေခံကုန်စည်နဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော  ဆန်တစ်ပြည် ကျပ်ခြောက်ထောင် နဲ့၇၀၀၀ အထက်၊  ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင်ကျပ်၂၀၀၀ ၀န်းကျင်အထိဖြစ်နေပြီး ဂေါ်ဖီတစ်ထုပ်လျှင် ၆၀၀၀ကျပ်၊  သခွားသီးတလုံး  ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ် ၅၀၀ ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံးကျပ်သုံးထောင်ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ပဲသီးတစ်စီးလျှင်  ၁၀၀၀ကျပ်၊  ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၆၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ကျပ်နဲ့  ဘဲဥတစ်လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခင်ကအနည်းဆုံး ၅၀၀ဖိုး၀ယ်ယူရနိုင်ပေမဲ့ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း တစ်ပိဿာနှစ်သောင်းကျော်အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၃၅၀၀ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီး  အမဲသားနဲ့၀က်သား ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်နှစ်သောင်းအထက်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၀၀၀ ၀န်းကျင် အထိရှိလာပြီး ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်ကနေ ယခု၁၀၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  ၂၀၁၈ ခုနှစ်ရဲ့ အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ကိုလည်း  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့   အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတယ်လို့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

အခုဖော်ပြခဲ့တဲ့ တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်း အကြောင်းအရာတွေကို စုစည်းတင်ပြပေးသူကတော့ "ယွန်းဆက်"ဖြစ်ပါတယ်။

 


Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026