NEWS

ဆောက်လုပ်ရေးလုပ်ငန်းကျဆင်းမှုကြောင့် အလုပ်သမားငါးဆယ်ရာခိုင်နှုန်းအလုပ်လက်မဲ့ဖြစ်လာ

CoverLogo
1.6K Views

စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲဖြစ်ပွားလာတဲ့ စီးပွားရေးကျဆင်းလာမှုတွေကြောင့်  မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့  ငါးဆယ်ရာခိုင်နှုန်းဟာ  အလုပ်လက်မဲ့တွေဖြစ်လာတယ်လို့ အလုပ်သမားအရေး စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

"ကျွန်တော်တို့တိုင်းပြည်မှာ  ဆောက်လုပ်ရေးအလုပ်သမားက အလုပ်သမားတစ်သန်းခွဲလောက်ရှိတယ်။  ခုဟာက အလုပ်လက်မဲ့ကရှစ်သိန်းလောက်ဖြစ်လာတယ်လို့  လုပ်ငန်းရှင်အသင်းကနေ ကျွန်တော်တို့ကြားသိရတယ်။ အရင်ကတည်းကို ဆောက်လုပ်ရေးအလုပ်သမားက အမြဲတမ်းအလုပ်မရှိဘူး။  အလုပ်ရတဲ့အခါလည်းရတယ်. မရတဲ့အခါလည်းမရဘူး။ ရလိုက်မရလိုက်ဆိုတော့ အရင်ကတည်းကအဆင်မပြေဘူ။ ခုကျတော့ရပ်သွားတော့ ပိုဆိုးလာတာပြသနာအကြီးကြီးဖြစ်တာပေါ့။ အကြီးကြီးဆိုတာက ကြုံရာကျပန်းလုပ်ရတယ်။ ကိုယ့်အရည်အချင်းနဲ့မကိုက်တာတွေလုပ်ရတယ်။ လုပ်ခပေးသလောက်ပဲရတယ်။ ဘယ်လိုလုပ်ငန်းခွင်ဖြစ်ဖြစ် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုတွေဖြစ်ရင်လည်း ခံရတာပေါ့၊ နဂိုကတည်းကိုက ဥပဒေစည်းမျဉ်းစည်းကမ်းတွေရဲ့  အကာအကွယ်ပေးမှုအောက်မှာ ဆောက်လုပ်ရေးအလုပ်သမားကရှိမနေဘူး။  ခုကတော့ပိုဆိုးလာတာပေါ့လို့"  အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးရဲနိုင်ဝင်းကဆိုပါတယ်။

ဆောက်လုပ်ရေးအလုပ်သမား တွေဟာ  ခေတ်အဆက်ဆက်အပယ်ခံတွေဖြစ်နေရကာ တရားဝင်အလုပ်ခန့်ထားတာတွေမရှိတော့ဘဲ ပုတ်ပြတ်ပေးတာ၊ ကွက်စားပေးတာလောက်ပဲရှိနေပြီး  လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုတွေဖြစ်ရင်လည်း အာမခံချက်မရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးအလုပ်သမားတစ်သန်းခွဲလောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းကျဆင်းလာမှုကြောင့် အလုပ်သမားရှစ်သိန်း ရာခိုင်နှုန်းအားဖြင့်  ငါးဆယ်ရာခိုင်နှုန်းလောက်အလုပ်လက်မဲ့ဖြစ်တာကြောင့်  ဆောက်လုပ်ရေးလုပ်ငန်းကလည်း ထက်ဝက်လောက်ကျဆင်းလာတယ်လို့  ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှသိရတယ်လို့ဆိုပါတယ်။

ကုမ္ပဏီကြီးတွေကလည်း ဒေါ်လာဈေးအကြပ်တည်းကြောင့် ဝယ်လိုအားမရှိတာ စီမံကိန်းလုပ်ငန်းတွေရပ်ဆိုင်းသွားတာ တစ်နိူင်တစ်ပိုင်တည်ဆောက်မဲ့သူခက်ခဲသွားတာတွေကြောင့်  ဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီးထိခိုက်လာကာ  အလုပ်သမားတွေက အများကြီးအလုပ်လက်မဲ့ဖြစ်သွားရတာလို့ သိရပါတယ်။

'' ဆောက်လုပ်ရေးအလုပ်တွေက ခုနောက်ပိုင်းပိုပိုခက်လာတယ်။ ကျွန်တော်တို့ဆိုလည်း နားနေရတာကများတယ်။ ရလို့လုပ်လည်း မကိုက်တော့ဘူး။  ကုန်ဈေးနှူန်းတွေတက် အိမ်ဆောက်ပစ္စည်းတွေကတက်ဆိုတော့ တော်ရုံဆောက်ချင်တဲ့သူတွေကလည်း မနည်းရုန်းကန်ပြီး ဆောက်ကြရတာဆိုတော့ ပုတ်ပြတ်ဈေးလည်းမနည်းညှိယူနေရတာ။ သိပ်မကိုက်တော့ အရနည်းတယ်။ အလုပ်ပုံမှန်မရတေ့ အလုပ်သမားတွေလည်း မိသားစုတွေစားဝတ်နေရေအကြပ်တည်းဖြစ်တော့  သားသမီးတွေ ကြုံရာကကျပန်းလုပ်ရတာ ဇနီးမယားဈေးရောင်းရတာတို့အများကြီး။ ခုကကူရာကယ်ရာမဲ့တဲ့အခြအနေပဲ။   ဆောက်လုပ်ရေးကအဆိုးဆုံးကို ရင်ဆိုင်ရတာပေါ့" လို့  အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာလုပ်တဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေက  အုတ်သဲကျောက် ဘိလပ်မြေတို့ကလွဲရင် နိုင်ငံခြားကနေသွင်းရတာဖြစ်တာကြောင့် ဈေးတွေတက်ကာ မြန်မာငွေတန်ဖိုးကျလာခြင်းကြောင့် ဆောက်လုပ်ရေးပစ္စည်းတွေဈေးတက်လာတာပါ။

လတ်တလောကာလမှာ တိုင်းပြည်ရဲ့နိုင်ငံရေးနောက်ဆက်တွဲပြသနာတွေကြောင့်  လုပ်ငန်းတွေပျက်ပြီး စီးပွားရေးလုပ်ငန်းတွေကျလာတဲ့အထဲမှာ  ဆောက်လုပ်ရေးလုပ်ငန်းကျဆင်းလာမှုက သိသိသာသာဖြစ်လာတာကြောင့်  အလုပ်လက်မဲ့တွေပိုများလာရတာလို့လည်းဆိုပါတယ်။ အခြားလုပ်ငန်းတွေအလုပ်လက်မဲ့ပြသနာတွေကို  ဘက်ပေါင်းစုံကနေ မီးနေမာင်းထိုးပြနေပေမဲ့ ဆောက်လုပ်ရေးအလုပ်သမားများရဲ့ အလုပ်လက်မဲ့ဖြစ်ပေါ်လာခြင်းမြင့်တက်လာမှုအပေါ် စိတ်ဝင်စားမှုနည်းပါးနေတယ်လို့လည်းဆိုပါတယ်။

 

 


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026