NEWS

ဇူလိုင်လ ပထမတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
547 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာ ဇူလိုင် ၁ ရက်ကနေဇူလိုင်လ  ၇ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်း ဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ ဇူလိုင် ၁ရက်နေ့ကနေ ဇူလိုင်၄ရက်နေ့အထိ   စက်သုံးဆီဈေးနှုန်းဟာ  ၉၂ တစ်လီတာ ကျပ် ၂၆၅၅၊ ၉၅ တစ်လီတာ ၂၇၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ  ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ကျပ် ၂၈၉၅ ဖြစ်ခဲ့တာဖြစ်ပြီး ဇူလိုင်၅ရက်နေ့မှာတော့ စက်သုံးဆီဈေးနှုန်းဟာလည်း  ထပ်မံမြင့်တက်လာခဲ့တာဖြစ်ရာ  စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအရ ၉၂ တစ်လီတာ  ၂၆၈၅ ကျပ်၊ ၉၅ တစ်လီတာ တာ ၂၈၁၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ  ၂၄၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ၂၉၁၅ ကျပ်ဖြစ်တယ်လို့သိရပြီး ယခင်ကထက်အနည်းငယ်ဈေးတက်လာကာ အဆိုပါဈေးတန်းနဲ့ပင် ဇူလိုင် ၇ရက်နေ့အထိရှိနေတာပဲဖြစ်ပါတယ်။  ပြင်ပပေါက်ဈေးမှာတော့  ၉၂အောက်တိန်းတစ်လီတာဗူး တစ်ဗူးလျှင် ၃၂၀၀ အထိပေး၀ယ်နေရတယ်လို့လည်း  ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများထံက  သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇူလိုင်၁ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၃၃၂ ဒေါ်လာရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကတော့  အခေါက်ရွှေပေါက်ဈေးဟာ ၄၅ သိန်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဇူလိုင်၂ရက်နဲ့၃ရက်ရက်နေ့မှာလည်း  ၄၄ သိန်း၉သောင်းကျော်ရှိကာ ဇူလိုင်၄ရက်နေ့မှာတော့ ၄၅သိန်းအထက်သို့ပြန်လည်ရောက်ရှိခဲ့ပြီး  အဆိုပါဈေးတန်းဇူလိုင် ၇ရက်နေ့အထိ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့  ဇူလိုင် ၁ရက်နေ့ရဲ့ ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၃သိန်းလေးသောင်းကျော်သို့ရှိနေခဲ့တာဖြစ်ပြီး ဇူလိုင်၂ ရက်နေ့မှာ ၅၃ သိန်း၅သောင်း၊ ဇူလိုင်၃ရက်နေ့မှတော့ ၅၄ သိန်းကျပ်၊ ဇူလိုင်၄ရက်နေ့မှာ ၅၄ သိန်း၅သောင်းသို့ဆက်လက်မြင့်တက်ကာ ဇူလိုင်၅ရက်နေ့မှာတော့ ၅၅သိန်း၅သောင်းအထိ ဆက်လက်မြင့်တက်လာခပြီး ဇူလိုင်၆ရက်နဲ့၇ ရက်နေ့တွေမှာလည်း  ၅၅သိန်း၅သောင်းအဖြစ် အမြင့်ဈေးနဲ့ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။  

ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိ်ရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ဇူလိုင်၁ရက်နေ့ကနေဇူလိုင်၇ရက်နေ့အထိ ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၅၁၀ကန ၄၆၀၀ အထိရှိခဲ့တာဖြစ်ပြီး အဆိုပါဈေးတန်းနဲ့တစ်ပတ်တာလုံးတည်ရှိနေကာ ပြင်ပဈေးကွက်မှာတော့ ၄၅၀၀နဲ့သာ  အရောင်းအ၀ယ်ဖြစ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။  

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေသလို ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၀၀ ကျော်နဲ့သာ ဈေးနှုန်းသတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့ ၄၀၀၀ စွန်းစွန်း အထိဖြတ်နေတာလို့လည်း သိရပါတယ်။ ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၁၈ ကျပ်ကနေ  ၁၂၅ကျပ်အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။  

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက   ဇူလိုင်၁ရက်မှ ဇူလိုင်၇ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၃၈၅ကျပ်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ကေန ၁၃၅၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျှင်ကျပ် ၁၂၀၀၀ အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿာလျှင် ၁၂၀၀၀ ကနေ ၁၃၅၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  တစ်မြို့နယ်လျှင် နှစ်ဦးလောက်သာရှိပြီး  ယခုတစ်ပတ်ကနေစလို့ ရပ်ကွက်များအတွင်းမှာ  ၂ရက်ခြားတစ်ကြိမ်လိုက်လံရောင်းချပေးဖို့ စီစဉ်နေတယ်လို့ စားအုန်းဆီလက်လီလက်ကားရောင်းချသူတစ်ဦးကဆိုပါတယ်။  

ဒါ့အပြင်ပြည်ပမှ  စားဆီတင်သွင်းတဲ့ စီးပွားရေးထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့  ဧရာဟင်္သာ ကုမ္ပဏီအပါအ၀င်  ကုမ္ပဏီ၈ခုကိုလည်း ပြည်ပမှစားဆီတင်သွင်းရာမှာ  မသမာမှုကျူးလွန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ ခေါ်ယူစစ်ဆေးမှုတွေရှိတာကြောင့် စားဆီဈေးတန်းဖွင့်ထုတ်နေပေမဲ့ ရောင်းချခြင်းမရှိဘူးလို့လည်း သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ဆန်တစ်ပြည် ၈၈၀၀ ကျပ် အထိ ရှိလာပြီး ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ်၅၀၀၀နဲ့၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်( အသေး)လျှင်ကျပ်၂၀၀၀ ၀န်းကျင်အထိဖြစ်နေပြီး ဂေါ်ဖီတစ်ထုပ်လျှင် ၅၀၀၀ကျပ်၊  ပဲလွန်းတစ်စည်း ၅၀၀၊ ခရမ်းသီးတစ်လုံး ၃၀၀၊ သခွားသီးတစ်လုံး ၃၀၀မှ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပြီး ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၅၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၄၀၀ကျပ်နဲ့  ဘဲဥတစ်စလုံး ၅၀၀ ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခင်ကအနည်းဆုံး ၅၀၀ဖိုး၀ယ်ယူရနိုင်ပေမဲ့ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  တစ်ပိဿာနှစ်သောင်းကျော်အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၃၅၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီး  အမဲသားနဲ့၀က်သား ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်နှစ်သောင်းအထက်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၀၀၀ ကျပ် ဝန်းကျင်၊  ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ကျနေယခု ၁၂၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး ၁၀၀၀ ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၂၀၀၀ အထက်သို့ရောက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှအပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေကိုသာ ရွေးချယ်သုံးစွဲနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  ၂၀၁၈ ခုနှစ်ရဲ့ အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ကိုလည်း  ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒါမှသာ တိုးမြှင့်သတ်မှတ်လိုက်တဲ့နှုန်းထားအတိုင်း အလုပ်သမားများအားလုံးတစ်ပြေးညီခံစားရမှာဖြစ်သလို အလုပ်ရှင်များအားလုံးလည်းတိုးမြှင့်ပေးရမှာဖြစ်တာကြောင့်  အလုပ်သမားတွေကလည်း အချို့သောအလုပ်ရှင်အနည်းစုတွေက တိုးမြှင့်ပေးလာခြင်းထက်  တစ်နိုင်ငံလုံးတရား၀င်တိုးမြှင့်သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

အခုကုန်ဈေးနှုန်းတွေကို စုစည်းပေးသူကတော့ ယွန်းဆက်ဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026