ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းအများစုဟာဈေးနှုန်းမြင့်တက်နေတဲ့အပြင်ပစ္စည်းပြတ်လပ်တာတွေလည်းရှိနေတယ်လို့ ရန်ကုန်မြို့က ဆေးအရောင်းဆိုင်တွေထံကသိရပါတယ်။
OTC drugs (Over the counter medicines)လို့ခေါ်တဲ့ ဆေးဆိုင်တွေမှာ အဆင်သင့် ဝယ်ယူလို့ရနိုင်တဲ့ ဆေးဝါးတွေဖြစ်တဲ့ အင်နာဗွန်စီက တစ်လုံးကို ၁၀၀၀ ကျပ်၊ အော်ရာမင် ဂျီ-အက်ဖ် တစ်လုံး ၈၀၀ ကျပ် ၊ ဖယ်ရိုဗစ် ၃၀၀ ကျပ် ထိမြင့်တက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သန္ဓေတားဆေး အချို့ဆေးဝါးပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး သွေးပေါင်ကျဆေး၊ ဆီးချို ရောဂါသောက်ဆေး စတာတွေ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဆေးဆိုင်အချို့ကစုံစမ်းသိရပါတယ်။
လက်ရှိမှာအဂ်လိပ်ဆေးသာမကမြန်မာဆေးတွေပါဈေးနှုန်းမြင့်တက်လာတာဖြစ်ပြီးဆေးအမျိုးအစားပေါ်မူတည်ပြီးကျပ်ရာဂဏန်းကနေသောင်းဂဏန်းအထိကွာဟနေတာပဲဖြစ်ပါတယ်။
"မြင်သာအောင်ပြောမယ်ဆိုဘယ်တော့မှဈေးမတက်တဲ့မြန်မာဆေးတောင်တစ်ဗူးကိုသုံးလေးရာထိတက်တယ်။အဂ်လိပ်ဆေးကတော့တက်တာကြာပြီ။အခုကဈေးတက်တာရော ပစ္စည်းပြတ်တာရောဖြစ်လာတာ။အခုဆိုအရင်ကအရောင်းအဝယ်မရှိသလောက်ဖြစ်နေတဲ့တံဆိပ်တွေကိုထုတ်ရောင်းရတယ်။ထုတ်တဲ့နိုင်ငံကွာတယ်။ဈေးကွာတယ်။အာနိသင်တူတာတော့ပြောပြရတာပေါ့။အခုဆိုပုံမှန်ဆေးစွဲသောက်ရတဲ့နာတာရှည်သမားတွေပိုဒုက္ခရောက်တယ်။ဈေးကလည်းနှစ်ဆလောက်ဖြစ်သွားတယ်။အရင်ကသောက်နေကြတံဆိပ်တွေလည်းမရဘူး။အာနိသင်တူတာလေးတွေကိုယ်ကပေးရတယ်"လို့ဆေးရောင်းချသူတစ်ဦးကပြောပါတယ်။
ဆေးဝါးဈေးနှုန်းတွေမြင့်တက်လာတာကြောင့်ဝယ်ယူနှုန်းလည်းကျဆင်းလာပြီးဆေးဆိုင်တစ်ချို့ရပ်နားကြတယ်လို့လည်းသိရပါတယ်။
"အရင်းကတက်လာတယ်။ဈေးနှုန်းကမငြိမ်ဘူး။ကိုယ်ကရောင်းလိုက်ပြီးပြန်ဝယ်ရင်အဲဒီဈေးမရဘူး။အသုံးများတဲ့ဆေးဆိုများများဝယ်ထားရတယ်။ရပ်ကွက်ထဲမှာတော့တစ်လုံးချင်းရောင်းရတာကျန်ပေမယ့်ပြန်ဝယ်ရတာနဲ့အရင်လိုအမြတ်ကကျန်မနေဘူး။ဆေးဆိုင်အလုပ်ရောငွေလွှဲငွေထုတ်ပါတွဲလုပ်ရတယ်"လို့ ရွှေပြည်သာမြို့နယ်က ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဆေးဝါးတွေရဲ့ (၇၀)ရာခိုင်နှုန်းကို နိုင်ငံခြားက တင်သွင်းနေရတာဖြစ်ပြီးဒေါ်လာ ဈေးမြင့်တက်လာတာကြောင့်လည်း ဈေးနှုန်းတွေ တက်လာတယ်လို့ဆိုပါတယ်။
"အမြဲတမ်း(၅၀၀)နဲ့ ဝယ်ရတဲ့ ရတနာထွန်းသွားတိုက်ဆေးမှုန့်က (၇၅၀)ပေးရတယ်။ အဂ်လိပ်ဆေး လေဆေးတွေဆိုလည်း (၁၈၀၀)လောက်ဖြစ်သွားပြီ။ အမေနေမကောင်းလို့ အားဆေးဝယ်တာတစ်ကတ်ကို(၃၇၀၀)ပေးရတယ်။ ဒီကိုဂျင်အချွန်က (၂၅၀၀)ထိပေးရတယ်။ ဆေးကျမဖြစ်မနေလိုတာဆိုတော့ဝယ်ရပေမယ့်အဆင်မပြေဘူး။ ဒီထက်ထပ်ဆိုးလာရင်တော့ ပိုဒုက္ခရောက်ကြမယ်"လို့အိမ်ရှင်မတစ်ဦးပြောပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာအခြေခံစားသောက်ကုန်တွေဟာ ဈေးနှုန်းတွေမြင့်တက်လာသလိုဆေးဝါးနဲ့တစ်ကိုယ်ရည်သုံးပစ္စည်းတစ်ချို့ဟာလည်း ပစ္စည်းပြတ်လပ်တာတွေပါရှိလာပါတယ်။
NEWS
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ

1.2K Views
Related posts

စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026

အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026

စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026

စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026

ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026

နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026

လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026

စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
