NEWS

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အထောက်အထားမဲ့ မြန်မာလုပ်သား၈ဦး နှင့် အလုပ်ရှင် အဖမ်းခံရ

CoverLogo
175 Views
 
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊မယ်စရိန်ခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု မှာ အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၈ဦး နဲ့ အလုပ်ရှင်တို့ကို ထိုင်းအာဏာ ပိုင်တွေ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
 
ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာ ၎င်း ဆောက်လုပ်ရေးခွင်မှာ အထောက်အထားမဲ့ လုပ်သား တွေ ရှိနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ထံ သတင်းပေးပို့တာကြောင့် လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလို စစ်ဆေးရာမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၈ဦး ကို တွေ့ရှိရပြီး ၎င်း တို့ တွင် တရားဝင် နေထိုင် အလုပ်လုပ်ခွင့် အထောက်အထား မရှိကျဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ခိုင်းစေမှုဖြင့် မြန်မာ အလုပ်သမား ၈ ဦးနဲ့အတူ သူတို့ကို အလုပ်ပေးထားတဲ့ ထိုင်းအလုပ်ရှင်ကိုပါ တစ်ပါတည်း ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေကို တရားမဝင် နေထိုင်မှု၊ အလုပ်လုပ်မှုတွေနဲ့ အမှုဖွင့်ထားပြီး ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကျခံရနိုင်သလို နေရပ်ကိုလည်း ပြန်ပို့ခံရမယ်လို့ ဆိုပါတယ်။
 
ထိုင်းအလုပ်ရှင် ကိုလည်း အလုပ်သမားတစ်ဦးချင်းစီအတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ထပ်မံကျူးလွန်ရင်တော့ ထောင်ဒဏ်အပြင် အလုပ်သမားခေါ်ယူခွင့် ၃ နှစ် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်းအာဏာပိုင်တွေအနေနဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တရားမဝင် လုပ်သားတွေ စနစ်တကျဖြစ်စေဖို့ အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူဝါဒအရ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
 
Ref-Khaosod English

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026