NEWS

ဇူလိုင် တတိယပတ် ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
499 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ ဇူလိုင် ၁၅ ရက်ကနေဇူလိုင်၂၁ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ ဇူလိုင်၁၅ရက်နေ့မှာတော့ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၇၀၀ ကျပ်၊ ၉၅ တစ်လီတာ ၂၈၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၉၀ ကျပ်ဖြစ်တာကြောင့် ၉၂ နဲ့ ၉၅ ဈေးနှုန်းတွေဟာ  ယခင်ကထက်အနည်းငယ်ဈေးတက်လာခဲ့ပါတယ်။

ဇူလိုင် ၁၉ရက်မှာတော့  ၉၂ တစ်လီတာ ၂၆၈၅ ကျပ်၊ ၉၅ တစ်လီတာ ၂၈၀၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၃၅ ကျပ်ဖြစ်တာကြောင့် ယခင်ကထက်အနည်းငယ်ပြန်လည်ကျဆင်း လာခဲ့တာဖြစ်ပါတယ်။ 

ပြင်ပပေါက်ဈေးမှာတော့ ၉၂အောက်တိန်းတစ်လီတာဗူးတစ်ဗူးလျှင် ၃၀၀၀ ကေန  ၃၂၀၀ အထိပေး၀ယ်နေရတယ်လို့လည်း  ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများထံက  သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇူလိုင်၁၅ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၄၀၂  ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ၄၆ သိန်း ၄ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဇူလိုင် ၁၆ ရက်နဲ့ ဇူလိုင် ၁၇ ရက်မှာ လည်း ၄၆ သိန်း ၇သောင်းကျော်ဖြစ်လာပြီး  ဇူလိုင်၁၈ရက်နေ့မှာတော့ ၄၈သိန်း၈သောင်းကျော်ဖြစ်လာကာ ဇူလိုင်၁၉ရက်မှ ဇူလိုင်၂၁ရက်နေ့အထိကိုတော့  ၄၈သိန်း၆ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားတာတွေ့ရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့  ဇူလိုင်၁၅ရက်နေ့ရဲ့ ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉သိန်းအထိရှိခဲ့ကာ  ဇူလိုင်၁၆ရက်နေ့မှာတော့ ဇူလိုင်၁၇ရက်နေ့မှာ ၅၈သိန်းငါးသောင်းသို့ရှိနေခဲ့တာဖြစ်ပြီး ဇူလိုင်၁၈ရက်နေ့မှာ ၅၈သိန်း၈သောင်း၊ ဇူလိုင်၁၉ရက်မှ ဇူလိုင်၂၁ရက်နေ့မှတော့ ၅၉သိန်းကျပ်နဲ့ ဈေးငြိမ်နေတာဖြစ်ပါတယ်။ 

ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ဇူလိုင်၁၅ရက်မှဇူလိုင် ၁၇ရက်နေ့မှာ ၄၈၂ဝ ကျပ် ဖြစ်ပြီး ဇူလိုင်၁၈ရက်မှဇူလိုင်၂၁ရက်နေ့အထိ  ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၈၈၀ မှ ၄၉၀၀အထိရှိခဲ့တာဖြစ်ပြီး အချို့သောရောင်းချသူတွေဟာ  ၅၀၀၀ ကျပ်  ပတ်ချာလည်အထိဈေးမြင့်တက်လာခဲ့တာဖြစ်ပြီး  ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေခဲ့ရာကနေ ယခုအခါ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းတွေကြောင့် ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၆၀ နဲ့သာ ဈေးနှုန်းသတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့ ၄၀၀၀  ကျော်အထိဈေးနှုန်းမြှင့်တင်ဖြတ်နေတာလို့ သိရပါတယ်။

ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၃၀ ကနေ ၁၄၀ ကျပ်အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။  

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ်တာ ဇူလိုင်၁၅ရက်မှ ဇူလိုင်၂၁ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၄၁၅ ကျပ်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ ကနေ ၁၃၅၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ ဆယ်ပိဿာယူ တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ နှုန်းအထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿလျှင် ၁၂၀၀၀ကေန ၁၃၅၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  မရှိသလောက်လျော့နည်းလာခဲ့တဲ့အပြင်ပြည်ပမှ စားဆီ၀ယ်ယူရခက်ခဲမှုနဲ့ဈေးအဆမတန်ကွာဟမှုကြောင့် ဈေးသည်များလည်းအခက်တွေ့ရသလို ပြည်သူများလည်းဈေးကြီးသာပေး၀ယ်ရတယ်လို့ သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲ ဆန်တစ်ပြည် ၆၀၀၀ အထက်ပေးစားမှသာ စားလို့ဖြစ်တဲ့အနေအထားတစ်ခုရကာ ၆၀၀၀ အောက်ဈေးသက်သာတဲ့ဆန်ကို၀ယ်ယူပါက စားမဖြစ်လောက်တဲ့အထိဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၁၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်(အသေး)လျင်ကျပ်၂၀၀၀ ၀န်းကျင်အထိဖြစ်နေပြီး ပဲလွန်းတစ်စည်း ၅၀၀ မှ  ၇၀၀၊ ခရမ်းသီးတစ်လုံး ၃၀၀၊ သခွားသီး ၃၀၀ မှ ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၅၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀မှ၅၀၀ကျပ်၊  ဘဲဥတစ်လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၀၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသား၊ ၀က်သား နဲ့ ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်၂၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၀၀၀ အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၂၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး၁၅၀၀ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀ ၀န်းကျင်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေကိ်ုသာ ရွေးချယ်သုံးဆွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ကိုလည်း  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်က အခြေခံလစာ နှစ်သိန်း ရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့ လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ ၄၀ ကျော်ကျော်လေသာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာ  လုံခြုံမှုမရှိကာကွယ်မှုမရှိတဲ့ လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။

ဇူလိုင် တတိယပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026